တောင်အာဖရိက
ရှိသပိတ် မှောက် ဆန္ဒပြ နေသည့် ပလက်တီနမ် သတ္တုတွင်း အလုပ်သမား များသည်
၎င်းတို့ လုပ်ကိုင်နေသည့် ကုမ္မဏီများက (၇) ရာခိုင်နူန်း လုပ်ခ လစာ
တိုးမြှင့်ပေးရန် ကမ်းလှမ်း ချက်ကို ကြာသာပတေးနေ့တွင် ပယ်ချလိုက်ကြောင်း
သိရသည်။
Friday, 31 January 2014
ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ် ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘော လုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။
မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့

မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကား လမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ်ထား သောကြောင့် နှစ်နိုင်ငံပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော်သမ္မတက ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ် လွှာ ပေးပို့ လိုက်သည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရေးပါသည့် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း ဗြိတိန်ဝန်ကြီး ပြောကြား
မြန်မာနိုင်ငံသို့
ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေသော အာရှဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေး
ဝန်ကြီး Hugo Swire က ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်
ကူးပြောင်းရေး သည် အားတက်ဖွယ် ရာ ဖြစ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရမည့်
ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်း ချမ်းရေး
လုပ်ငန်းစဉ်များသည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဇန်န၀ါရီ ၃၀ ရက်က
ဗြိတိသျှကောင်စီ တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ပျူမြို့ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု

BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။
Thursday, 30 January 2014
ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ
ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြား ခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ခန့်တွင် KIA အဖွဲ့ဝင်များမှ ပြင်းထန်စွာ ထိုးကြိတ်ရိုက်ပုတ်နှိပ်စက် ပြီး ငွေခြောက်သောင်း တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ပြည်သူ့အတွက် အကျိုးရှိတဲ့ ဟောပြောမှုသာ ဖြစ်ပါစေ
အခုတလော
၈၈မျိုးဆက် (ငြိမ်း/ပွင့်) မှ ကိုမင်းကိုနိုင်တစ်ယောက် စာပေဟောပြောပွဲတွေ
အတော်လေး စိတ်နေတာ တွေ့ရပါတယ်။ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့်
ပြည်သူလူထုအတွက် အသိဥာဏ် ဗဟုသုတ တိုးပွားစေတဲ့အတွက် စာပေဟောပြောပွဲတွေ
များများပြုလုပ်နိုင်လေ ပြည်သူလူထုအတွက် အကျိုးရှိ လေလေ
ဖြစ်ပါတယ်။စာပေဟောပြောပွဲ တွေကနေ ပြည်သူတွေ အသိဥာဏ် တိုးပွားရုံသာမက တိုင်းပြည် အတွက်လည်း အပေါင်းလက္ခဏာ ဆောင်ပါတယ်။
၄၅ ရက် သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီး ကျင်းပမည်
မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နွယ်ခွေရပ်ကွက် ဗိုလ်တေဇလမ်း ဇေယျာသီရိကျောင်း သစ္စာဥာဏ်ပွင့် ဓမ္မ ရိပ်သာ၌ သံဝေဂ ဆရာတော် အရှင်သောမ၏ သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီးကို ဖေဖော်ဝါရီ ၁၈ ရက်မှ ဧပြီ ၃ ရက် အထိ ၄၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြင်သာ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနရုံး၌ အာမခံရုံးခွဲ လာရောက် ဖွင့်လှစ်မည် ဆိုပါက နေရာ စီစဉ်ပေးမည်
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြင်သာကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ရုံးတွင် အာမခံရုံးခွဲ လာရောက် ဖွင့်ပေးမည်ဆိုပါက နေရာစီစဉ်ပေးမည်ဖြစ်ကြောင်း မြင်သာ က-ည-န ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
Monday, 27 January 2014
Look Younger Secrets အသက်ရပေမဲ့ ဆက်လှချင်သလား
• Start With Primer (ပရိုင်မာ) အခြေခံက စပါ
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။
ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်
အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့် ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
Friday, 24 January 2014
ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်း အဓမ္မကောက်ခံ လျှက် ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။
Wednesday, 22 January 2014
၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ
မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက်နိုင်လောက် သည့် မေးခွန်းတစ်ခုကို ဖြေကြား ရတော့ မည်ဖြစ်သည်။
အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် ကံတရားပေါ်မှာ အားယူထားတယ်လို့ ဆိုတဲ့ နေတိုး

မကြာသေးခင်ကမှ ဖန်ဆင်းရှင်ဆိုတဲ့ တေးစီးရီးကို အဆိုတော်ရိန်မိုးနဲ့ထွက်ရှိခဲ့ပြီး၂၀၁၄ထဲမှာ အမ်တီဗီ ထွက်နိုင်အောင်ကြိုးစားရိုက်ကူးသွားမယ်ဆိုတဲ့ နေတိုးက နှင်းဆီအဖွဲ့နဲ့ ပြည်ပဖျော်ဖြေရေးတွေလဲ ရှိတာကြောင့် ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက်မေးမြန်းဖြစ်တဲ့အခါ သူက ‘အခုရိုက်နေတဲ့ ကားလေးက ဗီးနပ်စ်ရဲ့ ပန်းသီးတဲ့။ မင်းသမီးက အိချောပို၊ ဒါရိုက်တာက ဦးဒေါနပါ။ ရိုမန့်စ် ဒရာမာလေးပေါ့။ အစ်ကိုက ဒီထဲမှာ ဆရာဝန်တစ်ယောက်ပါ’တဲ့။
Tuesday, 21 January 2014
ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ။ ။ ။
တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။
ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
Thursday, 16 January 2014
လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် ဒဏ်ရာရ လူနားအချို့ ဒဏ်ရာရ လူနားအချို့



ဧရာဝတီတိုင်းဒေသကြီး
လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇
နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ်
အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
Subscribe to:
Posts (Atom)






