Tuesday, 29 April 2014

ရုရှားအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့

Photo: ရုရှားအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့
Tuesday, April 29, 2014

ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမေရိကန် အစိုးရက ပြဌာန်းလိုက် ပါတယ်။

ယူကရိန်း ပဋိပက္ခ ပြေလည်သွားစေရေး နိုင်ငံတကာ သဘောတူချက်တခုကို ရုရှားအစိုးရ ဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် လို့ အမေရိကန် က စွပ်စွဲလိုက်ပါတယ်။

အဲဒီ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ ပုဂ္ဂိုလ် ၇ဦးနဲ့ ရုရှား ကုမ္ပဏီ ၁၇ခုတို့ကို အဓိက ပစ်မှတ်ထား ပြဌာန်းလိုက်တာပါ။

အဲဒီလူတွေထဲမှာ ရုရှားနိုင်ငံရဲ့ အဓိက ရေနံ ကုမ္ပဏီကြီး ဖြစ်တဲ့ Rosneft ကုမ္ပဏီကြီးရဲ့ အကြီးအကဲ အီဂိုရ် ဆီယေချင် လည်း ပါဝင်ပါတယ်။

ဒါ့အပြင်ရုရှားနိုင်ငံရဲ့ စစ်ရေး ဆိုင်ရာ စွမ်းအားတွေ ပိုကောင်းအောင် လုပ်ပေးနိုင်ဘွယ် ရှိတဲ့ အဆင့်မြင့်နည်းပညာရပ်တွေ တင်ပို့မှု တချို့ကိုလည်း ဒဏ်ခတ် ပိတ်ဆို့ထားဖို့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို အမေရိကန် အစိုးရက ပြဌာန်းလိုက် ပါတယ်။

ဝန်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော

Photo: ၀န်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော
Tuesday, April 29, 2014

ပြည်ထောင်စု အစိုးရအ ဖွဲ့အတွင်းရှိ ၀န်ကြီး ဌာနများ အချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာနများ ပေါင်းစပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။

ယခုလ ၂၈ ရက်တွင် ရန် ကုန်မြို့၌ ပြုလုပ်သော နည်း ပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာ ကဏ္ဍတိုးမြှင့် အကောင်အထည် ဖော်ရေး အဖွဲ့အထူး အစည်းအဝေးတွင် ဌာနဆိုင်ရာအချို့မှ လူစားထိုး တက်ရောက်လာမှု အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တကယ်ဆိုဒါက သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနက လုပ်ရ မှာ။ ဒါပေမဲ့ သူတို့အနေနဲ့ ဖိတ် ရင် တခြားဌာနတွေက မလာမှာ စိုးလို့ အထောက်အကူအဖြစ်နဲ့ ကျွန်တော်ဝင်ထိုင်ပေးနေရတာ’’ ဟု ဦးတင်နိုင်သိန်းကဆိုသည်။

ဝန်ကြီး ဌာနများအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်မှု အပိုင်းအား နည်းနေကြောင်း ကြားသိတွေ့ရှိ နေရပြီး ယင်းမှာ လုံးဝမဖြစ်သင့်ကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားနေသည့် ဦးစည်သူအောင်မြင့်က ပြောသည်။

ဥပဒေစည်းမျဉ်းများအရ ဦး စီးအရာရှိအဆင့်မှသည် ၀န်ကြီး အဆင့်အထိ ဥပဒေမှ အခွင့်အ ရေးတန်းတူပေးထားပြီး ၀န်ကြီး ဖြစ်သဖြင့် အခွင့်အရေးပိုမိုရယူ လို၍ မရကြောင်း ဦးတင်နိုင်သိန်းက ပြောသည်။

‘‘ကျွန်တော် ပြောတာက Rule of Law အရဆိုရင် ဦးစီးအရာရှိလည်း ဒီလောက်ပဲ။ ၀န်ကြီးလည်း ဒီလောက်ပဲ။ အတူတူပဲ။ ၀န်ကြီးကျမှ တမူးပိုရှူချင်လို့မရ ဘူး။ ကျွန်တော်တို့က သိပ်ပြီး တော့မှ ဟိတ်ဟန်နဲ့ ကိန်းခန်းနဲ့ လုပ်နေရင် အလုပ်မဖြစ်ဘူး’’ ဟု ၎င်းကဆိုသည်။

‘‘ဒီလိုဖြစ်တယ်ဆိုတာ ကျွန် တော်မြင်တာကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ မသဲမကွဲရော ထွေးနေတာကြောင့်လို့ မြင်ပါ တယ်။ ၀န်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုတွေ အား နည်းရင်အဓိက တာဝန်ရှိတာက တော့ အစိုးရအဖွဲ့အကြီးအကဲ ဖြစ်တဲ့ သမ္မတမှာတော့ တာဝန်ရှိ ပါတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းကပြောသည်။

Author: မင်းဟိန်းကျော်

7Day Daily

ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)

ပြည်ထောင်စု အစိုးရအဖွဲ့အတွင်းရှိ ၀န်ကြီးဌာနများအချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာန များ ပေါင်း စပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင် စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။

ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်

ပြည်တွင်းခရီးသွားလုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်း က ပြောကြားသည်။

ကချင်ပြည်နယ်တွင် လေးလအတွင်း တရားမ၀င်တရုတ်နိုင်ငံသား ၉၃ ဦးဖမ်းဆီး

Photo: ကချင်ပြည်နယ်တွင် လေးလအတွင်း တရားမ၀င်တရုတ်နိုင်ငံသား ၉၃ ဦးဖမ်းဆီး
Tuesday, April 29, 2014

