Monday, 28 April 2014

မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လေးမျိုး ဂျပန်အစိုးရ ခေါ်ယူ

Photo: မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လေးမျိုး ဂျပန်အစိုးရ ခေါ်ယူ
Monday, April 28, 2014

ဂျပန်နိုင်ငံတွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်အစိုးရက ၂၀၁၅ ပညာသင်နှစ်တွင် အကျုံးဝင်မည့် ပညာသင်ဆု အမျိုးအစား လေးခုကို စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

သုတေသန နယ်ပယ်၊ ဘွဲ့ကြိုတန်းနှင့် နည်းပညာကောလိပ် သင်တန်းသားများအတွက် ပညာသင်နှစ်အလိုက် ထောက်ပံ့မှုများပေးရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တို့က ကျောင်းသား ကျောင်းသူများအတွက် သုံးနှစ်ကြာ ပညာသင် ထောက်ပံ့မှု အစီအစဉ်လည်း ပါဝင်ကြောင်း အဆိုပါသံရုံးက စုံစမ်း သိရှိရသည်။

ပညာသင်ဆု အားလုံးအတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်ရန် လိုအပ်ပြီး အင်တာဗျူးနှင့် ရေးဖြေ စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဘွဲ့ကြိုတန်း လျှောက်ထားမည့်သူများသည် ဂျပန်ဘာသာ အပါအဝင် ဘာသာရပ် အနည်းဆုံး သုံးခု ဖြေဆိုရန် သတ်မှတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုတေသန တန်းအတွက် လျှောက်ထားသူများက လွဲ၍ ပညာသင်ဆု သုံးခုစလုံးတွင် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း မွေးဖွားသူများသာ လျှောက်ထားနိုင်ကြောင်း၊ သုတေသန တန်းအတွက်မူ ၁၉၈၀ ခုနှစ်နောက်ပိုင်း မွေးဖွားသူများသာ လျှောက်ထားရမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ပညာသင်ဆု တစ်မျိုးချင်းစီအလိုက် အသေးစိတ်သိရှိလျှင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် ကျောင်းသားဟောင်းများအသင်း (MAJA) ကို ဆက်သွယ် မေးမြန်းနိုင်သည်။

ယင်းအပြင် ဂျပန်အစိုးရ ပညာသင်ဆုများ အကြောင်းကို www.mext.go.jp တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်သည်။

မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် ဂျပန်ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်မှု အားနည်းသော်လည်း အင်ဂျင်နီယာ ဘာသာရပ်၊ စီးပွားရေး ဘာသာရပ်နှင့် နည်းပညာ ဘာသာရပ်များကို လေ့လာလိုသူများအတွက် ဂျပန် အဆင့်မြင့်တက္ကသိုလ်များနှင့် ပတ်သက်၍ လေ့လာထားသင့်ကြောင်း Tip Top ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းထွန်းက အကြံပြုသည်။

ယခင်က ဂျပန်ပညာသင်ဆုများကို အစိုးရတက္ကသိုလ်များတွင် တက်ရောက်နေသူများသာ ပေးသော်လည်း လက်ရှိအချိန်တွင် မည်သူမဆို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် လျှောက်ထားသူများအနေနှင့် ဂျပန်ဘာသာစကားကို အခြေခံ ရေးနိုင်၊ ပြောနိုင်ရန် လိုအပ်ပြီး ဘာသာစကား ကွဲပြားမှုအပေါ် စိုးရိမ်စိတ် မထားသင့်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

The Voice Weekly
ဂျပန်နိုင်ငံတွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်အစိုးရက ၂၀၁၅ ပညာသင်နှစ်တွင် အကျုံးဝင်မည့် ပညာသင်ဆု အမျိုးအစား လေးခုကို စတင်ခေါ် ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

ကုန်းလမ်းပို့ဆောင်ရေး၏ ၁၉၆၄ ခုနှစ် ဥပဒေ ပြင်ဆင်မည်

ကုန်းလမ်းပို့ဆောင်ရေး၏ ခေတ်နှင့် လျော်ညီခြင်း မရှိတော့သည့် ၁၉၆၄ ခုနှစ် ဥပဒေများကို ပြင်ဆင်၍ အတည်ပြုနိုင်ရန် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါဌာန (နေပြည်တော်) ထံမှ သိရ သည်။ အဆိုပါ ကုန်လမ်းပို့ဆောင်ရေး၏ ၁၉၆၄ ခုနှစ် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ခေတ်နှင့် လိုက်လျော ညီထွေ မရှိတော့သည့် ဥပဒေ အကြောင်းအရာများကို ပြင်ဆင်ဖြည့် စွက်ပြီး မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးသို့ ပထမ အကြိမ် တင်ပြထားရာ အဆိုပါရုံးက ပြင်ဆင်ချက်နှင့် မှတ်ချက်များပြု၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ပြန်လည် ပေးပို့လာကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် က ပြော ကြား သည်။

ရန်ကုန်ဘူတာကြီးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် သုံးစွဲပြီး အဆင့်မြှင့်တင်မည်

Photo: ရန်ကုန်ဘူတာကြီးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် သုံးစွဲပြီး အဆင့်မြှင့်တင်မည်
Monday, April 28, 2014

ရန်ကုန်မြို့၏ အချက်အချာ တစ်ခုဖြစ်ပြီး ခရီးသွားပြည်သူများအတွက် အဓိကနေရာ တစ်ခုဖြစ်သည့် ရန်ကုန်ဘူတာကြီးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် အကုန်ကျခံ အဆင့်မြှင့်တင့်မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူမှု ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်ဘူတာကြီးကို အဆင့်မြှင့်တင်ခြင်းမှာ နိုင်ငံတကာတွင် ရထားဘူတာရုံများမှာ မြို့၏ အချက်အချာ နေရာများတွင် တည်ရှိပြီး ဘူတာများတွင် ဝန်ဆောင်မှုများ ရနိုင်သည့် One Stop Service များ ရှိကြောင်း၊ ယခုကဲ့သို့ အဆင့်မြှင့်တင်ခြင်းဖြင့်လည်း နိုင်ငံတော်က နှစ်စဉ် ထောက်ပံ့ပေးနေရသည့် ကျပ် ၄၅ ဘီလီယံခန့်ကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ယင်းအပြင် ရထားတွဲများ၊ ရထားစက်ခေါင်းများ၊ ရထားလမ်းများကို ပြုပြင်နိုင်လာပြီး ရထားပို့ဆောင်ရေး လုပ်ငန်းလည်း အဆင့်မြင့်မားလာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခု အဆင့်မြှင့်တင်တဲ့ အထဲမှာဆိုရင် ဟိုတယ်တွေ၊ Shopping Mall တွေ၊ Mini Market တွေ၊ Business Center တွေ ပါလာမယ်၊ ရထားစီး ခရီးသည်တွေအနေနဲ့ ဘူတာကြီးမှာတင် လိုအပ်သမျှကို ဝယ်ယူ လုပ်ကိုင်နိုင်ကြမှာ ဖြစ်သလို တည်ဆောက်နေတဲ့ ကာလအတွင်းမှာလည်း အလုပ်ကိုင်တွေ ရနိုင်မယ်” ဟု ဦးမြင့်သိန်းက ဆိုသည်။

အဆိုပါ စီမံကိန်းကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေနှင့် တစ်ဦးတည်း လုပ်ကိုင်နိုင်ခြင်း မရှိ၍ လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူမည် ဖြစ်ပြီး တင်ဒါမှာ ဧပြီလ ၂၇ ရက်နေ့က စတင်ကာ တစ်လကြာ ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အဓိက တာဝန်ယူထားသည့် သွားလာပို့ဆောင်ရေးဌာန အထွေထွေမန်နေဂျာ ဦးမြင့်ဝေက ပြောကြားသည်။

တင်ဒါကို နိုင်ငံတကာ တင်ဒါ ခေါ်ယူသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ခေါ်ယူသွားမည် ဖြစ်ပြီး လျှောက်ထားသည့် ကုမ္ပဏီများကို ရှစ်လကြာ အချိန်ယူ ရွေးချယ်မည် ဖြစ်ကာ နိုဝင်ဘာလ တတိယပတ်ခန့်တွင် ရွေးချယ်မည်ဖြစ်ရာ ကုမ္ပဏီ တစ်ခုတည်းလည်း ဖြစ်နိုင်သကဲ့သို့ ယင်းထက်လည်း ပိုနိုင်ကြောင်း ၎င်းကဆိုသည်။
“အဆင့်မြင့်တဲ့နေရာမှာ လက်ရှိ ဘူတာကြီး အဆောက်အအုံကြီးကို ဖျက်ပြီးတော့ ဆောက်မှာ မဟုတ်ပါဘူး။ လက်ရှိ အဆောက်အအုံဟာ အခုတိုင်းပဲ ရှိနေမှာပါ” ဟု ဦးမြင့်ဝေက ဆိုသည်။

ရွေးချယ်ထားသည့် ကုမ္ပဏီအနေနှင့် သုံးလခန့် စီမံကိန်း အသေးစိတ်ကို ရေးဆွဲမည် ဖြစ်ကာ ၂၀၁၅ ခုနစ် မတ်လတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း အကျယ်မှာ ၆၂ ဧကရှိပြီး ယင်းဧရိယာအတွင်းမှ လူနေအိမ်များ၊ ဝန်ထမ်းအိမ်ရာများကို အခြားနေရာသို့ ပြောင်းရွှေ့စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

The Voice Weekly
ရန်ကုန်မြို့၏ အချက်အချာ တစ်ခုဖြစ်ပြီး ခရီးသွားပြည်သူများအတွက် အဓိကနေရာ တစ်ခုဖြစ်သည့် ရန်ကုန်ဘူတာကြီးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် အကုန်ကျခံ အဆင့်မြှင့်တင့်မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်သည့် ရန်ကုန် ဘူတာကြီး အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူမှု ရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်ကျန် လွှတ်တော်သက်တမ်း တစ်နှစ်ခွဲအတွင်း ဥပဒေပေါင်း ၂၀၀ ကျော် အတည်ပြုမည်ဟု သူရဦးရွှေမန်းဆို

သက်တမ်း တစ်နှစ်ခွဲကျော်သာ ကျန်ရှိတော့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ တွင် ပြည် သူ လူထု အတွက် လိုအပ်နေသည့် ဥပဒေကြမ်း ၂၀၀ ကျော် အတည်ပြု ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း အဆိုပါ လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရှမ်းအရှေ့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပိုမိုတိုးမြှင့်ရန်အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားသည်။

မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်

Photo: မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်
Monday, April 28, 2014

ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ရက်တွင် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းမြို့နယ် ကန် တော့ခံရွာမှ ရခိုင်အမျိုးသမီးတစ် ဦးနှင့် အမျိုးသားသုံးဦးတို့အား လုပ်ခလစာကောင်းရရှိမည်ဟု ဆိုကာ ရခိုင်ပွဲစားအမျိုးသမီးက ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခဲ့ပြီး မြန်မာပွဲစားအမျိုးသမီးတစ်ဦးနှင့် ပူးပေါင်းကာ အမျိုးသားသုံးဦးကိုထိုင်းငါးဖမ်းလှေသို့ ရောင်းချခဲ့သည်။

