တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး တွင် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ် သည့် ပြည်တွင်းမှ ကျွမ်းကျင်လုပ်သား များ၊ အတတ်ပညာကျွမ်းကျင်သူများ ရှားပါးနေခြင်းကို ဖြည့်ဆည်းပံ့ပိုးနိုင် ရန်အတွက် နိုင်ငံတော်အစိုးရ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် လူမှုအဖွဲ့အစည်း တစ်ခုတို့က ပူးပေါင်းကာ သင်တန်း များဖွင့်လှစ်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။
Wednesday, 23 April 2014
ငွေချေးသက်သေခံလက်မှတ် နည်းဥပဒေ ရေးဆွဲပြီးဟုဆို
အရင်းအနှီး ဈေးကွက်ကို ကိုင်တွယ် ကြပ်မတ်မည့် အရေးကြီး နည်းဥပဒေဖြစ်သော ငွေချေး သက်သေခံ လက် မှတ်များ လဲလှယ် ရောင်းဝယ်ရေး နည်းဥပဒေကို ရေးဆွဲပြီးပြီ ဖြစ်ကြောင်း မြန်မာငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) မှ ညွှန်ကြားရေးမှူး ဒေါ်တင်မေဦးက The Voice သို့ ပြော ကြားသည်။
ကမ္ဘာ့ထိပ်တန်း ဂျပန် ကုမ္ပဏီကြီးတစ်ခု ရန်ကုန်မြို့၌ ရုံးခွဲဖွင့်ပြီး ဧပြီ ၂၅ ရက်တွင် လုပ်ငန်း စတင်မည်
ကမ္ဘာ့ထိပ်တန်း ဂျပန်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Mistubishi Electric Corporation သည် ရန်ကုန်မြို့တွင် ရုံးခွဲလာရောက် ဖွင့်လှစ်ပြီး ဧပြီ ၂၅ ရက်တွင် လုပ်ငန်းစတင် လည်ပတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ကချင်စစ်ပွဲဒဏ်ခံကလေးများကို ထောက်ပံ့ကူညီရန် UNICEF စတင်
ကေအိုင်အေနှင့် တပ်မတော်အကြား ဧပြီလဆန်းက
စတင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော
ကလေးသူငယ်များအတွက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က အရေးပေါ်
ကယ်ဆယ်ရေး ပစ္စည်းများနှင့် လူမှုရေး ဝန်ထမ်းများ စေလွှတ်ရန်
စတင်လုပ်ဆောင်နေ ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UNICEF
ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဗိန်းဘဲလ် က ပြောကြားသည်။
ထိုင်းဝန်ကြီးချုပ်ကို ရက်ပိုပေးမပေး ဆုံးဖြတ်မည်

လက်ရှိအစိုးရကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့ဝင်တွေ (Credit: AFP)
၂၀၁၁ ခုနှစ်တုန်းက ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီဥက္ကဋ္ဌကို ရာထူးအပြောင်းအလဲ လုပ်တဲ့နေရာမှာ ၀န်ကြီးချုပ်ရဲ့ အာဏာကို အလွဲသုံးစား လုပ်မလုပ်ဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝဒ် ကို စစ်ဆေးဖို့ ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်ချက်ချတဲ့အပေါ် အချိန်ပိုပေးဖို့ ထိုင်းဝန်ကြီးချုပ် က တောင်းဆို ထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် ၁၅ ရက် အချိန်ပိုပြီး ပေးမပေးကို ထိုင်းတရားရုံးက ဒီကနေ့မှာ ဆုံးဖြတ် သွား မှာ ဖြစ်ပါတယ်။
ပြစ်မှုထင်ရှားခဲ့ရင်တော့ သူမ အပါအ၀င် သူ့ရဲ့ ကက်ဘီနက် ၀န်ကြီးအဖွဲ့တွေဟာ ရာထူးက ဖယ်ရှား ခံရမှာ ဖြစ်ပါတယ်။
ရှပ်နီအဖွဲ့လို့ လူသိများတဲ့ လက်ရှိထိုင်းအစိုးရကို ထောက်ခံသူတွေကတော့ အခုကိစ္စကို တရားရေးနဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်လို့ မြင်ကြပြီး ဘန်ကောက် လမ်းမတွေပေါ်မှာ ဆန့်ကျင် ဆန္ဒပြ နေကြပါတယ်။
အလားတူပဲ ထိုင်းအစိုးရ ဆန့်ကျင်သူ တွေကလည်း မြို့တော် ဘန်ကောက်မှာ သပိတ် တိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲ နေကြပါတယ်။
လက်ရှိ ထိုင်းနိုင်ငံရေး မငြိမ်သက်မှုတွေဟာ အခုဆိုရင် ၆ လ ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ABC Radio Australia
မော်လမြိုင်မြို့ကို လျှပ်စစ်မီး စတင်ပေးတော့မယ်