ကချင်ပြည်နယ်တွင် ၂၀၁၄ နှစ်ဆန်းမှ ယခုအချိန်ထိ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၉၃ ဦးကို ဖမ်း ဆီးအရေးယူ ခဲ့ကြောင်း ကချင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘အများစုက လ၀က အက် နှင့် ဖမ်းအရေး ယူတာ များတယ်။ တချို့က သစ်လုပ်ငန်းနဲ့ ရွှေကိစ္စလည်းပါတယ်’’ဟု ကချင်ပြည်နယ် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇန်န၀ါရီလမှ ဧပြီအထိ တရုတ်နိုင်ငံသား ၉၃ ဦးကို ကချင် ပြည်နယ်တွင်းရှိ ၀ိုင်းမော်၊ ဆဒုံ၊ ချီဗွေ၊ လွယ်ဂျယ်နှင့် တနိုင်းမြို့ နယ်များတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည်။

ဖမ်းဆီးရမိသည့် တရုတ် နိုင်ငံသားများသည် တရားမ၀င် ၀င်ရာက်လာပြီး ရွှေ၊ သစ်မှောင်ခို လုပ်ငန်းများ လုပ်ကိုင်မှုများပြား ကြောင်းလည်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်က လည်း ချီဗွေမြို့နယ်ခွဲတွင် တရုတ် နိုင်ငံသား ၁၉ ဦးကို တပ်က ဖမ်း ဆီးထားပြီး ထိုတရုတ်နိုင်ငံသား များအားယခုအချိန်အထိ အမှုမ ဖွင့်ရသေးကြောင်း လ၀က တာ ၀န်ရှိသူမှဆိုသည်။

မတ်လအတွင်းက မေခမြစ် တစ်လျှောက်ရွှေကျင်နေချိန် ဖမ်း မိသည့် တရုတ်နိုင်ငံသား ၄၁ ဦး ကို လည်း ယခုအချိန်ထိ အမှုစစ် ဆေးနေဆဲဖြစ်ကြောင်းလည်း ဆို သည်။

တရုတ်နိုင်ငံသားများအများဆုံးဖမ်းဆီးရမိသည်မှာ စစ် တပ်မှ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Author: မရန်

7Day Daily
ကချင်ပြည်နယ်တွင် ၂၀၁၄ နှစ်ဆန်းမှ ယခုအချိန်ထိ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၉၃ ဦးကို ဖမ်း ဆီးအရေးယူ ခဲ့ကြောင်း ကချင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သ တင်းရရှိသည်။

ပင်လယ်ကမ်းခြေသို့ အပန်းဖြေ လာရောက်သူများ အနေဖြင့် ပိုမိုစည်းကမ်း လိုက်နာမှသာ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်း နိုင်မည်

Photo: ပင်လယ်ကမ်းခြေသို့ အပန်းဖြေ လာရောက်သူများ အနေဖြင့် ပိုမိုစည်းကမ်း လိုက်နာမှသာ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်း နိုင်မည်
Tuesday, April 29, 2014

ပင်လယ်ကမ်းခြေသို့ အပန်းဖြေ ခရီး သွားရောက်ကြသော ခရီးသွား ပြည်သူများ အနေဖြင့် ယခုထက်ပို၍ စည်းကမ်း လိုက်နာမှသာ 

ပင်လယ်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာသူ ပညာရှင် များက ပြောသည်။

ချောင်းသာ၊ ငွေဆောင်အစ ရှိသော ပင်လယ်ကမ်းခြေ ဒေသများတွင် ပင်လယ် ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များမှာ ပျက်စီးနေပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သော သုံးနှစ်ခန့်ထက်ပင် များစွာ ပျက်စီးနေကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင် တစ်ဦးက ပြောသည်။

ယခုအခါတွင် ပြည်တွင်းသို့ နိုင်ငံခြား ခရီးသွား များစွာ ဝင်ရောက်လာခြင်းနှင့် အတူ ပြည်တွင်း အပန်းဖြေနေရာ အတော်များများသို့လည်း နိုင်ငံခြား ခရီးသွားများ သွားရောက် လည်ပတ်သည့်နှုန်းမှာ ပိုမို မြင့်တက်လျက် ရှိကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ငွေဆောင်၊ ချောင်းသာ အစရှိသော ပင်လယ်ကမ်းခြေ ဒေသများတွင် ရေအောက် သယံဇာတ တချို့မှာလည်း ပျက်စီး ဆုံးရှုံးမှုများ ရှိနေပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများပင် ရှိနေသည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

ပင်လယ်ကမ်းခြေတွင် ဈေးရောင်းချ သူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များကြောင့် ကမ်းခြေဂေဟစနစ် ပျက်စီးမှုများ ရှိနေသည်ဟု သိရသည်။

မြ၀တီ
ပင်လယ်ကမ်းခြေသို့ အပန်းဖြေ ခရီး သွားရောက်ကြသော ခရီးသွား ပြည်သူများ အနေဖြင့် ယခုထက်ပို၍ စည်းကမ်း လိုက်နာမှသာ ပင်လယ်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင် မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာသူ ပညာရှင် များက ပြော သည်။

တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု ပါဆာကျေးရွာ အနီးတွင် ၈၁ မမ ဗုံးသီးများ သိမ်းဆည်း ရမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု ပါဆာကျေးရွာရှိ လွန်းလိန် ဘုန်း ကြီးကျောင်း၏ အနောက်မြောက်ဘက် ဟွေဖလန်းချောင်းအနီး မူးယစ်တရားခံပြေး စိုင်းနော်ခမ်း (သေဆုံး) က မသေဆုံးမီ ဗုံးသီးများ မြှုပ်နှံထားကြောင်း သတင်း ရရှိသဖြင့် ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် တပ်မတော် သားများက သွားရောက်ရှင်းလင်းခဲ့ရာ မြေကြီးအနက် ၁ ပေခန့်၌ အနက်ရောင် ပလတ်စတစ်ပုံး တစ်လုံး အား တွေ့ရှိရပြီး ၎င်းပလတ်စတစ်ပုံး အတွင်းမှ ၈၁ မမ ဗုံးသီးအလုံး ၂ဝ အား သိမ်းဆည်းရမိခဲ့သည်။

သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်

Photo: သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်
Tuesday, April 29, 2014

အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေးရာ ရောက်ပါတယ်။

ကလေးထိန်းသူရဲ့ အထိအတွေ့နဲ့ ဆက်တိုက်စကားပြောဆိုမှုထဲကနေ စကားလုံးတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်လို့ Purdue တက္ကသိုလ်ရဲ့ သုတေသနသစ်က သက်သေပြလိုက်ပါတယ်။

“ကလေးငယ်တွေဟာ သူတို့ကြားလိုက်တာနဲ့ သူတို့ ဆက်စပ်မှုရှိတယ်ဆိုရင် ထိတွေ့မှုတွေ ပြုလုပ်တတ်တယ်ဆိုတာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့ကြောင့်လဲ သူ့တို့ရဲ့ စကားသင်ယူမှုကို အထိအတွေ့တွေက သက်ရောက်မှုရှိစေတာပါ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ စကားအတတ်ပညာ၊ အကြား နဲ့ ဘာသာစကား တွဲဖက်ပါမောက္ခ Amada Seidl က ပြောခဲ့ပါတယ်။

Ref:dailymail.co.uk
Trent Myanmar
အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေး ရာ ရောက်ပါတယ်။

'ဦးတည်ချက်မဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှု နည်းနေ' ဟု စီးပွားရေးဆိုင်ရာ သမ္မတအကြံပေး ဦးမြင့် သတိပေး

Photo: 'ဦးတည်ချက်မဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှု နည်းနေ' ဟု စီးပွားရေးဆိုင်ရာ သမ္မတအကြံပေး ဦးမြင့် သတိပေး
Tuesday, April 29, 2014

'အစိုးရ၏ စီးပွားရေးအကောင်အထည် ဖော်ဆောင်မှု အရှိန်အဟုန် မြန်ဆန်လွန်းကာ တိကျသော ဦးတည် ချက် မရှိသဖြင့် အကျိုးသက်ရာက်မူ နည်းပါးလျက်ရှိနေသည်' 

ဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်က ယင်း၏အမြင်ကို မီဒီယာများအားထုတ်ဖော် ပြောကြားလိုက်သည်။

အစိုးရသစ် တာဝန်ယူဆောင်ရွက်ပြီးနောက် ပုဂ္ဂလိကဏ္ဍများပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေး ပြုပြင်ပြောင်းလဲများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန် တကယ် ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အပေါ် ရည်ညွှန်းကာ မတ်လ ၁၉ရက် က ရန်ကုန်မြို့ရှိ နိုင်ငံတော် သမ္မတ အကြံပေးရုံးတွင် မီဒီယာများနှင့်တွေ့ဆုံကာ ပြောခဲ့ခြင်း ဖြစ်သည်။

သမ္မတအကြံပေး ဒေါက်တာဦးမြင့် က “အစိုးရရဲ့ စီးပွားပြုပြင်မှုပုံစံက အရမ်းကိုမြန်လွန်းနေတယ်။ နှစ် ၅၀ လောက်နီးပါး အဆင်မပြေခဲ့တဲ့ မြန်မာ့စီးပွားရေး အခြေအနေက အချိန်တိုအတွင်းပြန်ပြီး ပြုပြင်လုပ်ဖို့ ဆို တာဖြစ်မှ မဖြစ်နိုင်တာ။ ပြီးတော့ အကောင်အထည်ဖော်တဲ့ပုံစံတွေ ကလဲ Focus ( အဓိက ဦးတည်ချက်) သိပ်မရှိပဲ ရှိသမျှအားလုံးကို လိုက်လုပ်နေတော့ အဲဒါကပြဿနာ ဖြစ်နေတယ်” ဟု ထောက်ပြ ပြောသည်။

အစိုးရသစ်တက်လာပြီးနောက် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့ပေးခြင်း၊ ဗဟိုဘဏ်အား သီးခြားလွတ် လပ်သည့် အဖွဲ့အစည်းအဖြစ် ပေးခြင်းများ ရှိခဲ့သော်လည်း စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည့် အနေ အထား တစ်ရပ်အဖြစ် လက်တွေ့ခံစားနိုင်သည့် အခြေအနေများ ဖြစ်မလာသေးကြောင်း လုပ်ငန်းရှင်များ ကမကြာခဏ ပြောဆိုနေကြခြင်းဖြစ်ပြီး အစိုးရ၏စီးပွားရေး အကောင်အထည် ဖော်ဆောင်မှုများသည် အားနည်းချက် များစွာရှိနေသည်ဟု နိုင်ငံတော် သမ္မတကိုယ်တိုင်က ပြောဆိုထားသည်။.