ထို့နောက် အသက်(၂၀)အ ရွယ် ရခိုင်အမျိုးသမီးတစ်ဦးကိုလေးရက်ကြာအခန်းပိတ်လှောင် ထားပြီး ၎င်း၏အစ်ကိုဖြစ်သူအား ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေး ယူရန်၊ မရွေးယူပါက ပြည့်တန် ဆာအဖြစ်ရောင်းချမည်ဟု ခြိမ်း ခြောက်ခဲ့သည်။

ထို့နောက်အမျိုးသမီးငယ်၏ အစ်ကိုအား ထိုင်းဘတ်ငွေရှစ်ထောင်အား လွှဲပို့ပေးရန်နှင့် ကျန်ဘတ်ငွေလေးထောင်အား ရခိုင်ပွဲစားတစ်ဦး၏ ဘဏ်စာအုပ်တွင် ထည့်သွင်းပေးရန် မြန်မာပွဲစားအမျိုးသမီးက တောင်းခံခဲ့သည်။ ထိုသို့ တောင်းခံသောကြောင့် အမျိုးသမီးငယ်၏အစ်ကိုသည် ထိုင်းဘတ်ငွေ ရှစ်ထောင်ကို တောင်းခံသည့် မြန်မာပွဲစားအမျိုးသမီးထံ လွှဲပို့ခဲ့၍ လေးရက်ကြာပိတ် လှောင်ခံထားရသည့် အမျိုးသမီးငယ်အား ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ စင်ထရယ်ကုန်တိုက်အနီးသို့ အငှားယာဉ်ဖြင့် ပို့ဆောင်ပေးလိုက်ကြောင်း ထိုအမျိုးသမီးငယ်လွတ်ရေး ၀ိုင်းဝန်းကူညီခဲ့သော ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းကပြောသည်။

‘‘ရခိုင်ပွဲစားနဲ့ ဗမာပွဲစားမနဲ့ ပေါင်းပြီး လူရောင်းစားကြတာ ဖြစ်မယ်။ အရပ်လေးမျက်နှာကို တောင်မသိတတ်ကြတဲ့ လူတွေ ဖြစ်တယ်။ ထိုင်းပုလိပ်တွေက မ ကြာမကြာပြောတာတော့ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ မြန်မာပွဲစား တွေလုံးဝမရှိစေရတော့ဘူး။ အခု ကတည်းက စတင်ပြီးနှိမ်နင်းနေ ပြီလို့ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ လူကုန်ကူးခံရတာတွေက ရှိနေတုန်းပါပဲ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။    

    အဆိုပါ ရခိုင်အမျိုးသမီးအားထိုင်းနိုင်ငံရှိ ၎င်း၏အစ်ကိုဖြစ်သူ ထံပို့ဆောင်ပေးခဲ့ပြီး ပိတ်လှောင် ခံထားရသည့်နေရာကို ၎င်းအမျိုးသမီးက မမှတ်မိတော့သဖြင့် လူကုန်ကူးခဲ့သောမြန်မာပွဲစား အမျိုးသမီးနှစ်ဦးအားဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဦးကျော်သောင်းကပြောသည်။

Author: ငြိမ်းချမ်း

7Day Daily

ငွေညှစ်ခံရသည့် အမျိုးသမီးငယ်နှင့် အစ်ကိုဖြစ်သူတို့ကို မီဒီယာများ မေးမြန်းနေစဉ် (ဓာတ်ပုံ - ရွှေလုပ်သား)
ငွေညှစ်ခံရသည့် အမျိုးသမီးငယ်နှင့် အစ်ကိုဖြစ်သူတို့ကို မီဒီယာများ မေးမြန်းနေစဉ် (ဓာတ်ပုံ - ရွှေလုပ်သား)


ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေ သို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်း ဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဝါရှင်တန်မှာ မြန်မာ့အရေး လျှိ့ဝှက်ဆွေးနွေး

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ရှိ CSIS နိုင်ငံတကာလေ့ လာရေးနဲ့ မဟာဗျူဟာဌာန မှာ မြန်မာပြည်ဆိုင်ရာ လျှိ့ဝှက်ဆွေးနွေးပွဲ တခုကို အမေရိကန်စံချိန် တနင်္လာနေ့မနက် မြန်မာစံတော်ချိန် တနင်္လာနေ့ ညပိုင်းမှာ ကျင်းပမယ်လို့ ခိုင်လုံ တိကျတဲ့ သတင်း ရပ်ကွက်တခုက RFA ကို ပြောပါတယ်။

ထိုင်းရောက် မြန်မာ လုပ်သားနှစ်ဦး ငါးအပုပ်များ သယ်ဆောင်စဉ် အသက်ရှူကျပ်၍ သေဆုံး

Photo: ထိုင်းရောက် မြန်မာ လုပ်သားနှစ်ဦး ငါးအပုပ်များ သယ်ဆောင်စဉ် အသက်ရှူကျပ်၍ သေဆုံး
Monday, April 28, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်၊ ထိုင်းမွမ်းမြို့နယ်၊ ထလမုတံငါရွာတွင် ငါးအပုပ်များ သယ်ယူသော မြန်မာ ငါးဖမ်းလှေ လု ပ်သားနှစ်ဦးသည် အနံ့ဆိုး များကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ဧပြီ ၂၆ ရက်တွင် ငါးဖမ်း လုပ်သားနှစ်ဦး ဖြစ်သော ဦးတင်ဆန်းနှင့်  ဦးမောင်ထွေးတို့သည် ငါးဖမ်းလှေ အတွင်းမှ ငါးအပုပ်များ သယ်ယူစဉ်အနံ့ဆိုး များကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားခြင်း ဖြစ်သည်။

‘‘ပင်လယ်ငါးဖမ်း လှေတွေ မှာ  အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ငါးပိ၊ ငံပြာရည်လုပ်ဖို့ အမျိုးအစားညံ့ တဲ့ငါးတွေနဲ့ မလတ်ဆတ်တော့ တဲ့ငါးတွေကို ထားတဲ့အခန်းထဲ မှာဝင်ပြီး အဲဒီငါးအပုပ်တွေဆင်း သယ်ကြရပါတယ်။ ရက်အကြာ ကြီးရေခဲမရိုက်ဘဲ ငါးတွေကိုထား တာဆိုတော့ အပုပ်နံ့က တော် တော်ပြင်းထန်ပါတယ်။ အဲဒီပြင်း ထန်လှတဲ့အနံ့ဆိုးတွေကြောင့် အလုပ်သမားတွေအနေနဲ့ အသက် ရှူရပ်ပြီး မကြာခဏသေဆုံးတာ မျိုးတွေဖြစ်နေပါတယ်’’ဟု ထိုင်း နိုင်ငံတောင်ပိုင်း အခြေစိုက်ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း FED အမှုဆောင်ဒါရိုက် တာ ဦးထူးချစ်က ပြောသည်။

 ပင်လယ်ငါးဖမ်းလုပ်ငန်း တွင် လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများအနေဖြင့် လုပ် ငန်းခွင်အန္တရာယ်ကင်းရှင်းရေး များကို တိတိကျကျမဆောင်ရွက် ပေးသောကြောင့် ယခုလို မြန်မာအလုပ်သမားများ အသက်ဆုံးရှုံးရခြင်းဖြစ်သည်။

ထို့ကြောင့် လာရောက်လုပ်ကိုင်နေကြသော  မြန်မာရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက်ထိုင်းအစိုးရနှင့်စနစ်တကျပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

သေဆုံးသူနှစ်ဦးအား သေဆုံးသည့်နေ့တွင်ပင် လမ်ကင်းဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုဟ်ခဲ့သည်။

 ဧပြီ လဆန်းပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ နမ့်ခင်း တံငါကျေးရွာ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦးသည် ငါးအပုပ်နံ့များကြောင့် အသက်ရှူကျပ်၍  သေဆုံးခဲ့ကြောင်း သိရှိရသည်။

Author: ငြိမ်းချမ်း

7Day Daily
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်၊ ထိုင်းမွမ်းမြို့နယ်၊ ထလမုတံငါရွာတွင် ငါးအပုပ်များ သယ်ယူသော မြန်မာ ငါးဖမ်းလှေလုပ်သားနှစ်ဦးသည် အနံ့ဆိုးများကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ဦးဝင်းတင် ရက်လည်ဆွမ်းကပ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Photo: ဦးဝင်းတင် ရက်လည်ဆွမ်းကပ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Monday, April 28, 2014

ကွယ်လွန်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်အတွက် ၇-ရက်ပြည့် ရက်လည်ဆွမ်းကျွေး အခမ်းအနားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၊ ရန်ကင်းမြို့ နယ် နေအိမ်နဲ့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် နေအိမ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ရန်ကင်းမြို့နယ်က ဆရာကြီး ဦးဝင်းတင် နေအိမ်မှာ ပြုလုပ်တဲ့ ဆွမ်းကျွေး အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဆရာကြီးရဲ့မိသားစုဝင်တွေ၊ ဦးဝင်းတင်ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တာတွေနဲ့ပတ်သက်ပြီး ဆရာကြီး မိသားစု ဝင်တစ်ဦးဖြစ်တဲ့ ဦးပေါက်က အခုလိုပြောပါတယ်။
"ဘဘရဲ့အခုအိမ်နဲ့ပတ်သက်လို့ ပြောတာကတော့ လောလောဆယ်ဒီမိသားစုက ဆက်လက်ထိန်းသိမ်းထားပါ သူအရင်တခေါက်ပြောခဲ့သလိုပဲ အခွင့်အခါ သင့်တဲ့အချိန်မှာ ဒီအိမ်အလုံး လိုက်ရွေ့ပြီးတော့ ပြတိုက်သဘောမျိုး လုပ်ပါ မယ်၊အခုဖွဲ့ထားတဲ့ ကော်မတီကဘဘနဲ့ ပတ်သက်တဲ့ကော်မတီဆိုတဲ့ဟာက ဘဘရဲ့လက္ခံရရှိထားတဲ့ အချို့သောဆုတံဆိပ်တွေ နိုင်ငံရပ်ခြားမှာပြန့်နှံ့နေ တဲ့ တံဆိပ်တွေကို ပြန်လည်ယူပြီးတော့ ထိန်းသိမ်းဖို့ သူတို့ကိုတာဝန်ပေး မယ်လို့ပြောတယ် "

ဆရာကြီး ဦးဝင်းတင် အသက်ရှိစဉ်က နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ်က အခန်းကို သတင်းသမားတွေ မှတ်တမ်းယူနိုင်ဖို့အတွက် ဒီနေ့ နေ့လည် ပိုင်းမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပျဉ်းမနား၊ ဘိုကလေး၊ ပုသိမ်၊ လှည်းကူး စတဲ့ မြို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေမှာလည်း ကွယ်လွန်သွားတဲ့ ဆရာကြီး ဦးဝင်းတင်အတွက် ရည်စူးပြီး ဆွမ်းကျွေးတရားနာ အခမ်း အနားတွေကို ဒီနေ့ ကျင်းပကြတယ်လို့ သိရပါတယ်။

အလားတူပဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော် နဲ့ ဆက်စပ်နေတဲ့ Maryland ပြည်နယ် က မြန်မာ မိသားစုတွေကလဲ Gaithersburg မြို့အ နီးက အောင်ရတနာ ဘုန်းကြီးကျောင်းမှာ ဆရာ ဦးဝင်းတင်အတွက် ရက်လည်ဆွမ်း ဆက်ကပ်ပွဲ ကျင်းပခဲ့ကြပါတယ်။

RFA Burmese
ကွယ်လွန်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင် အတွက် ၇-ရက်ပြည့် ရက်လည်ဆွမ်းကျွေး အခမ်းအနားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၊ ရန်ကင်းမြို့ နယ် နေအိမ်နဲ့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် နေအိမ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အခုနှစ် အကောင်းဆုံး ဘောလုံးသမားဆု Luis Suarezရ

Photo: အခုနှစ် အကောင်းဆုံး ဘောလုံးသမားဆု Luis Suarezရ
Monday, April 28, 2014

လစ်ဗာပူးလ် ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး လူဝီစ် ဆွာရက်ဇ်ကို အင်္ဂ္လန်နိုင်ငံရဲ့ Professional Footballers' Association က အခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု ချီးမြှင့်လိုက် ပါတယ်။

ဘောလုံး ပွဲစဉ် တခုအတွင်း ပြိုင်ဘက် ဘောလုံးသမားတဦးရဲ့ လက်မောင်းကို ဆွာရက်ဇ်က ကိုက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်အပြီး တနှစ်အကြာမှာ အခုဒီဆု ချီးမြှင့်ခံခဲ့ရတာပါ။

လွန်ခဲ့တဲ့ ဘောလုံး ရာသီနှစ်ခု လောက်ကလည်း မန်ချက်စတာ ယူနိုက်တစ် ဘောလုံးသမားတဦးကို အသားအရောင် ခွဲခြားတဲ့ စော်ကားပြောဆိုခဲ့မှုတခုကြောင့် ဆွာရက်ဇ် ဒဏ်ကြေး တပ်ခံခဲ့ရပါတယ်။

အခုဘောလုံး ရာသီမှာတော့ ဆွာရက်ဇ်ဟာ နှစ်ပေါင်း ၂၄နှစ်အတွင်း လစ်ဗာပူးလ် ဘောလုံးအသင်း ပထမဆုံး လိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍဍကနေ ကစားရင်း သူ့ရဲ့ ၃၀မြောက် ဂိုးကို သွင်းသွားခဲ့ပါတယ်။

သူဟာ တောင်အမေရိက ဘောလုံးသမားတွေထဲမှာ ဒီဆုကို ပထမဆုံး ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အချေအတင် ပြောစရာတွေ ဖြစ်စေခဲ့တဲ့ ဆွာရက်ဇ် အခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးသွား
အချေအတင် ပြောစရာတွေ ဖြစ်စေခဲ့တဲ့ ဆွာရက်ဇ် အခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးသွား
လစ်ဗာပူးလ် ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး လူဝီစ် ဆွာရက်ဇ်ကို အင်္ဂ္လန်နိုင်ငံရဲ့ Professional Footballers' Association က အခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု ချီးမြှင့်လိုက် ပါတယ်။

ရခိုင် အမျိုးသား ညီလာခံ စတင်

Photo: ရခိုင် အမျိုးသား ညီလာခံ စတင်
Monday, April 28, 2014

ရခိုင် အမျိုးသား ညီလာခံကို ၂၇ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ ဖွင့်လှစ် ခဲ့ပြီး ၅ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီးနောက် နှစ်ပေါင်း ၇၀ နီးပါး အတွင်း ပထမဆုံး ကျင်းပတဲ့ ရခိုင် တမျိုးသား လုံးရဲ့ ညီလာခံမို့ ရခိုင်သားတွေ အားလုံး တက်တက် ကြွကြွ ပါဝင် ဆင်နွှဲတာ ကို တွေ့ရပါတယ်။

ညီလာခံ အဖွင့် မိန့်ခွန်းမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရခိုင် ပြည်သူတွေ အနေနဲ့ တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ အစိုးရနဲ့ အတူ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်း သွား ပါတယ်။

ဒီညီလာခံကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပြင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင် နိုင်ငံရေး ပါတီတွေနဲ့ ရခိုင့် တပ်မတော်၊ နာမည်ကြီး စာရေး ဆရာတွေနဲ့ ပြည်တွင်း ပြည်ပက ဖိတ်ကြား ထားတဲ့ ကိုယ်စားလှယ် ၈၀ဝနဲ့ ရခိုင် ဒေသခံ ၁ သောင်း နီးပါးလောက် တက်ရောက်ခဲ့ ပါတယ်။

ညီလာခံ တက်ရောက် လာကြ သူတွေက သူတို့ ကာလ ကြာရှည် ခံစားခဲ့ ရတဲ့ လူမျိုးရေး ပဋိပက္ခ တွေ ပြေလည်ရေး ကို ဆွေးနွေး လိုကြပါတယ်။

ရခိုင် အမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးကျော်ငြိမ်း ကလည်း ဒီညီလာခံက ပေါ်ထွက် လာမယ့် ရလဒ်တွေဟာ ပြည်နယ်နဲ့ တိုင်း အတွက် ကောင်းကျိုး ရလဒ်တွေ ဖြစ်လာမှာ ပါလို့ ဆိုပါတယ်။

နောက်ပိုင်း ရက်တွေ မှာတော့ ရခိုင်ပြည် တိုးတက် ရေးနဲ့ ညီညွတ်ရေး အတွက် ဆွေးနွေးမှာ ဖြစ်သလို ရခိုင် ပြည်နယ် ငြိမ်းချမ်းရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ပြေလည်ရေး အတွက်လည်း ဘယ်လို သဘောတူညီ ချက်တွေ ရလာလိမ့် မလဲလို့ ညီလာခံ တက်ရောက် သူတွေက စိတ်ဝင် တစား မျှော်လင့် နေကြ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ အစိုးရနဲ့ အတူ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်း
တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ အစိုးရနဲ့ အတူ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်း
ရခိုင် အမျိုးသား ညီလာခံကို ၂၇ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ ဖွင့်လှစ် ခဲ့ပြီး ၅ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

အပူချိန် မြင့်တက်လို့ လူသေဆုံးမှုတွေ ရှိနေ

Photo: အပူချိန် မြင့်တက်လို့ လူသေဆုံးမှုတွေ ရှိနေ
Monday, April 28, 2014

မြန်မာနိုင်ငံမှာ အပူချိန် မြင့်တက်လို့ လူတွေ သေဆုံးရတဲ့အထိ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

မြန်မာပြည်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်အောင် ပူနေတဲ့ နေရာတွေ ရှိနေပြီး အပူဒဏ် ကို နေရာအတော်များများမှာ ခံနေရပါတယ်။

ဒီနှစ် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွေမှာ ပုံမှန် အပူချိန်ရဲ့ အထက် ၆၀ ရာနှုန်းလောက်အထိ တိုးမယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဘီဘီစီကို ပြောပါတယ်။

မော်လိုက်မြို့မှာဆို အပူချိန်ဟာ နှစ်၅၀ အတွင်း အမြင့်ဆုံး စံချိန်ကိုတောင် ချိုးထားပြီ လို့ ဆိုပါတယ်။

လေထဲမှာ ရေငွေ့ပါလာမယ်၊ အပူချိန်ကလည်း ရှိမယ်၊ စိုထိုင်းဆ များပြီး မိုးလည်း မရွာဘူး ဆိုရင်တော့ လူသေဆုံးနိုင်လောက်တဲ့အထိ အပူချိန် တက်သွားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီလို အပူချိန်မျိုးဟာ တိုင်းလို့ ရတဲ့ အပူချိန် မဟုတ်ပဲ "ခံစားရတဲ့ အပူချိန်" လို့ ခေါ်ပြီး အပူလျှပ်တဲ့ ဒဏ်ကို ကြုံရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဒီနှစ် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပုံမှန် အပူချိန်ရဲ့ အထက် ၆၀ ရာနှုန်းလောက် အထိ တိုးမယ်လို့ ခန့်မှန်းထား

ဒီနှစ် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပုံမှန် အပူချိန်ရဲ့ အထက် ၆၀ ရာနှုန်းလောက် အထိ တိုးမယ်လို့ ခန့်မှန်းထား

မြန်မာနိုင်ငံမှာ အပူချိန် မြင့်တက်လို့ လူတွေ သေဆုံးရတဲ့အထိ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေ ပါတယ်။

မြန်မာ့ ပြုပြင် ပြောင်းလဲရေး အတွက် အိုဘားမား သတိပေး

Photo: မန်မာ့ ပြုပြင် ပြောင်းလဲရေး အတွက် အိုဘားမား သတိပေး
Monday, April 28, 2014

မြန်မာနိုင်ငံမှာ လူနည်းစု မွတ်ဆလင်တွေကို ဖိနှိပ်မှုတွေ လုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေမှု ဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့  အမေရိကန်သမ္မတ Barack Obama က သတိပေးလိုက်ပါတယ်။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ သမ္မတ အိုဘားမားဟာ တနင်္ဂနွေနေ့က အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြား လိုက်တာဖြစ်သလို  ဒေသတွင်း တည်ငြိမ်ရေး အတွက်လည်း အမေရိကန် ပြည်ထောင်စုက အကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

 အာရှ ၄ နိုင်ငံ ခရီးထွက်လာတဲ့  သမ္မတအိုဘားမားဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၃ ရက်တာရှိနေစဉ်အတွင်း တနင်္ဂနွေနေ့က မြန်မာ အပါအဝင် အာဆီယံ ဆယ်နိုင်ငံက  လူငယ် ၁၀၂ ဦးနဲ့  မလေးရှားတက္ကသိုလ်မှာ တနာရီခွဲကြာ တွေ့ဆုံခဲ့တာပါ။  တချိန်က အထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို ချီးကျူးခဲ့ပေမယ့် ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်နေတာတွေ့ရတာမို့  ဒါတွေဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွက်  အန္တရာယ်ရှိတယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံမှာ အတူယှဉ်တွဲနေထိုင်ကြသူတွေ အချင်းချင်း ခွဲခြားဆက်ဆံမှု ရှိနေမယ် ဆိုရင် အောင်မြင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာမှာမဟုတ်ပါဘူး။  တကယ်လို့ မလေးရှားနိုင်ငံမှာ မွတ်ဆလင် မဟုတ်သူတွေအတွက် အခွင့်အလန်းတွေ ဖွင့်မပေးရင် အောင်မြင်မှာမဟုတ်သလို မြန်မာနိုင်ငံအတွက်လည်း မွတ်ဆလင်တွေကို ဖိနှိပ်နေရင် အောင်မြင်မှာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံမှာ မကြာခင်နှစ်တွေအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေ အတိုက်ခိုက်ခံရသလို ဖိနှိပ်မှုတွေပါ ရှိနေတယ်လို့  လူ့အခွင့်အရေး အဖွဲ့တွေကရော ရခိုင်ပြည်နယ်ထဲက မူစလင်ဆန့်ကျင်သူတွေကို စောင့်ကြည့် လေ့လာနေသူတွေကပါ ပြောနေကြတာပါ။  အမေရိကန်သမ္မတနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ဆယ်ဦးပါဝင်ပြီး ကရင်တိုင်းရင်းသား စောထက်ခန့်အောင်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု မေးခွန်းမေးခွင့်ရခဲ့သူပါ။