လျှပ်စစ်မီးတိုင် (Credit: ABC)
ဧပြီလကုန်ပိုင်းကျရင် သဘာဝဓါတ်ငွေ့နဲ့ စွန့်ပစ်အပူသုံး ဓါတ်အားပေး စက်ရုံစီမံကိန်းကနေ ထွက်လာတဲ့ လျှပ်စစ် ဓါတ်အား ၄၃.၅ မဂ္ဂါဝပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ကို စတင် ထုတ်လွတ် ပေးတော့မယ်လို့ သိရပါတယ်။
လူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ

ကွမ်လှာကျေးရွာအဝင်လမ်းအား မြင်ရပုံ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၌ ဇာတ်သဘင်ပွဲကျင်းပနေစဉ် ပွဲခင်းရံပုံငွေဆိုင်တစ်ဆိုင် မှ ဈေးရောင်းနေသူအသက် ၁၉ နှစ်အရွယ်မိန်းမပျို ၂ ဦးအား လူငယ်တစ်စုမော်တော်ကားပေါ် အဓ္ဓမ ဆွဲတင်ပြေးခဲ့သည့်ဖြစ်စဉ်တွင် တရားခံဟုယူဆရသူ လူငယ် ၃ ဦးဖမ်းဆီးရမိပြီး ကျန် ၄ ဦးလွတ်မြောက်နေ ဆဲဟု သိရသည်။
ကိုရီယားသင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်

အသုဘအခမ်းအနားများ အင်္ဂါနေ့မနက်ပိုင်းမှ စတင်ပြီး သင်္ဘောနစ်မြုပ်ရာ ဒေသနှင့်နီးစပ်ရာဒေသများတွင် အဆက်မပြတ် ကျင်းပလျက်ရှိနေသည်။ လွန်ခဲ့သည့် ၆ ရက်ခန့်က ကိုရီယားကျွန်းဆွယ် အနောက် တောင် ဘက်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်သွားခဲ့သည့် Sewol သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံး သူဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၂၈ ဦးကို သေဆုံးပြီ ဟု အတည်ပြုနိုင်ခဲ့ပြီး ၁၇၄ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။
အလောင်းတော် ကဿပတွင် သစ်ခိုးထုတ်မှု မြင့်တက်

မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးရမိသော တမလန်းသစ်များ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ယခင်နှစ်များက ထက် သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း ယင်းမာပင်မြို့နယ် ရဲစခန်းမှ သိရသည်။
ဂျပန်နှင့် ဂျာမနီက SME ချေးငွေ ပေးရန် ပြည်တွင်း ဘဏ်များ ရွေးချယ်ပြီးစီး

ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ်
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ဂျာမနီ နိုင်ငံတို့က ပြည်တွင်းရှိ အသေးစားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းများ(SME) သို့ ချေးငွေ အထောက်အပံ့များ ပေးနိုင်ရန် အတွက် ဘဏ်များ ရွေးချယ်ပြီး ဖြစ်ကြောင်း သိရ သည်။
အတိုက်ခံရသည့် MAI လေယာဉ် ဆုံးရှုံးမှု တန်ဖိုး တွက်ချက်နေဆဲ

လေယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် မြင်ရစဉ်
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြီးခဲ့သည့် အပတ်အတွင်း ရွှေမြန်မာ လေကြောင်း လိုင်း ပိုင် လေယာဉ် တစီး က အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) ပိုင် လေယာဉ် တစီးကို မတော်တဆ ထိခိုက်မှုနှင့် ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုး တွက် ချက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် စည်းကြပ်နှစ်ထက် ကျပ်ငါးဘီလျံပို၍ ကျပ် ၂၂ ဘီလျံကျော်အထိ အခွန်ပေးဆောင်ထား