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော်က ရွေးချယ်အကောင်
အထည်ဖော် ချမှတ်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးပုံစံချမှု
ဖြစ်စဉ်များကိုကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင်မှုနှင့် နိုင်ငံဖွံ့ဖြိုး တိုး တက်မှုကို ဖော်ဆောင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပဲခဲ့သည့် နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်း များတွေ့ဆုံပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များအား ၀န်ခံပြောကြားထားသည်။

သို့ဖြစ်ရာ မြန်မာ့စီးပွားရေး တိုးတက်လာရေးအတွက် အစိုးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အတူတကွပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဟု ဆက်လက် တိုက်တွန်းပြောခဲ့သည်။.

လက်ရှိတွင် အစိုးရလုပ်ငန်းတချို့အား ပုဂ္ဂလိကဏ္ဍသို့ လွဲပေးခြင်း၊ နိုင်ငံရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်းများနှင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု Public Private Partnership (PPP) ဆောင်ရွက်ချက်များ ရှိနေသော်လည်း ပုဂ္ဂလိကနှင့် အစိုးရအကြား စီးပွားရေးလုပ်ကိုင်မှု ပိုမိုအဆင်ပြေရန်မှာ ပုဂ္ဂလိကပိုင်ပြု လုပ်ခြင်း ဥပဒေ (Privatization Law) တစ်ရပ် လိုအပ်နေသေးခြင်းဖြစ်သည်ဟု သမ္မတ အကြံပေးဦးမြင့် က ဆက်လက် ပြောသည်။

ဦးမြင့်က “ပုဂ္ဂလိကလုပ်တယ်ဆိုပေမယ့် တချို့စီးပွားရေးလုပ်ငန်းတွေကို အစိုးရကပဲ လုပ်ကိုင်ရတာမျိုး တွေရှိတယ်။ ပေးတဲ့ နေရာမှာလဲ၊ ဘယ်လိုလူမျိုးတွေကို ဘယ်လိုပေးမလဲဆိုတာမျိုးတွေက သေသေချာ ချာ ရှိဖို့လိုတယ်။ ဥပမာ အစိုးရနဲ့နီးစပ်တဲ့ လူတစ်စုသာရသွားရင် ပြည်သူတွေ နစ်နာသွားတာမျိုး ရှိတဲ့ အတွက် အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် Privatization Law ဆိုတာလဲ အရေးတကြီး လိုအပ်နေ သေးတယ်။ အခုအဲဒါမှမရှိသေးပဲ လုပ်နေတာတွေက မြန်လွန်းနေတယ်” ဟုပြောသည်။

ယခု ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌနေရာအား တာဝန်ယူဆောင်ရွက်ခြင်းနှင့် ၂၀၁၅ ခုနှစ်တွင် ရောက်ရှိလာမည့် ရွေးကောက်ပွဲ ဆောင်ရွက်အပေါ် အစိုးရအနေဖြင့် အာရုံစူးစိုက်မှုများနေခြင်း ဖြစ်ရာ စီးပွားရေး အကောင်အထည်ဖော်ဆောင်မှုများ အရှိန်အဟုန် လျော့ကျမသွားစေရန် အစိုးရအနေဖြင့် ထိန်းညှိ လုပ်ကိုင်သွားရန် လိုအပ်မည်ဖြစ်သည်ဟု ဆက်လက်သတိပေးပြောသည်။

လက်ရှိတွင် နိုင်ငံ၏အဓိကပို့ကုန်ကဏ္ဍ စီးပွားရေးလုပ်ငန်းများဖြစ်သော ဆန်စပါး ကဏ္ဍ၊ ပဲနှမ်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှာ စီးပွားရေးလုပ်ကိုင်ရန် အခက်အခဲများ ရှိနေသည့်အပြင် အစိုးရ အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော်လည်း ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း ၊

ကျောက်ဖြူအထူး စီးပွားဇုန်စီမံကိန်း၊ ဟံသာဝတီလေဆိပ် စီမံကိန်းများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး စီမံချက်များမှာ အကောင်အထည်ပေါ်လာမှု အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အာဆီယံဥက္ကဋ္ဌနေရာနှင့် ရွေးကောက်ပွဲများအပေါ် အာရုံရောက်နေခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ တိုးတက်မှု နှောက်နှေးမှုမရှိစေရန် လိုအပ်မည်ဟု ဆိုသည်။

မဇ္ဈိမနေ့စဉ်ထုတ်သတင်းစာ (မတ်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်)

Posted From Mdy Boy
'အစိုးရ၏ စီးပွားရေးအကောင်အထည် ဖော်ဆောင်မှု အရှိန်အဟုန် မြန်ဆန်လွန်းကာ တိကျသော ဦးတည် ချက် မရှိသဖြင့် အကျိုးသက်ရာက်မူ နည်းပါးလျက်ရှိနေသည်' ဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်က ယင်း၏အမြင်ကို မီဒီယာများအားထုတ်ဖော် ပြောကြားလိုက်သည်။

ရေအောက် ရှာဖွေရေး တိုးမြှင့် လုပ်ဆောင်မယ်

စက်ရုပ် ရေငုပ် ရှာဖွေရေးယာဉ်ကို ရေချဖို့ ပြင်ဆင်စဉ်
ပြီးခဲ့တဲ့ ၅၂ ရက်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရေး ဆောင်ရွက်နေ မှုတွေ ဟာ နောက်ထပ် အခြအနေသစ် တစ်ခုကို ရောက်ရှိနေပြီလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ က ပြော ပါတယ်။

သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော ပုဒ်မများ ပြင်ဆင်ရန် ရခိုင်အမျိုးသား ညီလာခံတွင် ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်မည်ကို ကန့်သတ်ထားသော ပုဒ်မများကို ပြင်ဆင်ရန် လို အပ်ကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပလျက်ရှိသည့် ရခိုင်အမျိုးသား ညီလာခံတွင် ဒုတိယမြော က်နေ့ ဧပြီလ ၂၈ ရက်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှု စဥ့်ကိုင်မြို့မှာ ငါးဦးတရားစွဲခံရ

မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့ရာမှာ ခွင့်ပြုတဲ့ လမ်းကြောင်းအတိုင်း မလိုက်နာဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ခွင့်ပြုချက်နဲ့ မညီဘဲ ဆန္ဒပြမှုပုဒ်မ ၁၉ နဲ့ စဥ့်ကိုင်မြို့နယ် ရဲစခန်းမှူးက ဒီနေ့ တရားစွဲလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း

Photo: တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း
Tuesday, April 29, 2014

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေး အတွက် အစိုးရနဲ့ ဆွေးနွေး ဖို့ကို တိုင်းရင်းသားတွေ ဘက်ကနေ ရက် အကန့် အသတ် မရှိ ရွေ့ဆိုင်း လိုက်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေး နေကြရာမှာ တိုင်းရင်းသားတွေ ဘက်က လိုလားတဲ့ ဖက်ဒရယ် ဆိုတဲ့ အသုံး အနှုန်း၊ ဖက်ဒရယ် တပ်မတော် ဆိုတာ တွေကို အစိုးရ ဘက်က မလိုက်လျော နိုင်တဲ့ အတွက် ဆွေးနွေးမှု တွေကို တိုင်းရင်းသားတွေ ဘက်က ရက် အကန့် အသတ် မရှိ ရပ်ဆိုင်းထား လိုက်တာ ဖြစ်ပါတယ်။

အဲန်စီစီတီ တိုင်းရင်းသားများ ငြိမ်းချမ်းရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ ဆုံးဖြတ် လိုက်တာ ဖြစ်ပြီး၊ အစိုးရ စစ်တပ်ရဲ့ လုပ်ဆောင်ချက် တွေဟာ ယုံကြည်မှုကို ပျက်ပြား စေတာ ကြောင့်လို့ ဆိုပါတယ်။

အခုလ ဆန်းပိုင်းက စစ်တပ် ဦးဆောင်ပြီး ဆွေးနွေးတဲ့ အချက်တွေနဲ့ ကချင်ကို ထိုးစစ်ဆင်တဲ့ အချက်တွေပေါ် မူတည်ပြီး ဆွေးနွေးပွဲ ကိုရက် အကန့် အသတ် မရှိ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်လို့ အဲန်စီစီတီ အဖွဲ့ဝင် နိုင်ဟံသာက ပြောပါတယ်။

စစ်တပ် ဘက်က ရပ်တည်ချက်နဲ့ တောင်းဆို ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပွဲ ကို အဲန်စီစီတီ တာဝန်ရှိ သူတွေ ချင်းမိုင် မြို့မှာ ဧပြီလ ၂၈ ရက် နေ့မှာ ပြုလုပ်ခဲ့ ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အခုလ ဆန်းပိုင်းကတော့ စစ်တပ် ဦးဆောင်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြ
အခုလ ဆန်းပိုင်းကတော့ စစ်တပ် ဦးဆောင်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရေး အတွက် အစိုးရနဲ့ ဆွေးနွေး ဖို့ကို တိုင်းရင်း သားတွေ ဘက်ကနေ ရက် အကန့် အသတ် မရှိ ရွေ့ဆိုင်း လိုက်ပါတယ်။

အမေရိကန်အလယ်ပိုင်း မုန်တိုင်း ၁၆ ဦးသေ

Photo: အမေရိကန်အလယ်ပိုင်း မုန်တိုင်း ၁၆ ဦးသေ
Tuesday, April 29, 2014

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေကို ဖြတ်ပြီး တိုက်ခတ်နေတဲ့ အင်အားပြင်းမုန်တိုင်းဟာ tornado မုန်တိုင်းတွေအဖြစ် ဆင့်ကဲ ပြန့်ပွား သွားပြီး အနည်းဆုံး လူ (၁၆) ဦးလောက်သေဆုံးခဲ့ရပါတယ်။ ဒီ tornado မုန်တိုင်းတွေဟာ တနင်္လာနေ့အထိ တိုက်ခတ်နိုင်ပြီး အရှေ့ဘက်ခြမ်းကို ဆက်ပြီးဝင်ရောက်နိုင်တယ်လို့  မိုးလေဝသ ပညာရှင်တွေက ခန့်မှန်း ပြောဆို ထားပါတယ်။

Arkansas ပြည်နယ်မြို့တော် Little Rock ရဲ့ ဆင်ခြေဖုံး နေရာတွေဟာ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရပြီး အနည်းဆုံး လူ (၁၅) ဦးသေဆုံးခဲ့ပါတယ်လို့ သက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းတုန်းကလည်း  တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ Oklahoma ပြည်နယ်ကို tornado မုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် လူတစ်ဦးသေဆုံးခဲ့ပါတယ်။

ပြင်းထန်တဲ့လေတိုက်နှုန်းကြောင့် အိမ်တွေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့ရသလို သစ်ပင်တွေလည်း အမြစ်ကနေပြိုလဲခဲ့ပြီး ကားတွေပေါ်မှာ ပိကျခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကိုရောက်နေတဲ့ သမ္မတအိုဘားမားကလည်း မုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့သူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက် အစိုးရက ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