"ကျနော်တို့နိုင်ငံက အာဆီယံနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ပေါ့နော်- အာဆီယံဒေသကို ပြန်ကြည့်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာ လူမျိုးတွေကွဲပြားမယ်၊ ဘာသာစကားကွဲပြားမယ်၊ သူတို့ရဲ့သမိုင်းတွေကလည်း ကွဲပြားမယ်၊ သူတို့ရဲ့အုပ်ချုပ်ပုံတွေကလည်း အကုန်လုံး ကွဲပြားမယ်ပေါ့။ အဲဒီလိုမျိုး ကွဲပြားခြားနားမှုတွေ အများကြီး ရှိတဲ့အခါမှာ အဲလိုမျိုး ကျော်လွှားပြီးတော့ နောက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို သမ္မတအနေနဲ့ ဘယ်လိုများ ခွန်အားပေးချင်လဲဆိုတာလေး မေးခဲ့ပါတယ်။ ကျနော် အကြိုက်ဆုံးနဲ့ သတိရတာ တချက်ပဲ ကျနော် ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့  သူများရဲ့ဖိနပ်ကို ဝင်စီးကြည့်လိုက်ပါ။ ဝင်စီးကြည့်လိုက်ပြီးတော့မှ သူတို့ ခံစားသလို ခံစားကြည့်လိုက်ပါ-ပေါ့။ အဲလိုဆိုလို့ရှိရင် ကျနော်တို့အတွက် မေးခွန်းတွေ မေးစရာရှိလာမယ်၊ အမြင်တွေ အများကြီးတွေ့လာမယ်ပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး အဖြေညှိပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ အာဆီယံအသိုက်အဝန်းကို တည်ဆောက်မလဲ-ဆိုတာပါပဲ။"

ကောင်းမွန်တဲ့ အာဆီယံ အသိုက်အဝိုင်းတခု တည်ဆောက်ဖို့နဲ့ အာရှဒေသ တည်ငြိမ်အေးချမ်းစေဖို့ အမေရိကန်နိုင်ငံက ကူညီမယ်လို့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတအိုဘားမားက ကတိပေးခဲ့သလို လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

"အာရှပစိဖိတ်ဒေသ ပိုပြီးလုံခြုံဖို့ အတူလက်တွဲ လုပ်ဆောင်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ငြိမ်းချမ်းရေးကိုပဲ ကြည့်ပါတယ်။  ပြဿနာဖြစ်နေတဲ့ ဒေသတွေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း ပြေလည်သွားဖို့၊  နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေကို အနိုင်မကျင့်ဖို့နဲ့  နိုင်ငံအားလုံးဟာ နိုင်ငံတကာ ဥပဒေအောက်မှာ တန်းတူညီမျှမှု ရှိနေရမှာပါ။"

သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ်မှာပဲ ပရိတ်သတ်ထဲက TPP ခေါ် ပစိဖိတ်ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို ဆန့်ကျင်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေ ကြုံခဲ့ရပါတယ်။

ဒီ ကုန်သွယ်မှုသဘောတူစာချုပ်က TPP  ပစိဖိတ်ဒေသတွင်း နိုင်ငံများ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံတနိုင်ငံ ကြွယ်ဝချမ်းသာလာစေဖို့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ အလုပ်သမား အကာအကွယ်ပေးမှုအဆင့် မြင့်မားလာစေဖို့နဲ့  သဘာဝဝန်းကျင် ကာကွယ်ဖို့အပြင် ဉာဏမူပိုင်ခွင့် ကာကွယ်ရေးတွေ ရှိလာစေဖို့ လုပ်ဆောင်တာဖြစ်ပြီး ဒါတွေဟာ တရားဥပဒေ စိုးမိုးမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

ဒေါ်ခင်မျိုးသက် (ဗွီအိုအေမြန်မာပိုင်း)

အမေရိကန်သမ္မတ အိုဘားမား- မလေးရှားနိုင်ငံ Malaya University မှာ အာရှလူငယ်များနဲ့ တွေ့ဆုံရန်လာစဉ်။ (ဧပြီ ၂၇၊ ၂၀၁၄)
အမေရိကန်သမ္မတ အိုဘားမား- မလေးရှားနိုင်ငံ Malaya University မှာ အာရှလူငယ်များနဲ့ တွေ့ဆုံရန်လာစဉ်

မြန်မာနိုင်ငံမှာ လူနည်းစု မွတ်ဆလင်တွေကို ဖိနှိပ်မှုတွေ လုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်း လျှောက်လှမ်းနေမှု ဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့  အမေရိကန်သမ္မတ Barack Obama က သတိပေး လိုက်ပါတယ်။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ သမ္မတ အိုဘားမားဟာ တနင်္ဂနွေနေ့က အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြား လိုက်တာဖြစ်သလို  ဒေသတွင်း တည်ငြိမ်ရေး အတွက်လည်း အမေရိကန် ပြည်ထောင်စုက အကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင် မျိုးသက်က တင်ပြပေးထားပါတယ်။

MERS ဗိုင်းရပ်ကြောင့် ဆော်ဒီမှာ လူ ၁၀၀ ကျော်သေ

Photo: MERS ဗိုင်းရပ်ကြောင့် ဆော်ဒီမှာ လူ ၁၀၀ ကျော်သေ
Monday, April 28, 2014

ဆော်ဒီ အာရေဗျနိုင်ငံမှာ MERS လို့ခေါ်တဲ့ အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် နောက်ထပ် လူ ၁၀ ယောက်သေဆုံး သွားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒီရောဂါကို စတင်တွေ့ရှိ ချိန်ကစပြီး သေဆုံးသူဦးရေဟာ ၁၀၂ ယောက်အထိရှိသွားခဲ့ပါပြီ။

စနေနေ့က ၂ ယောက်သေဆုံးပြီးနောက် မနေ့ တနင်္ဂနွေနေ့မှာ နောက်ထပ် ၈ ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် ဒီရောဂါပိုးစတင်တွေ့ရှိချိန်ကစပြီး ရောဂါဖြစ်တဲ့သူ ၃၃၉ ယောက်ရှိခဲ့တယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ ဆော်ဒီကျန်းမာရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အီဂျစ်နိုင်ငံမှာလည်း ဒီရောဂါဖြစ်နေသူတဦးကိုတွေ့ရှိခဲ့ပြီး အဲဒီလူဟာ သိပ်မကြာသေးခင်က ဆော်ဒီအာရေဗျနိုင်ငံကို သွားခဲ့တာဖြစ်ပါတယ်။ နှာခေါင်းနဲ့ပါးစပ်တွေကို ဖုံးအုပ်ထားကြဖို့ လက်ကို မကြာခဏဆေးဖို့အပါအ၀င် ရောဂါမကူးစက်နိုင်အောင် တခြားလုပ်စရာတွေကိုလုပ်ဖို့ ဆော်ဒီကျန်းမာရေးတာဝန်ရှိသူတွေက မှာကြားထားပြီး တချို့မိဘတွေက သူတို့ရဲ့ကလေးတွေကို ကျောင်းကို မသွားခိုင်းတော့ဘဲ အိမ်မှာပဲ နေခိုင်းထားပါတယ်။ ရိယာဒ့်၊ ဂျက်ဒါနဲ့ ဒမ်မန်မြို့တွေက ဆေးရုံ ၃ ခုကို MERS ရောဂါအထူးကုသဖို့အတွက် သတ်မှတ်ပေးထားပါတယ်။

MERS ရောဂါဟာ ကမ္ဘာတဝှမ်း လူ ၈၀၀ ကျော်သေဆုံးခဲ့တဲ့ SARS ရောဂါနဲ့ ဆက်စပ်မှုရှိတဲ့ရောဂါလည်းဖြစ်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ဘာမှ မသိသေးသလို ကုသဖို့ ဆေးဝါးလည်း မရှိသေးဘဲဖြစ်နေပါတယ်။

ရောဂါပိုးဘယ်လိုကူးစက်တယ်ဆိုတာ မသေချာသေးပေမယ့် ကုလားအုပ်တွေကနေ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဆော်ဒီကျန်းမာရေးဝန်ကြီး Abdullah al-Rabia
ဆော်ဒီကျန်းမာရေးဝန်ကြီး Abdullah al-Rabia
ဆော်ဒီ အာရေဗျနိုင်ငံမှာ MERS လို့ခေါ်တဲ့ အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် နောက်ထပ် လူ ၁၀ ယောက်သေဆုံး သွားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒီရောဂါကို စတင်တွေ့ရှိ ချိန်ကစပြီး သေဆုံးသူဦးရေဟာ ၁၀၂ ယောက် အထိရှိသွားခဲ့ပါပြီ။

တမူးမြို့၌ တရုတ်နိုင်ငံသား ရှစ်ဦးအား လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိ

Photo: တမူးမြို့၌ တရုတ်နိုင်ငံသား ရှစ်ဦးအား လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိ
Monday, April 28, 2014

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ ဧပြီ ၂၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံသား ရှစ်ဦးအား မော်တော်ယာဉ် တစ်စီး၊လက်နက်ငယ် ရှစ်လက်၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ ဆက်သွယ်ရေး စကားပြောစက် များ၊ မြန်မာနိုင်ငံ မြေပုံ တစ်ချပ်၊ တယ်လီဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်က တမူးမြို့အဝင် ၃ မိုင် စစ်ဆေးရေးဂိတ်သို့ ကလေးဘက်မှ ကားတစ်စီး မီးထိုးမောင်းနှင် လာသဖြင့် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့က စစ်ဆေးတားဆီးရာ ရပ်တန့်ပေးခြင်းမရှိဘဲ တမူးမြို့ အတွင်း မောင်းပြေးသဖြင့် ကားနောက်သို့ လိုက်လံဖမ်းဆီးခဲ့သည်။