ကမ္ဘောဇဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်
ကမ္ဘောဇလုပ်ငန်းစုများ လက်အောက်ရှိ ကမ္ဘောဇဘဏ် လီမိတက်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် ဘဏ္ဍာနှစ်ထက် ကျပ်ငါးဘီလျံ ပိုမိုပေးဆောင်ထားပြီး စုစုပေါင်း ကျပ်ဘီလျံ ၂၂ ဘီလျံအထိ ပေးဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။
ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်

ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက်မှု လည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိ လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
အပူဒဏ် မခံနိုင်၍ မန်းသားတို့ လွန်ဆွဲ ကြပြီ

မန္တလေးမြို့တွင် အပူရှိန်လွန်ကဲမှုကြောင့် အပူဒဏ် မခံနိုင်၍ မြန်မာ့ဓလေ့ တစ်ရပ်ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲ ကို ယနေ့ ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အကွက် ၂၂ဝ၊ မရမ်းခြံရပ်၊ ကမ်းနားလမ်းပေါ်တွင် ကျင်းပရာ အမျိုးသား/ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင် ဆွဲကြသည်။''လွန်ဆွဲရာမှာ အမှားအယွင်း ရှိလို့ မဖြစ်ပါဘူး။ ပွဲတွေပေးရတယ်။ မိုးခေါင်ကျော်စွာနတ်၊ သာသနာစောင့် နတ်မင်းကြီး လေးပါး၊ စက်ပွဲ၊ ဆိုင်းပွဲ၊ လွန်းကြိုးပွဲတွေ ပေးရပါတယ်။ ဒီနေ့က သုံးချီ သုံးလားဆွဲတာပါ။ မနက်ဖြန် ငါးချီ ငါးလား၊ သန်ဘက်ခါ ခုနစ်ချီ ခုနစ်လား ဆွဲမှာပါ'' ဟု မိုးခေါ်လွန်ဆွဲပွဲ ဖြစ်မြောက်ရေး အလှူရှင် ဦးလွင်က ရှင်းပြသည်။
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေသော CPI ကုမ္ပဏီ၏ အကူအညီဖြင့် ကချင်ပြည်နယ်ရှိ သတင်းစာဆရာများ တရုတ်နိုင်ငံသို့ သွားရောက်
ကချင်ပြည်နယ် သတင်းစာဆရာများသည် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေသော CPI ကုမ္ပဏီ ၏ အကူအညီဖြင့် တရုတ်နိုင်ငံရှိ ယင်းကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် အထင် ကရ နေရာများကို ဧပြီ ၁၃ ရက်မှ ဧပြီ ၂၁ ရက်အထိ ကိုးရက်ကြာ လေ့လာရေးခရီး သွားရောက် ခဲ့ပြီး မြစ်ဆုံစီမံကိန်းကို ၂၀၁၅ တွင် ပြန်လည်စတင်လိုကြောင်း CPI ဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု အဆိုပါခရီးစဉ်ကို လိုက်ပါခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။
ချင်းတွင်းတံတား(မုံရွာ)တွင် ကားတစ်စီးတိမ်းမှောက် ၃ ဦးသေ ၁၁ ဦးဒဏ်ရာရ
ချင်းတွင်းတံတား(မုံရွာ)တွင် ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် သုံးဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိသွားသည့် ဖြစ်စဉ်တစ်ခု ဧပြီလ ၂၂ ရက် ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာဒု-တပ်ဖွဲ့ခွဲရုံး၏ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။
လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး

ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာ များတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုး များ ရွာသွန်း မှုကြောင့် အဖွား အို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ စပျစ်ခြံများ ခြံ လုံးကျွတ် ပျက်စီး သွားကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြားအဖွဲ့အစည်းအဖြစ် ရပ်တည်ရန် စီစဉ်
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင် ကို သီး ခြား အဖွဲ့အစည်းအဖြစ် ရပ်တည် ရန် သက်ဆိုင်ရာသို့ တင်ပြထား ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေး မှူးချုပ်ဦးအောင်နိုင်ဦးက ပြော ကြားသည်။
ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ
ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင် ၀တ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား ရေဝေး သုသာန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြီး ဂူသွင်းသဂြုင်္ိဟ်မည်

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်မှုအတွက် ရန်ကုန်တက္ကသိုလ် ယုဒဿ န်ရိပ်သာတွင် အောက်မေ့ဖွယ်အခမ်းအနား ပြင်ဆင်ထားစဉ်
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်း အနားအား ရေဝေးသုသာန်တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။
Subscribe to:
Posts (Atom)