Tornadoes မုန်တိုင်းဟာ တနင်္လာနေ့မှာ Louisiana ၊ Alabama ၊ Mississippi နဲ့ Tennessee ပြည်နယ်တွေကို ဝင်ရောက်နိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

တနာရီ မိုင် ၈၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အာကင်ဆော ပြည်နယ်ရဲ့မြို့တော် Little Rock မြို့ ပျက်စီး ကျန်ရစ်ခဲ့တဲ့ မြင်ကွင်း
တနာရီ မိုင် ၈၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အာကင်ဆော ပြည်နယ်ရဲ့မြို့တော် Little Rock မြို့ ပျက်စီး ကျန်ရစ်ခဲ့တဲ့ မြင်ကွင်း

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေကို ဖြတ်ပြီး တိုက်ခတ်နေတဲ့ အင်အားပြင်း မုန်တိုင်းဟာ tornado မုန်တိုင်းတွေအဖြစ် ဆင့်ကဲ ပြန့်ပွား သွားပြီး အနည်းဆုံး လူ (၁၆) ဦးလောက်သေ ဆုံးခဲ့ရပါတယ်။ ဒီ tornado မုန်တိုင်းတွေဟာ တနင်္လာနေ့အထိ တိုက်ခတ်နိုင်ပြီး အရှေ့ဘက်ခြမ်းကို ဆက်ပြီးဝင်ရောက်နိုင်တယ်လို့  မိုးလေဝသ ပညာရှင်တွေက ခန့်မှန်း ပြောဆို ထားပါတယ်။

အမေရိကန်အထူးသံ Andrew O’Brien နဲ့အဖွဲ့ မြန်မာပြည်သွားမည်

Photo: အမေရိကန်အထူးသံ Andrew O’Brien နဲ့အဖွဲ့ မြန်မာပြည်သွားမည်
Tuesday, April 29, 2014

အမေရိကန် အဆင့်မြင့်သံတမန် Andrew O’Brien ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။

ကမ္ဘာတဝှမ်း မိတ်ဆွေဖက်အဖြစ် ဆက်ဆံရေး အတွက် အမေရိကန်ရဲ့ အထူး ကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ ဒီကနေ့ အင်္ဂါနေ့ကနေ သောကြာနေ့အထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွေကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေ၊ လူမှုအသိုင်းအဝိုင်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ ရင်းနှီးမြှုပ်နှံသူတွေ၊ ပရဟိတစေတနာရှင်တွေ၊ စီးပွားရေးအသိုင်းအဝိုင်းမှာ ဦးဆောင်နေသူတွေ၊ လူမှုရေးနယ်ပယ်က စွန့်ဦးတီထွင်သူတွေ ပါဝင်မှာဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ နိုင်ငံတကာ ဈေးကွက်နဲ့ချိတ်ဆက်နိုင်မယ့် အစီအစဉ်တွေ၊ လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်လာနိုင်တဲ့ အခြေအနေတွေကို လေ့လာမှာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း နိုင်ငံရေး၊ စီးပွားရေးအရ အပြောင်းအလဲတွေလုပ်လာတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက လူထုဆက်ဆံရေး ကိုယ်စားလှယ် Richard Stengel လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel တို့ဟာလည်း မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာပါ။

သမ္မတ ဘရက်ခ်အိုဘားမားဟာလည်း နိုဝင်ဘာလထဲမှာကျင်းပမယ့် ဒေသတွင်း ထိပ်သီး အစည်းအဝေးပွဲအတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်အဆင့်မြင့် သံတမန် Andrew O'Brien
အမေရိကန်အဆင့်မြင့် သံတမန် Andrew O'Brien

အမေရိကန် အဆင့်မြင့်သံတမန် Andrew O’Brien ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။

သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာလက်မှတ်များ မေလအတွင်း ထုတ်ပေးမည်ဖြစ်ကာ ရှယ်ယာဝယ်ယူခွင့် ရ၊ မရကို နိုင်ငံပိုင် သတင်းစာများတွင် ယနေ့ကြေညာမည်

သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာလက်မှတ်များကို မေလအတွင်း ထုတ်ပေးမည်ဖြစ်ကာ ရှယ်ယာ ၀ယ်ယူခွင့် ရ၊ မရကို ဧပြီ ၂၉ ရက် (ယနေ့) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာမည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက်မှ သိရသည်။

ယူနတီသတင်းဂျာနယ်၏ (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် ပေါက်မြို့မ ရဲစခန်း စခန်းမှူးအပါအ၀င် လိုပြသက်သေနှစ်ဦးအား စစ်ဆေး

Photo: ယူနတီသတင်းဂျာနယ်၏ (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် ပေါက်မြို့မ ရဲစခန်း စခန်းမှူးအပါအ၀င် လိုပြသက်သေနှစ်ဦးအား စစ်ဆေး
Tuesday, April 29, 2014

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီအမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ၏ ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လိုပြသက်သေအဖြစ် ပခုက္ကူ ခရိုင်တရားရုံးသို့ လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့သည့် ယူနတီဂျာနယ်ရုံး အဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ကိုလူမော်နိုင်ပေးပို့လိုက်သည့် သတင်းအချက်အလက်များကို ဂျာနယ်တွင် သတင်းအဖြစ်သာဖော်ပြခဲ့ပြီးအခြားမည်သည့်နိုင်ငံကိုမှ ပေးပို့ထားခြင်းမရှိကြောင်းနှင့်  ပေါက်မြို့မစခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေ ဦးဝါ၀င်းမောင်က က.ပ.စ (၂၄)စက်ရုံအား တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါသလားဟု မေးမြန်းရာ ၎င်းက နိုင်ငံတော်သမ္မတ အမိန့်ထုတ်ပြန်ထားသည်ကို ကြားဖူးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
    