အဆိုပါ မော်တော်ယာဉ်သည် မြို့အတွင်းမှ ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လှည့်မောင်းနှင်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မြို့အဝင် ၃ မိုင်ဂိတ်၌ ပိတ်ဆို့ဖမ်းဆီး ရမိခဲ့သည်။ ဖမ်းဆီးရမိသောကားမှာ တိုယိုတာ အမျိုးအစား Double Cab ဖြစ်ပြီး ယာဉ်ပေါ်တွင် တရုတ်လူမျိုးရှစ်ဦး စီးနင်းလိုက်ပါလာကာ ၎င်းတို့နှင့်အတူ လက်နက်ငယ် ရှစ်လက်၊ လက်နက်ငယ်ကျည် ၁၈၆ဝ တောင့်၊ လက်ပစ်ဗုံး ၃၁ လုံး၊ ဆက်သွယ်ရေး စကားပြောစက် ငါးလုးံ၊ တရုတ် စာဖြင့် ရေးသားထားသော မြန်မာနိုင်ငံ မြေပုံတစ်ချပ်၊ စစ်သုံးဓားမြှောင် သုံးချောင်း၊ လက်ကိုင်ဖုန်း လေးလုံး၊ စစ်သုံး ချပ်ဝတ်တန်ဆာ ရှစ်စုံ၊ အဝေးကြည့်မှန်ပြောင်း တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် တရုတ်လူမျိုးရှစ်ဦးမှာ စီချွမ်ပြည်နယ်နေ ကျန်းကျိန် ၁၇ နှစ်၊ ကျန်းယိန် ၁၇ နှစ်၊ ရန်ရှော်ဟုန် ၁၉ နှစ်၊ ကွမ်စီပြည်နယ်နေ ဖန်းစင်းချိန် ၂၁ နှစ်၊ ဟိုပေပြည်နယ်နေ လျှိုလျန် ၂၁ နှစ်၊ ကွေကျိုးပြည်နယ်နေ လျှိုယယ်ချန်း ၁၉ နှစ်၊ အန်းဝှီးပြည်နယ်နေ ဟန်လုလု ၂၅ နှစ်နှင့် လီထယ် ၂၂ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့အနက် ကားမောင်းသူ ဟန်လုလုအား စကားပြန်ဖြင့် ပဏာမစစ်ဆေး မေးမြန်းချက်အရ ၎င်းတို့အဖွဲ့သည် ကိုးကန့်နယ်မြေ တန့်ယန်းအထက်ဘက်ရှိ မိုင်းကြက်ရွာတွင် စစ်သင်တန်း တက်ရောက်နေရာမှ တပ်စုမှူးဖြစ်သူ ဝူကြာဖူဆိုသူအားသတ်ပြီး တက်မောင်းယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဖြစ်စဉ် အမှန် ပေါ်ပေါက်စေရေးအတွက် ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီ
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ ဧပြီ ၂၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံသား ရှစ်ဦး အား မော်တော်ယာဉ် တစ်စီး၊လက်နက်ငယ် ရှစ်လက်၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ ဆက်သွယ်ရေး စကားပြောစက် များ၊ မြန်မာနိုင်ငံ မြေပုံ တစ်ချပ်၊ တယ်လီဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် မိုးကြိုးပစ်ခံရ၍ ၂ ဦးသေဆုံး

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှကျေးရွာ၊ သာဝတ်္ထိရပ်ကွက်တွင် လူ(၁)ဦး မိုးကြိုးထိမှန်သေဆုံးကြောင်း သတင်းအရ မြို့လှ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရေတာရှည်မြို့နယ်၊ ဇီးဖြူတန်းကျေးရွာနေ ကျော်မျိုးကို(၂၀)နှစ်အား ၀မ်းဗိုက်/ယာပါးရိုး/ယာနားထင်/ မျက်ခုံး(၂)ခု အလယ် မီးလောင်၊ ယာချိုစောင်းပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။

နိုင်ငံတကာဘဏ်တခုရဲ့ မြန်မာပြည်အကြောင်း သုံးသပ်ချက်

Photo: နိုင်ငံတကာဘဏ်တခုရဲ့ မြန်မာပြည်အကြောင်း သုံးသပ်ချက်
Monday, April 28, 2014

နိုင်ငံတကာဘဏ်တခုက သုံးသပ်တင်ပြထားတဲ့ မြန်မာပြည်အကြောင်း သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ထုတ်ပြန်ရက်စွဲ - ၉ ဧပြီ ၂၀၁၄

အဆုံးမှာတော့ သုံးသပ်ချက်ရေးသားသူ Suan Teck Kin (UOB ဘဏ်၊ အကြီးတန်းစီးပွားရေးပညာရှင်) ရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ရှုရပါမယ်။

မြန်မာ - ခေတ်သစ်တစ်ခုသို့ကူးပြောင်းခြင်း

ဆယ်စုနှစ်လေးစုကြာ အထီးကျန်စွာ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် ၄င်း၏အာဆီယံအဖွဲ့ဝင်နိုင်ငံများနောက်သို့
အမီလိုက်ရန်နှင့် ဒေသတွင်းနှင့်နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း ပူးပေါင်းပါဝင်နိုင်ရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို
မျှော်ကိုးသည့် မူဝါဒလမ်းစဉ်များကို အားပြု၍ ပြုပြင်ပြောင်းလဲရေးရပ်တည်ချက်တစ်ရပ်ကို စတင်ကျင့်သုံးလာခဲ့သည်။

သိသားထင်ရှားသည့် အကျိုးဆက်တစ်ခုအဖြစ် မြန်မာနိုင်ငံသည် နိမ့်ကျခဲ့သည့် အနေအထားတစ်ခုမှ
ပြန်လည်အားယူနိုးထလာနိုင်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နံမှုများလည်း နိုင်ငံအတွင်းသို့ စီးဝင်လာခဲ့သည်။
တဆက်တည်းမှာပင် ငွေကြေးဖောင်းပွမှုပြဿနာများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ တစ်ဖက်စောင်းနင်းအခြေအနေများနှင့် ပတ်သက်၍
စိုးရိပ်ပူပန်စရာများ ရှိကောင်းရှိမည်ဖြစ်သော်လည်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ဆက်လက်မြင့်တက်ရန် အလားအလာကောင်းများ ရှိနေသည်ကို တွေ့ရသည်။

နိုင်ငံ၏ပထ၀ီအနေအထား၊ လူဦးရေအခြေအနေ၊ လျှံပယ်ပေါများသည့် သဘာဝသယံဇာတများ နှင့် ဆယ်စုနှစ်ပေါင်းများစွာ
ရင်းနှီးမြှုပ်နှံမှုများနှင့်ကင်းကွာနေခြင်း စသည့်အခြေအနေများက ပြည်ပရင်းနှီးမြှုပ်နှံသူတို့အား ဆွဲဆောင်လျက်ရှိသည်။
သို့သော် ပြုပြင်ပြောင်းလဲမှုအရှိန်ကိုထိန်းထားရန်နှင့် အခြေခံအဆောက်အဥဆိုင်ရာအခက်အခဲများနှင့်
ငွေကြေးဖောင်းပွမှုပြဿနာများကို အမြဲလေ့လာကြပ်မတ်ရန်မှာ အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

အထီးကျန်ခြင်းမှ ပြန်လည်နိုးထလာခြင်း

မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင်ကျင်းပသည့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည့်
အထွေထွေရွေးကောက်ပွဲမှတဆင့် ဆယ်စုနှစ်လေးစုကြာ အထီးကျန်ရပ်တည်ခဲ့မှုနှင့် စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်မှ
ပြန်လည်ရုန်းထွက်နိုးထလာခဲ့သည်။ ၎င်းသည် စစ်အစိုးရအုပ်ချုပ်မှုလက်အောက်မှ အရပ်သားဒီမိုကရေစီစနစ်သို့
အသွင်ကူးပြောင်းရာတွင် စီးပွားရေးပွင့်လင်းလာမှုနှင့် ပြုပြင်ပြောင်းလဲမှုနည်းလမ်းများကို ဖော်ဆောင်ပေးနိုင်ခဲ့သည့်အတွက်
တိုင်းပြည်အတွက် ထူးခြားသောအပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်။

ထိုအချိန်မှစ၍ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးမူဝါဒများပြောင်းလဲခြင်းတို့သည် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ
ပြောင်းလဲလာခဲ့သည်။ ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုကိုရှေ့ရှုသည့် ဥပဒေများ ထုတ်ပြန်လာနိုင်ခဲ့သည်။ အထူးသဖြင့် ၂၀၁၂
ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ထုတ်ပြန်နိုင်ခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီများသည်
မြန်မာနိုင်ငံအား အာရှ၏ နောက်ဆုံးလက်ကျန် စီးပွားရေးနယ်မြေသစ်အဖြစ် စိတ်အားထက်သန်စွာ အသိအမှတ်ပြုခဲ့ကြသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံရှိခဲ့ရာမှ ၂၀၁၃-၂၀၁၄
ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံအထိ ၃ ဆနီးပါး တဟုန်ထိုးတိုးတက်လာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာန၏ အဆိုအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၎
ဘီလီယံအထိရှိရမည်ဟု သတင်းဖော်ပြချက်များအရ သိရှိရသည်။

၂၀၁၃ ခုနှစ်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ခြင်းနှင့် ၂၀၁၄ တွင်
အာဆီယံဥက္ကဋ္ဌရာထူးကို လက်ခံခဲ့ခြင်းတို့သည်လည်း မြန်မာနိုင်ငံ၏ ဒေသတွင်းအသိုက်အ၀န်းနှင့်
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာတိုးတက်မှုများကို ဖော်ညွှန်းပြသလျက်ရှိသည်။ ယခုနှစ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံသည်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်းအဝေးနှင့် ဧပြီလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ
အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါသည်။ နောက်ထပ် အဓိက လုပ်ဆောင်ချက်
တစ်ရပ်အနေဖြင့် ၂၀၁၅ ခုနှစ်အကုန်တွင် အာဆီယံစီးပွားရေးလူ့အဖွဲ့အစည်း (ASEAN Economic Community)
ထူထောင်ရေးတွင်လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုကောက်နှုတ်ဖော်ပြချက်များသည် မြန်မာ့စီးပွားရေးပြန်လည်နိုးထသက်ဝင်လာခြင်းနှင့် အလားအလာကောင်းများအပြင်
အဓိကစိန်ခေါ်မှုအချို့ကို အထောက်အပံ့ဖြစ်စေမည့် အချက်အလက်များဖြစ်ပါသည်။
စီးပွားရေးပွင့်လင်းမြင်သာမှုနှင့် ပြုပြင်ပြောင်းလဲမှုများကို သွက်လက်မြန်ဆန်စွာအကောင်အထည်ဖော်နိုင်ခြင်း
မြန်မာနိုင်ငံအစိုးရသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲ ပြီးချိန်ကတည်းက
ဆယ်စုနှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့သည့်အချိန်များကို ပြန်လည်အသုံးချရန်နှင့် ကမ္ဘာ့စီးပွားရေးလောကအတွင်း
ပြန်လည်ပေါင်းစည်းရန်အတွက် စီးပွားရေးလုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများ၊ စီးပွားရေးမူဝါဒများတွင် သိသိသာသာ ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။
(အဓိကဆောင်ရွက်ချက်များကို အောက်ပါဇယားတွင်ကြည့်နိုင်ပါသည်)။ အစိုးရအကြီးအကဲများအနေနှင့်လည်း မြန်မာနိုင်ငံသည် တစ်ဦးတည်းအထီးကျန် ဆက်လက်ရပ်တည်ရန်
အခြေအနေမပေးတော့ကြောင်း သတိပြုမိကြသည်။ အထူးသဖြင့် အိမ်နီးချင်းအာဆီယံနိုင်ငံများသည် သိသာထင်ရှားသည့်
စီးပွားရေးတိုးတက်မှုများကို ဖော်ဆောင်နေကြပြီး ၂၀၁၅ ခုနှစ်ကုန်တွင် အာဆီယံစီးပွားရေးလူ့အဖွဲ့အစည်း (ASEAN Economic
Community) အတွင်းပူးပေါင်းပါဝင်ရန်ဆောင်ရွက်နေကြသောကြောင့်ဖြစ်သည်။

