Thursday 30 January 2014

၄၅ ရက် သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီး ကျင်းပမည်

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နွယ်ခွေရပ်ကွက် ဗိုလ်တေဇလမ်း ဇေယျာသီရိကျောင်း သစ္စာဥာဏ်ပွင့် ဓမ္မ ရိပ်သာ၌ သံဝေဂ ဆရာတော် အရှင်သောမ၏ သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီးကို ဖေဖော်ဝါရီ ၁၈ ရက်မှ ဧပြီ ၃ ရက် အထိ ၄၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ တရားစခန်းပွဲကြီး၌ တောင်တန်းသာသနာပြု ဆရာတော် ကမ္မာဌာနစရိယ ဓမ္မကထိက ဆရာတော် တောင်တွင်း အရှင်ဣဒ္ဓိပါလ အရှင်သူမြတ်မှ ဆရာတော်ကိုယ်တိုင် ကျင့်ကြံအားထုတ် ပေါ က်မြော က် ခဲ့သည့် သမထ ဝိပဿနာ ကျင့်စဉ်များကို ၄၅ ရက် စခန်းသွင်း၍ ယောဂီများအား ဆရာတော်က သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်း တရားစခန်း၌ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ညနေ ဖျော်ရည် အလှူရှင်အဖြစ် ပါဝင်လှူဒါန်းလိုပါက လှူဒါန်းနိုင်ပြီး ရဟန်းသံဃာများ၊ သီလရှင်များ၊ အမျိုးသား၊ အမျိုးသမီးများကို လူဦးရေ ကန့်သတ်လက်ခံ မည် ဖြစ်သဖြင့် ကြိုတင် စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

တရားစခန်း ၄၅ ရက် အပြည့် ဝင်နိုင်သူများကိုသာ လက်ခံမည်ဖြစ်ပြီး တရားစခန်း ဝင်လိုသူများနှင့် လှူဒါန်း လိုသူများ အနေဖြင့် အရှင်သောမ (ဖုန်း- ဝ၉-၅ဝဝ၃ဝ၇၉) ဦးမျိုးလွင် (ဖုန်း-ဝ၉-၅ဝ၉၇၁၃၂)၊ ဦးထွန်းကြည် (ဖုန်း-ဝ၉-၄၉၂၉၄၆၇၆)၊ ဦးဇော်လတ် (ဖုန်း-ဝ၉-၇၃ဝ၁၈၁၂၃)၊ ဦးထက်အောင် (ဖုန်း-ဝ၉-၅ဝ၁၁၆၅ဝ)၊ ဦးသောင်းရွှေ (ဖုန်း-ဝ၉-၄၂ဝဝဝ၅၇ဝ၈) နှင့် ကိုအောင် (ဖုန်း-ဝ၉-၄၂ဝ၇၄၈ဝ၃၉) တို့သို့ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက် အထိ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

လင်းသစ်
မြ၀တီ

No comments:

Post a Comment