ပေါက်မြို့မရဲစခန်းမှူး ငွေထွန်း၏ ထွက်ဆိုချက်မှာ မတ် ၁၇ ရက်က ပြုလုပ်ခဲ့သည့် စတုတ္ထရုံးချိန်းတွင် တရားလို ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးအား စွပ်စွဲခံရသူများ၏ ရှေ့နေများက တားမြစ်နယ်မြေနှင့် ပက်သက်သော ကြော်ငြာချက်များချိတ်ဆွဲရာတွင် ထိုအမိန့်ကြော်ငြာစာကို သက်ဆိုင်ရာစက်ရုံမှူးက ထုတ်ထားပါသလား သို့မဟုတ် ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးဦးက ထုတ်ထားပါသလားမေးရာ စက်ရုံးမှူးက ထုတ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုချက်နှင့် ကွဲလွဲနေသည်။
    
လိုပြသက်သေ ပေါက်မြို့မရဲစခန်းမှူး ငွေထွန်းမှလည်း ၃၀.၁.၂၀၁၄ တွင် က.ပ.စ ၂၄ စက်ရုံမှူး ဒုတိယဗိုလ်မှုးကြီး ကျော်ကျော်ဦးက ယူနတီတွင် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းဖော်ပြခြင်းသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်အား ပေါက်ကြားစေခြင်းဖြစ်သည့်အတွက် ဂျာနယ်တိုက် တာဝန်ရှိသူတို့အား အရေးယူပေးပါရန် တိုင်ကြားစာပေးပို့ခဲ့ကြောင်း၊ ထိုနေ့မှာပင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁) (က) ။၉ ဖြင့် အမှုဖွင့်ဆောင်ရွက်၍ တရားလိုအား စစ်ဆေးခဲ့ကြောင်း၊ ၁.၂.၂၀၁၄ ရက်နေ့တွင် ကိုလူမော်နိုင်အား စစ်ဆေးဖမ်းဆီးပြီး ပေါက်မြို့နယ်တရားရုံးတွင် ၁.၂.၂၀၁၄ ရက်မှ ၁၄.၂.၂၀၁၄ ရက်အထိ ချုပ်မိန့်တောင်းခံရယူခဲ့ပြီး သတင်းတပ်ဖွဲ့မှ ဒုရဲမှူး မောင်မောင်သန်းထံ အမှုကို လွှဲပြောင်းပေးခဲ့ကြောင်း ပခုက္ကူခရိုင်တရားရုံးသို့ ထွက်ဆိုခဲ့သည်။
    
စွပ်စွဲခံရသူများ၏ ရှေ့နေများက တိုင်ကြားစာပို့ရာတွင် မည်သည့်ဥပဒေဖြင့် အရေးယူပါဟု ပါသလားမေးရာ တိုင်စာကိုကြည့်ပြီး နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေပုဒ်မ ၃၊ ၁ (က) ခေါင်းစီးတွင် သူလျှိုများအတွက် အပြစ်ပေးခြင်းဟု အင်္ဂလိပ်စာဖြင့် ရေးသားထားသည်ကို တွေ့ရှိပါသလားဆိုလျှင် တွေ့ရှိကြောင်း၊ သတင်းရေးသားသူများမှာ သတင်းထောက်များဖြစ်သည်ကို သိပါသလားဆိုလျှင် အမှုဖွင့်စဉ်က မသိပါ၊ ရှာဖွေပစ္စည်းများ သိမ်းဆည်းရာတွင် တရားသူကြီးတစ်ဦးထံမှ ခွင့်ပြုမိန့်ရယူပြီးမှ ရှာဖွေဝရမ်းပါသလားဆိုလျှင် ရဲအရေးပိုင်အမှုဖြစ်သည့်အတွက် ပြစ်။ ကျင့် ပုဒ်မ ၁၀၃ အရ ရှာဖွေခြင်းဖြစ်ကြောင်း၊ အမှုဖွင့်သည့် အရာရှိဖြစ်သည့်အတွက် စက်ရုံသို့ရောက်ဖူးပါသလားမေးရာ မရောက်ဘူးကြောင်း၊  က.ပ.စ (၂၄) စက်ရုံ တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါသလားမေးရာ ကြားဖူးကြောင်း၊ မည်သည့်အချိန်တွင် ထုတ်ပြန်ထားသည်ကို ကြားဖူးခြင်းဖြစ်သည်ကို
မှတ်မိသလားမေးရာ မမှတ်မိကြောင်းနှင့် က.ပ.စ ၂၄ စက်ရုံမှ ပေါက်မြို့နယ်အတွင်းရှိသည်မှာ မှန်ကြောင်းတို့ကိုလည်း ထွက်ဆိုခဲ့သည်။
    
ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လိုပြသက်သေ ပေါက်မြို့မရဲစခန်း စခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေများက မေးခွန်းမေးမြန်းစဉ်တွင် ခရိုင်ဥပဒေအရာရှိက မေးခွန်းကို ရှင်းလင်းစွာမေးရန်နှင့် မေးခွန်းမဟုတ်သော ဥပဒေနှင့် ပက်သက်သည်များကိုမမေးရန် ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး ခရိုင်တရားသူကြီး၊ ခရိုင်ဥပဒေအရာရှိနှင့် စွပ်စွဲခံရသူများ၏ရှေ့နေများကြား မေးခွန်းမေးမြန်းမှုနှင့် ပက်သက်၍ အချေအတင် ပြောဆိုမှုများလည်း ရှိခဲ့သည်။

အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အဆိုပါစက်ရုံ စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မရဲစခန်းတွင် (ပ)၈။၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁) (က)။၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁၄ ရက်မှ အမှုအား စတင်စစ်ဆေးခဲ့ရာ ဧပြီ ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်း ပထမနေ့ပြီးသည်အထိ လိုပြသက် သေ ၂၀ ဦးထိ စစ်ဆေးခဲ့ပြီး ဒုတိယနေ့၌ လိုပြသက်သေ ငါးဦး စစ်ဆေးမည်ဟု သိရသည်။

Eleven Media Group 

တရားစွဲခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားရုံးတွင် ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်၌ လာရောက်သူများနှင့်အတူ တွေ့ရစဉ်
တရားစွဲခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားရုံးတွင် ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်၌ လာရောက်သူများနှင့်အတူ တွေ့ရစဉ်

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြ မှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီ အမှုဆောင် အရာရှိ ချုပ်နှင့် သတင်းထောက်လေးဦးတို့ ၏ ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် လိုပြသက်သေအဖြစ် ပခုက္ကူ ခရိုင်တရားရုံးသို့ လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့သည့် ယူနတီ ဂျာနယ်ရုံး အဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ကိုလူမော်နိုင်ပေးပို့လိုက်သည့် သတင်းအချက်အလက်များကို ဂျာနယ်တွင် သတင်းအဖြစ်သာဖော်ပြခဲ့ပြီးအခြားမည်သည့်နိုင်ငံကိုမှ ပေးပို့ထားခြင်း မရှိကြော င်းနှင့်  ပေါက်မြို့မစခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေ ဦးဝါ၀င်းမောင်က က.ပ.စ (၂၄) စက်ရုံ အား တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါ သလားဟု မေးမြန်းရာ ၎င်းက နိုင်ငံတော်သမ္မတ အမိန့်ထုတ်ပြန်ထားသည်ကို ကြားဖူးကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော်က ဆန္ဒပြနေစဉ်

Photo: တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော်က ဆန္ဒပြနေစဉ်
Tuesday, April 29, 2014

ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်ခံသော ဖွဲ့ စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရေး လူ ၅၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် ဧပြီ ၂၈ ရက် နံနက် ၈ နာရီမှစတင်ကာ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြပြီး ညောင်လေးပင်မြို့ရှိ ကိုးန၀င်းဘုရားလမ်း၊ မဒေါက်လမ်းဆုံ၊ ဘုရားကြီးလမ်း၊ ကျောင်းကြီးလမ်း၊ စာတိုက်လမ်း၊ ဗိုလ်ချုပ်လမ်းတို့ကို ဖြတ်သန်းသွားကြပြီး နှစ်ကျိပ်ရှစ်ဆူဘုရားရှေ့တွင် ပြီးဆုံးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ  ၅၉ (စ)၊ ၅၉ (ဃ)၊ ပြင်ဆင်ရန်ခက်ခဲအောင် ပြု လုပ်ထားသည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၆ (ခ) တို့ကို လုံးဝအလိုမရှိကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်စေရေးနှင့်  ပြည်သူလူထု ရွေးကောက်တင်မြှောက်သော ခေါင်းဆောင်အစိုးရသာလျှင် အုပ်ချုပ်ခွင့်ရစေရေးတို့အတွက် ရည်ရွယ်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်မှ ဒီမိုကရေစီအစစ်အမှန်ဆိုတာကို ပြည်သူတွေရမှာဗျ။ တိုင်းပြည်ကြီး ဆင်းရဲတွင်းနက်နေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ မူတည်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက လူတစ်စုကောင်းစားရေးလောက်ကိုပဲကြည့်ပြီး ပြည်သူလူထုအတွက် ကြည့်ထားတာ ဘာမှမရှိတာကိုး" ဟု ဆန္ဒပြခေါင်းဆောင် ကိုအောင်ကျော်မိုးကဆိုသည်။      

Eleven Media Group  

ညောင်လေးပင်မြို့တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော် ဆန္ဒပြ

ညောင်လေးပင်မြို့တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော် ဆန္ဒပြ

ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက် ခံသော ဖွဲ့ စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရေး လူ ၅၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် တွေ့ဆုံ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ ဒုတိယ အတွင်းရေးမှူး မစ္စတာချိုးဟေနှင့် ကိုယ်စားလှယ်အဖွဲ့အား ဧပြီ ၂၈ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ သတင်းထုတ်လွှင့်မှုအရ သိရ သည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို တက္ကသိုလ် ၃၄ ခုမှ ဗကသအဖွဲ့များ ကန့်ကွက်

အမျိုးသားပညာရေး ဥပဒေကြမ်းကို မြန်မာနိုင်ငံအနှံ့ရှိ တက္ကသိုလ် ၃၄ ခုမှ ဗမာ နိုင်ငံလုံးဆိုင် ရာ ကျောင်း သားများသမဂ္ဂ (ဗကသ)အဖွဲ့များ တညီတညွတ်တည်း ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဗကသ ဗဟို လုပ်င န်းကော်မတီ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲအား EU ရုံးခန်းတွင် ယနေ့ပြုလုပ်မည်

မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂရုံး၌ ယနေ့ ဧပြီ ၂၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ နှစ်နာရီကြာ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။