အဓိက စီးပွားရေးမူဝါဒဖွံ့ဖြိုးတိုးတက်မှုများ

၂၀၁၂ ခုနှစ် ဧပြီလ ၁ရက်။
နိုင်ငံခြားငွေလဲလှယ်နှုန်းကွာခြားမှုမျှတစေရန်ပြုလုပ်၊ ကျပ်ငွေဖောင်းပွမှု လျှော့ချရေးစီမံဆောင်ရွက်မှုကို စတင်လုပ်ဆောင်

၂၀၁၂ ခုနှစ် ဧပြီလ ၂၃ရက်။
အီးယူမှ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့်မှုများအားလုံးဆိုင်းငံ့

၂၀၁၂ ခုနှစ် မေလ ၁၇ရက်။
အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအတွင်းရင်းနှီးမြုပ်နှံမှုဆိုင်ရာပိတ်ပင်မှုကို ဆိုင်းငံ့ကြောင်းကြေငြာ

၂၀၁၂ခုနှစ် ဇွန်လ ၇ရက်။
သြစတေးလျမှ ကျန်ရှိနေသေးသော မြန်မာနိုင်ငံအပေါ် ငွေကြေးနှင့်ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့မှုများကို ပယ်ဖျက်

၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁ ရက်။
ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် ကမ္ဘာ့ဘဏ်မှ ပထမဦးဆုံးအကြိမ်အဖြစ် ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းစဉ်များပြန်လည်ဝင်ရောက်လုပ်ကိုင်

၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂ ရက်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်၊ ၁၉၉၈ခုနှစ်တွင် ထုတ်ပြန်ခဲ့သောဥပဒေကို ပြန်လည်ပြင်ဆင်ထုတ်ပြန်။
(ပိုမိုပြည့်စုံစေရန်နှင့် လက်တွေ့အသုံးချနိုင်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေသစ်ကို မတ်လ ၁၈ရက် ၂၀၁၃ခှုစ်တွင်ထုတ်ပြန်၊ ဥပမာ-နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကို ကန့်သတ်ထားသည့်ကဏ္ဍ ၁၁ခုတွင် ၈၀% ထိရင်းနှီးမြုပ်နှံခွင့်ပြု)

၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၉ရက်။
အမေရိကန်သမ္မတ Obama ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်

၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၂၈
ရက်။
Paris Club အကြွေးရှင်နိုင်ငံများမှ စုစုပေါင်း ကန်ဒေါ်လာ၆ဘီလီယံအကြွေးလွတ်ငြိမ်းချမ်းသာခွင့်ရရှိ

၂၀၁၃ခုနှစ် ဧပြီလ ၂၂ရက်။
အီးယူမှ လက်နက်ခဲယမ်းဝယ်ယူမှုမှလွှဲ၍ ကျန်သည့်ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှား

၂၀၁၃ခုနှစ် ဇူလိုင်လ ၁၁ ရက်။
သီးသန့်စီမံခန့်ခွဲမှုနှင့်လည်ပတ်နိုင်သော ဗဟိုဘဏ်တစ်ခုဖြစ်လာစေရန် လွတ်တော်မှ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေကှိပြဌန်း

၂၀၁၃ခုနှစ် ဇူလိုင်လ ၃၁ ရက်။
သမ္မတဦးသိန်းစိန်မှ ဇူလိုင်လ၂၀၁၅ခုနှစ်တွင် မြန်မာစတော့ရှယ်ယာလဲလှယ်မှု စနစ်ဖြစ်ပေါ်လာစေရေးအတွက် Securities Exchange ဥပဒေကို အတည်ပြုလက်မှတ်ရေးထိုး

၂၀၁၃ခုနှစ် သြဂုတ်လ ၂၉ ရက်။
ဆက်သယ်ွရေးဥပဒေသစ်ထွက်ပေါ်လာပြီး အောက်တိုဘာလ ၂၀၁၃ခုနှစ် တွင် သမ္မတဦးသိန်းစိန်မှ အတည်ပြုလက်မှတ်ရေးထိုး

၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်။
နော်ဝေအခြေစိုက် Telenor နှင့် ကာတာအခြေစိုက် Ooredoo တို့အား ဆက်သွယ်ရေးလိုင်စင်ချထားပေး

အထက်ပါဖော်ပြချက်သည် ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) နှုန်းထားကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပြီး ထိုနှိုင်းယှဉ်ချက်သည် ယခင်က အလွန်နောက်ကျကျန်ခဲ့သော မြန်မာနိုင်ငံ၏ ဆယ်စုနှစ်အတွင်း
ကြီးမားသော တိုးတက်ပြောင်းလဲလာမှုကို ဖော်ပြနေပါသည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံ၏အိမ်နီးနားခြင်းဖြစ်သော အာဆီယံနိုင်ငံများတွင် လူတစ်ဦးခြင်းဝင်ငွေမှာ ၂၀၁၃ခုနှစ်တွင် ကန်ဒေါ်လာ
၁၀၀၀ နှင့် အထက်တွင်ရှိပြီး၊ လွန်ခဲ့သော ဆယ်စုနှစ်က တစ်ဦးခြင်းလျှင် ကန်ဒေါ်လာ ၃၀၀ မှ ၅၀၀အကြားသာရှိခဲ့သည်။ သို့သော်
မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၂၀၀ စွန်းစွန်းမှစတင်ခဲ့သော်လည်း ၁၀၀၀အောက်တွင်သာဆက်လက်ရှိနေသည်။

အခြားသောနိုင်ငံများတွင် ဆယ်စုနှစ်အတွင်း အထင်ကြီးလောက်စရာ တိုးတက်မှုများကိုတွေ့ရှိရသည်။ အထူးသဖြင့်
တရုတ်နိုင်ငံကိုကြည့်မည်ဆိုလျှင် ယခင်ကအင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံတို့ရှိ လူတစ်ဦးခြင်းဝင်ငွေနှင့် သိပ်မကွာခဲ့သော်လည်း
ယခုအခါ တရုတ်နိုင်ငံ၏ ပျှမ်းမျှလူတစ်ဦးခြင်းဝင်ငွေမှာ ထိုနှစ်နိုင်ငံထက်များစွာ ကျော်လွန်နေပြီဖြစ်သည်။

သို့သော် IMF မှ မတ်လ၂၀၁၄တွင် နောက်ဆုံး ထုတ်ပြန်ခဲ့သော ၀န်ထမ်းများစစ်တမ်းအရ မြန်မာနိုင်ငံတွင် တိုးတက်
ပြောင်းလဲမှုအလားအလာကောင်းများရှိနေပါသည်။ ထိုစစ်တမ်းတွင် မြန်မာနိုင်ငံ၏တိုးတက်မှုမှာ ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ
အောင်မြင်သော နိုင်ငံရေးပြောင်းလဲမှုကြောင့် ပိုမိုခိုင်မာလာဖွယ်ရှိသည်ဟုဖော်ပြထားပါသည်။

IMF မှ မြန်မာနိုင်ငံ၏ ၂၀၁၂/၁၃
တိုးတက်မှုကို ၇.၃% အဖြစ်တိုးမြှင့်ပြင်ဆင်ထားပြီး ၂၀၁၄/၁၅ တွင် အဆောက်အအုံတည်ဆောက်မှုနှင့် ၀န်ဆောင်မှုတိုးတက်မှုတို့
ဆက်လက်ခိုင်မာနေပါက နိုင်ငံ၏စီးပွားရေးမှာ ၇၃/၄% တိုးတက်လာဖွယ်ရှိသည်ဟုခန့်မှန်းထားပါသည်။

ထိုကာလအတွင်း IMF မှ
မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုကို(၂၀၁၃/၁၄ နှစ်ကုန်ပိုင်းတွင် ၆.၇% ရှိခဲ့ရာမှ) ၂၀၁၄/၁၅နှစ်ကုန်တွင် မြင့်တက်လာသော
လျှပ်စစ်မီတာခနှုန်းထားနှင့် ဈေးကွက်လိုအပ်ချက်များအရ ၇% ရှိလာရန်မျှော်လင့်သည်။

လက်ရှိလိုငွေသည် (၂၀၁၃/၁၄တွင် -၄.၈%
ရှိခဲ့ရာမှ) ၂၀၁၄/၁၅တွင် ပြည်ပကုန်တင်သွင်းမှုမြင့်တက်လာမှုကြောင့် GDP၏ ၅.၁% ထိဆိုးရွားလာသည်ကိုဖော်ပြထားသည်။

ထိုသို့
FDI ဆက်စပ်တင်သွင်းမှုများမြင့်တက်လာခြင်းသည် လိုငွေကိုဖာထေးပေးနိုင်ရန်မျှော်လင့်ခဲ့သော်လဲ ပိုမိုဆိုးစေသည်ကို
တွေ့မြင်ရသည်။

အချုပ်အားဖြင့် IMF ၀န်ထမ်းများ၏နောက်ဆုံးစစ်တမ်းအရ မြန်မာနိုင်ငံတိုးတက်မှုမှာ အလားအလာကောင်းများ ရှိကြောင်း
ဖော်ပြထားပါသည်။ သို့သော် နိုင်ငံ၏ ပြင်ပမျှခြေအားနည်းမှုများနှင့် ငွေကြေးဖောင်းပွမှုဖိအားများကို အသားပေးတင်ပြသွားပါသည်။

ထိုအခြေအနေမှာ အခြေခံအဆောက်အဦပိုင်းဆိုင်ရာတွင် အခြားနိုင်ငံများနောက် ဆယ်စုနှစ်များစွာနောက်ကျကျန်ခဲ့သော
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲဖြစ်သောနိုင်ငံများတွင် ကြုံတွေ့နေကျဖြစ်သည့် အခြေအနေတစ်ရပ်လည်းဖြစ်ပါသည်။

ထို့ကြောင့်
အစိုးရမှကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံဗဟိုဘဏ်အား သီးခြားစီမံမူစနစ် ဖြင့်လည်ပတ်စေခြင်းနှင့်
တည်ငြိမ်မှုရှိသော ငွေလဲလှယ်နှုန်းများက မြန်မာနိုင်ငံသည်မှန်ကန်သည့် လမ်းကြောင်းပေါ်ရောက်ရှိနေကြောင်းကိုပြသနေပါသည်။

အခွင့်အလမ်းများနှင့် စိန်ခေါ်မူများ

ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကိုမြှင့်တင်ရန် လုပ်ဆောင်ဖွယ်ရာများစွာရှိနေသည်မှာ မလွဲဧကန်
ဖြစ်သည်။ အခြေခံအဆောက်ဦများချို့တဲ့မှုမှာ ဆိုးရွားသောပြဿနာတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၃၂% ကျော်ကျော်သာ
မြို့ပြတွင်နေထိုင်နိုင်ကြသည်။
(ထိုအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ၏ မြို့ပြတွင်နေထိုင်သောလူဦးရေးမှာ နိုင်ငံ၏ ၅၀.၇%၊
ဗီယက်နမ်နိုင်ငံတွင် ၃၁% နှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀%ခန့်အသီးသီးရှိနေကြပါသည်။) လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ၏
ထက်ဝက်အောက်သာ လျှပ်စစ်မီးရရှိပြီး ဗီယက်နမ်နိုင်ငံတွင်မူ လူဦးရေရာနှုန်းပြည့်မှာ လျှပ်စစ်မီးရရှိနေပြီး အင်ဒိုနီးရှားတွင်မူ
လူဦးရေ၏ ၇၃%မှာ လျှပ်စစ်မီးရရှိနေသည်ကိုတွေ့ရသည်။
ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍ ငွေကြေးသုံးစွဲမှုတို့ကဲ့သို့သော
အဓိကကျသည့် သုံးစွဲမှုအတိုင်းအတာများသည်လည်း မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာအခြေခံညွှန်းကိန်းများအရ
နောက်ကောက်ကျလျက် ရှိသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ကြီးမားသောအားသာချက်များနှင့် အခွင့်အလမ်းများကိုပိုင်ဆိုင်ထားသည့်အတွက် အရေးပါသော
အနေအထားတစ်ခုတွင်ရှိနေသည်ကို တွေ့ရသည်။

- သဘာဝအရင်းအမြစ်များဆက်နွယ်မှု၊ ခရီးသွားလာရေးကွန်ရက်ဆက်သွယ်မှုနှင့် ဈေးကွက်ချိတ်ဆက်မှုတို့အရ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံအကြား အရေးပါသောဆုံမှတ်နေရာတွင်တည်ရှိနေခြင်း
- အိန္ဒိယသမုဒ္ဒရာနှင့်ထိစပ်နေခြင်း
- လူဦးရေ သန်း(၆၀၀)ရှိသော အာဆီယဒေသအတွင်းရှိ လူဦးရေ သန်း(၆၀) ကိုပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်နေခြင်း
- (၇၈)ခုမြောက် ကမ္ဘာ့အကြီးဆုံး ရေနံတွင်းများနှင့် (၄၁)ခုမြောက် အကြီးဆုံးသဘာဝဓာတ်ငွေ့တွင်း စသည့် အရင်းအမြစ်များစွာကို အလျှံအပယ်ပိုင်ဆိုင်ထားခြင်း
- အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုများအတွက် အခြေခံအကျဆုံးလိုအပ်ချက်များမှစတင်လုပ်ဆောင်နေခြင်း

ဆယ်စုနှစ်များစွာ ရင်းနှီးမြုပ်နှံမှုများနှင့် ဝေးကွာခဲ့သည့်အနေအထားများကလည်း ယခုအခါ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူများအတွက် အောက်ပါနယ်ပယ်များတွင် အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးလျှက်ရှိသည်။
- စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ - ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားလိုင်းသွယ်တန်းတည်ဆောက်မှု
- ဟိုတယ်၊ တိုက်ခန်း၊ ကွန်ဒို၊ အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ (အဆိုပါလုပ်ငန်းများသည် မြန်မာနိုင်ငံသို့လည်ပတ်သူများနှင့် မြို့ပြတွင်အခြေချနေထိုင်ရန် ကြိုတင်မျှော်မှန်းထားသူများအတွက်
အရေးပါသောဖြေရှင်းမှုတစ်ခုဖြစ်သည်။)
- ကုန်ထုတ်လုပ်မှု - တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှလူမျိုးပေါင်းစုံပါဝင်သော စီးပွားရေးလုပ်ငန်းများကိုအထူးဆွဲဆောင်လျက်ရှိ
- ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆက်စပ်ကဏ္ဍများ (တိုးတက်လာသောဝင်ငွေနှင့် ချိန်ဆသုံးစွဲရေး)
- ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ

ဈေးကွက်စီးပွားရေးကိုအခြေခံသောဖွံြု့ဖိုးတိုးတက်မှုများကို ဖော်ဆောင်ပေးမည် စီးပွားရေးအခွင့်အလမ်းများစွာရှိနေသကဲ့သို့
စွန့်စားမှုများနှင့် စိန်ခေါ်မှုများစွာလည်းရှိနေသည်ကိုလည်းသတိပြုရမည်။

မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့်
စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲခြင်းများအတွက် မကြာသေးမီနှစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြဌာန်းခြင်းနှင့်
ငွေကြေးလဲလှယ်မှုနှုန်းနှင့် ဗဟိုဘဏလည်ပတ်မှုစနစ်ပြုပြင်ပြောင်းလဲရေး စသည်တို့ကဲ့သို့သော
အထင်ကြီးလောက်စရာလုပ်ဆောင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး နောင်အနာဂတ်တွင်လည်း ထိုကဲ့သို့သော
စီးပွားရေးပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်များကို ဆက်လက်တည်တံ့အောင်ထိန်းသိမ်းသွားရန်လိုအပ်ပါသည်။

အခြားသောစိန်ခေါ်မှုအခက်အခဲများမှာ ရင်းနှီးမြုပ်နှံမှုများစီးဝင်လာခြင်းနှင့်အတူကြုံတွေ့ရသည့် အခြေခံအဆောက်အဦဆိုင်ရာ
လိုအပ်ချက်များနှင့် ငွေကြေးဖောင်းပွမှုပြဿနာများဖြစ်သည်။

ထို့အပြင် ချေးငေမျွားကို ထိရောက်စွာခွဲဝေအသုံးပြုနိုင်ရန်အတွက်
ငွေကြေးနှင့် ဘဏ္ဍာရေးကဏ္ဍကိုလည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်သည်။ ဤတွင်
ပိုမိုလွတ်လပ်လာသည့် ငွေကြေးလဲလှယ်မှုနှုန်းထားနှင့် ပိုမိုလွတ်လပ်လာသည့် ဗဟိုဘဏ်လည်ပတ်မှုစနစ်သည်
ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံတကာငွေကြေးဈေးကွက်ဘက်မညီမျှမှုများအား လျှော့ချရေးအပြင် နိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍ
ရာနှုန်းပြည့်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မှုတို့တွင်လည်း အရေးပါသည့်အခန်းကဏ္ဍတွင် ရပ်တည်လျှက်ရှိပေသည်။
# # #

Appendix 1 – Myanmar: Key Figures At A Glance

Myanmar: Key Figures At A Glance

Memo

Land area 676,578 sq km 40th largest in the world
Population (July 2014 est) 55,746,253 25th largest in the world

Urban popluation 32.60%
Major urban area populations

Yangon 4.259 million
Mandalay 1.009 million
Nay Pyi Taw 992,000 (2009)

Health expenditures 2.0% of GDP (2011) Ranked 189th in the world
Education expenditures 0.8% of GDP (2011) Ranked 172nd in the world

Literacy rate 92.70%
Last election 7 November 2010
Next election due by December 2015

GDP (nominal) US$55.8 billion FY2012/13 est
GDP (nominal) MMK47,851 billion FY2012/13 est

GDP per capita (nominal) US$876 FY2013/14 est
Real GDP growth rate 7.30% FY2012/13 est
GDP composition by expenditure (2012 est.)

household consumption 80.80%
government consumption 3.80%

investment in fixed capital 16.60%
investment in inventories 0.40%

exports of goods and services 18.90%
imports of goods and services -20.40%

GDP composition by industries (2012 est.)
agriculture 38.80%

industry 19.30%
services 41.80%

Inflation rate (avg) 5.50% 2013
Inflation rate (latest) 4.40% Dec 2013

Fiscal Balance (% of GDP) -3.80% FY2012/13 est
Domestic public debt (% of GDP) 22.50% FY2012/13 est

Current account balance (% of GDP) -4.40% FY2012/13 est
Exports US$11.24 billion 2013

Top exports markets (2013; % share): TH 40.1%; CH 26.8%; IN 8.6%; SG 6.1%; JP 4.5%
Top exports (2013; % share): manufacture 40%; agri 24.6%; minerals 9.6%

Imports US$12.04 billion 2013
Top import partners (2013; % share): CH 30%; SG 20.4%; JP 10.2%; SK 10%; TH 9.6%

Top imports (2013; % share): capital goods 47.9%; intermediate 30.3%: consumer 21.8%
Trade Balance -US$799.4 million 2013

Official reserves US$4.6 billion FY2012/13 est
Total external debt US$13.5 billion FY2012/13 est

Total external debt (% of GDP) 24.2% FY2012/13 est
Exchange Rate (MMK per USD) 983.89 end-Feb 2014

Central Bank Policy Rate (%) 10.0 end-Dec 2013
Total deposit MMK14,352 billion Oct 2013

Total deposit to GDP (%) 24.5% 2012/13
Credit to private sector (%y/y change) 55.7% Oct 2013

Private sector credit to GDP (%) 10.2% 2012/13
Inward Foreign Direct Investment US$2.2 billion 2012

Stock of Foreign Direct Investment US$11.9 billion end-2012
Crude oil - proved reserves 50 million bbl Ranked 78th in the world

Natural gas - proved reserves 283.2 billion cu m Ranked 41st in the world
Source: CIA World Factbook; IMF; UNCTAD; CEIC; UOB Econ-Treasury Research est

ရေးသားသူ ကိုယ်ရေးအကျဉ်း

Suan Teck Kin
အကြီးတန်းစီးပွားရေးပညာရှင်၊ United Overseas Bank

Mr.Suan Teck Kin သည် စီးပွားရေးပညာရှင်အဖြစ်၂၀၀၆ ခုနှစ်တွင် United Overseas Bank တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

သူသည် စီးပွားရေးနှင့်နိုင်ငံခြားငွေလဲလှယ်မူသုတေသနကို တရုတ်၊ဟောင်ကောင်နှင့်
တရုတ်ပေကျင်း တို့တွင်အဓိကထားဆောင်ရွက်လျှက် ရှိပြီး အရှေ့တောင်အာရှဒေသမှာ သူ၏ဒုတိယဦးစားပေး
သုတေသနနယ်ပယ်ဖြစ်သည်။

Economic-Treasury Research ၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည် အဖွဲ့၏ ဈေးကွက်အမြင်များကို
ဘဏ်စီမံခန့်ခွဲရေးအဖွဲ့နှင့် စင်္ကာပူနိုင်ငံနှင့်အခြားနိုင်ငံများရှိ ဘဏ်ဝန်ဆောင်မူကိုအသုံးပြုသူများသို့
အမြဲရှင်းလင်းတင်ပြသည်။

ကျယ်ပြန့်သောအမြင်ဖြင့် စီးပွားရေးပညာလေ့လာမူနှင့် ရှယ်ယာတန်ဖိုး သုတေသနပြုလုပ်ခြင်း တို့တွင်
ဆယ်နှစ်ကျော်ကြာအတွေ့အကြုံရှိပြီး အင်္ဂလိပ်ဘာသာစကားနှင့် တရုတ်ဘာသာစကားကိုကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်မူကြောင့်
Teck Kin သည် Bloomberg၊ CNBC၊ Channel News Asia နှင့် Channel 8 တို့ အပါအ၀င် စင်္ကာပူနှင့် နိုင်ငံတကာ
မီဒီယာများမှတွေ့ဆုံမေးမြန်းကို အမြဲလက်ခံဖြေကြားရပြီး အွန်လိုင်းစီးပွားရေးသတင်းဌာနများဖြစ်ကြသော AFX နှင့် Thomson-
Reuters တို့မှ သူ၏စီးပွားရေးအမြင်နှင့် ဈေးကွက်သဘောထားအမြင်များကို မကြာခဏထည့်သွင်းဖော်ပြကြသည်။

Teck Kin သည် ကနေဒါနိုင်ငံ Simon Fraser တက္ကသိုလ်မှ စီးပွားရေးပညာရပ် အထူးပြုဖြင့်မဟာဘ့ကွဲိုရရှိထားပြီး စီးပွားစီမံခန့်ခွဲမူဘွဲ့ကိုလည်းရရှိထားသည်။

ထို့ပြငသ်ူသည် CFA အသိအမှတ်ပြုလက်မှတ်ကိုင်ဆောင်ထားသူတစ်ဦးလဲဖြစ်သည်။

# # #

မီဒီယာများစုံစမ်းမေးမြန်းရန်

Jean Khong Lye Yee
Senior Vice President
Group Brand Performance and Corporate Communications
United Overseas Bank Limited
Mobile: (65) 9791-2300
DID: (65) 6539-3981

စိုးသူရ
Account Director
Vero Public Relations Myanmar
Mobile: (95) 943168468

ဧရာဝတီ
နိုင်ငံတကာဘဏ်တခုက သုံးသပ်တင်ပြထားတဲ့ မြန်မာပြည်အကြောင်း သုံးသပ်ချက်ကို ဖော်ပြပေးလိုက် ပါတယ်။ ထုတ်ပြန်ရက်စွဲ - ၉ ဧပြီ ၂၀၁၄ အဆုံးမှာတော့ သုံးသပ်ချက်ရေးသားသူ Suan Teck Kin (UOB ဘဏ်၊ အကြီးတန်းစီးပွားရေးပညာရှင်) ရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ရှုရပါမယ်။

အလွန်ရှားပါး လှသည့် အပြာရောင်ရှိ စိန်ပွင့်ကြီးတစ်ပွင့် ဂျီနီဗာမြို့တွင် လေလံတင် ရောင်းချ သွားမည်

Photo: အလွန်ရှားပါး လှသည့် အပြာရောင်ရှိ စိန်ပွင့်ကြီးတစ်ပွင့် ဂျီနီဗာမြို့တွင် လေလံတင် ရောင်းချ သွားမည်
Monday, April 28, 2014

ကမ္ဘာကျော် လေလံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Chrstie's ကုမ္ပဏီသည် အလွန်ရှားပါး လှသည့် အပြာရောင် စိန်ပွင့်ကြီး တစ်ပွင့်ကို လေလံ တင်ရောင်းချ သွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

အလေးချိန်အားဖြင့် ၁၃ ဒသမ ၂၂ ကာရက်ရှိ အဆိုပါ စိန်ကြီးကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့၌ မေ ၁၄ ရက်တွင် ရောင်းချရန် စီစဉ်ထားပြီး ယင်းစိန်ကြီးကို ကာလ ပေါက်ဈေး ဒေါ်လာ ၂၁ သန်းမှ၂၅ သန်း အကြား ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဟု လေလံ ကုမ္ပဏီက မျှော်မှန်းထားသည်။

ကမ္ဘာ့အကြီးဆုံး အပြစ်အနာအဆာ ကင်းသည့် အဆိုပါ စိန်ပွင့်ကြီးကို တောင်အာဖရိကနိုင်ငံ အတွင်းမှ တူးဖော်ရရှိခဲ့သည်ဟု ယူဆရပြီး ယင်းစိန်ပွင့်ကြီးကို လက်ရှိ ပိုင်ဆိုင်ထားသူ အား လေလံ ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားခြင်းမရှိကြောင်း သိရသည်။ ယင်းစိန်ပွင့်ကြီးကို ဧပြီ ၂၄ရက်တွင် တရုတ်နိုင်ငံ ဟောင်ကောင်မြို့၌ ထုတ်ဖော် ပြသ ခဲ့ကြောင်းသိရသည်။

မြ၀တီ
ကမ္ဘာကျော် လေလံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Chrstie's ကုမ္ပဏီသည် အလွန်ရှားပါး လှသည့် အပြာရောင် စိန်ပွင့်ကြီး တစ်ပွင့်ကို လေလံ တင်ရောင်းချ သွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

ဘက်စုံပညာထူးချွန်စခန်း (ပုဂံ) သို့ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးရောက်ရှိလာကာ ပုဂံနှင့် ၀န်းကျင်ဒေသများသို့ လေ့လာလည်ပတ်မည်

Photo: ဘက်စုံပညာထူးချွန်စခန်း (ပုဂံ) သို့ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးရောက်ရှိလာကာ ပုဂံနှင့် ၀န်းကျင်ဒေသများသို့ လေ့လာလည်ပတ်မည်
Monday, April 28, 2014

၂၀၁၄ ခုနှစ်၊ အဋ္ဌမတန်း ဘက်စုံပညာ ထူးချွန်ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘက်စုံပညာထူးချွန်စခန်း (ပုဂံ) သို့ဧပြီ ၂၆ ရက် ညနေပိုင်းက ရောက်ရှိခဲ့ရာ ပုဂံဒေသ အပါအ၀င် အနီးဝန်းကျင်ရှိ ချောက်ရေနံမြေ၊ စလေရုပ်စုံကျောင်း၊ ပုပ္ပားနှင့် ပခုက္ကူဒေသများအား သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ မနက်ဖြန်က ဖွင့်ပွဲအခမ်းအနားပေါ့။ ပြီးရင် နေ့ခင်းကြတော့ ပုဂံဘုရားဖူးပေါ့။ ညပိုင်းမှာတော့ ဂုဏ်ပြုညစာစားပွဲပေါ့။ ၂၉ ရက်မှာတော့ ပုပ္ပားတောင်ကလပ်၊ ပရဆေးဥယျာဉ်၊ သစ်တောဥယျာဉ်တွေ လေ့လာမှာပါ။ ပြီးရင် စခန်းပြန်၊ နောက် ၃၀ ရက်ကြတော့ ချောက် ရေနံချက်စက်ရုံတို့၊ စလေဓာတ်မြေသြဇာစက်ရုံတို့ နေ့ခင်းပိုင်းကျတော့ စလေရုပ်စုံကျောင်းတို့ လေ့လာမယ်။ နောက်တစ်ရက်ကြတော့ ပခုက္ကူ ဘုရားတွေ လေ့လာမယ်။ ပခန်းကြီးတို့ လေ့လာမယ်။ မေ ၂ ရက်နေ့မှာ စခန်းကနေ ပြန်ထွက်ပါမယ်။ နေပြည်တော်ကို သွားရမယ်” ဟု ပုဂံစခန်းမှူး ဒေါက်တာစိုးမြင့်ထွန်းက ပြောကြားသည်။ ပုဂံစခန်းအား ပုဂံအထကကျောင်းတွင် ဖွင့်လှစ်ထားပြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအတွက် ဆေးခန်းကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ပုဂံစခန်းသို့ ရောက်ရှိလာသော ဘက်စုံပညာ ထူးချွန်အဖွဲ့တွင် လူရည်ချွန်ကျောင်းသား ၈၉ ဦး၊ ကျောင်းသူ ၈၇ ဦး၊ စုစုပေါင်း ၁၇၆ ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမများ လိုက်ပါလာပြီး ဧပြီ ၂၈ နံနက် ၆ နာရီတွင် ပုဂံရွှေဆံတော်ဘုရား အနီးတွင် စခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group  

ဘက်စုံပညာထူးချွန်စခန်း (ပုဂံ)သို့ ရောက်ရှိလာသည့် ဘက်စုံပညာထူးချွန် ကျောင်းသား/ကျောင်းသူများကို တွေ့ရစဉ်
ဘက်စုံပညာထူးချွန်စခန်း (ပုဂံ)သို့ ရောက်ရှိလာသည့် ဘက်စုံပညာထူးချွန် ကျောင်းသား/ကျောင်းသူများကို တွေ့ရစဉ်

၂၀၁၄ ခုနှစ်၊ အဋ္ဌမတန်း ဘက်စုံပညာ ထူးချွန်ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘက်စုံပညာထူးချွန်စခန်း (ပုဂံ) သို့ဧပြီ ၂၆ ရက် ညနေပိုင်းက ရောက်ရှိခဲ့ရာ ပုဂံဒေသ အပါအ၀င် အနီးဝန်းကျင်ရှိ ချောက်ရေနံမြေ၊ စလေရုပ်စုံကျောင်း၊ ပုပ္ပားနှင့် ပခုက္ကူဒေသများအား သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်ထမ်းဆောင်လိုသည့် အခွန်ထမ်းများလည်း ဆက်သွယ်ဆောင်ရွက်နိုင်

Photo: အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်ထမ်းဆောင်လိုသည့် အခွန်ထမ်းများလည်း ဆက်သွယ်ဆောင်ရွက်နိုင်
Monday, April 28, 2014

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဆက်သွယ်အကြောင်းကြားခြင်း မရှိသော်လည်း အခွန်ထမ်းများအနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်တာဝန် ထမ်းဆောင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ အကြီးဆုံး အခွန်ထမ်းများအတွက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ပြီး သယံဇာတ တူးဖော်ထုတ်ယူရေး၊ ဆက်သွယ်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည့်လုပ်ငန်းများ၊ ကုမ္ပဏီအုပ်စုများ၊ အများပိုင်ကုမ္ပဏီများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကဲ့သို့ သီးသန့်လုပ်ငန်း ကဏ္ဍများကို အဆိုပါအခွန်ရုံးတွင် အခွန်ဆောင်ရန် ရွေးချယ်သတ်မှတ်ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် အခွန်ပေးရမည့် အခွန်ဝန်ထမ်းများကို ၂၀၁၄ ခုနှစ် မေ ၃၀ ရက် နောက်ဆုံးထားကာ အဆိုပါရုံးမှ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဆက်သွယ်အကြောင်းကြားခြင်း မရှိသည့် အခွန်ထမ်းများအနေနှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်တာဝန် ထမ်းဆောင်လိုပါကလည်း သတ်မှတ်ပုံစံနှင့်အတူ နောက်ဆုံးဆောင်ရွက်ခဲ့သည့် စာရင်းစစ်ထားပြီးဖြစ်သော ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ ပူးတွဲလျက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့ ၂၀၁၄ ခုနှစ် မေ ၉ ရက် နောက်ဆုံးထား တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ အဆိုပါ လျှောက်ထားလွှာကို သုံးသပ်ပြီး လျှောက်ထားလာသည့် အခွန်ထမ်းကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ အခွန်ထမ်းအဖြစ် သတ်မှတ်မည် သို့မဟုတ် မူလအခွန် ထမ်းဆောင်နေသည့်ရုံးတွင်ပင် ဆက်လက်ဆောင်ရွက်စေမည် သို့မဟုတ် အခွန်ထမ်းသစ်ဖြစ်ပါက မည်သည့်ရုံးတွင် အခွန်ထမ်းဆောင်ရမည်ကို အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အမှတ် (၁၂၈-၁၃၂) တွင် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သောအခွန် ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

Eleven Media Group  

ဧပြီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ကို တွေ့ရစဉ် 
ဧပြီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ကို တွေ့ရစဉ်
အခွန် ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးက ဆက်သွယ်အကြောင်းကြားခြင်း မရှိသော်လည်း အခွန်ထမ်းများ အနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်တာဝန် ထမ်းဆောင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။