Monday 27 January 2014

Look Younger Secrets အသက်ရပေမဲ့ ဆက်လှချင်သလား

• Start With Primer (ပရိုင်မာ) အခြေခံက စပါ
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။
သူ့ဖေါက်သည်ထဲမှာ Celine Dion (ဆယ်လင်-ဒီယွန်) လဲပါတယ်။
• Forego Thick Foundation (ဖေါင်ဒေရှင်း) ထူထူ ဆက်ကူပါ
(ဖေါင်ဒေရှင်း) ထူထူကို အရေးအကြောင်း၊ ချိုင့်ခွက်တွေမှာ ဖြည့်တယ်ဆိုရင် ကွဲအက်ရာကနေ ပုံထဲကလို ပိုပြီး အိုစာစေတယ်။ ဒါကြောင့် Moisturizer, primer (မွိုက်စ်ခြာ-ပရိုင်မာ) ကိုသုံးပါ။ အဲဒီနောက်မှာ Light liquid foundation (ဖေါင်ဒေရှင်း) အရည်ကိုသုံးပါ။ Rubbing ပွတ်တာမျိုး မလုပ်ဘဲ Sponge ဂွမ်းစသုံးပြီး Tapping ခေါက်သလို၊ တို့သလိုသာ လုပ်ပါ။

• Avoid Clown Eyes လူပျက်မျက်စိ မရှိစေနဲ့
အသက်ရရင် မျက်စိက အားနည်းလာတယ်။ Flattering eye makeup မျက်လုံး-မိတ်ကပ်ဆိုတာ သိပ်ပြီး သေခြာတိကျဘို့ လိုတော့ ကိုယ့်မျက်စိနဲ့ မကိုက်ရင် Clown Eyes ဆပ်ကပ် လူရွှင်တော် မျက်လုံးနဲ့ တူနေလိမ့်မယ်။ ဒါကြောင့် Magnifying mirror မှန်ဘီလူး ပါတဲ့မှန်မျိုး သုံးပါ။

• Enhance the Shape of the Eye မျက်စိပုံသွင် အလှဆင်
အသက်ရရင် မျက်တောင်တွေလဲ ကျလာတယ်။ Eyeliner (အိုင်း-လိုင်နာ) လိုလာပြီ။ မျက်တောင်ပေါက်ရာမှာ မျဉ်းလေးဆွဲပါ။ အခြေနဲ့ ထိပ်ဖျားလဲ ပါပါစေ။ မြင်တဲ့သူ ကြည့်တဲ့သူကို ထူထဲတဲ့ မျက်တောင်တွေလို့ အထင်မှားသွားစေပါမယ်။ Eye shadow (အိုင်း-ရှဲဒိုး) မျက်လုံး-အရိပ်ကိုလဲ Soft shades အမှောင်နုနုဖြစ်အောင် Light touch ခပ်ဖေါ့ဖေါ့လေး ထိတို့ ပေးပါ။

• Put Eyebrows Back On မျက်ခုံးမွှေး အရေးပါတယ်
မျက်ခုံးတွေက သိပ်အရေးပါတယ်။ မျက်နှာကို သူကအုပ်စီးထားသလိုနေတယ်။ ခက်တာက အသက်ရရင် သူလဲ ပါးလျှလာတယ်။ အရောင်ပါ ဖြူလာအုံးမယ်။ Eyebrow pencil မျက်ခုံးဆွဲ ခဲတံသုံးပါ။ အထက်မှာ Powder ပေါင်ဒါ တင်ပေးပါ။ မျက်ခုံးကို Permanently tattooed ရာသက်ပန် (တက်တူး) ထိုးတာကို FDA နဲ့ Consumer Reports တွေအရ စိတ်မချရစရာရှိပါတယ်။

• Don't Let the Lips 'Bleed' Lipstick နှုပ်ခမ်းကနေ သွေးအယိုစေနဲ့
နှုတ်ခမ်းနီ ဆိုတာက Cream (ခရင်မ်) ဖြစ်တယ်။ သူက နိမ့်နေတဲ့နေရာကို စီးသွားနိုင်တယ်။ ပါးစပ် နှုတ်ခမ်းဘေးက အရေးအကြောင်းလေးတွေထဲ ဝင်တော့ သွေးထွက်နေသလား အမေးခံရနိုင်တယ်။ နှုတ်ခမ်းနီ ခရီး မထွက်စေအောင် Moisturizer (မွိုက်စ်ခြာရိုက်ဇာ) ကို အရင်သုံးပါ။ ပြီးရင် Foundation (ဖေါင်ဒေးရှင်း) လုပ်ပြီးမှ Lipstick နှုတ်ခမ်းနီ ဆိုးပါ။

• Plump Up the Lips နှုပ်ခမ်းလေးတွေ ပြည့်ဖြိုးစေ
နှုတ်ခမ်းသားတွေ ပြည့်တင်းပြီး ငယ်ရုပ်ဆင်စေအောင် ၃ ဆင့် လုပ်ရတယ်။ Foundation (ဖေါင်ဒေးရှင်း) အရင်လုပ်ပါ။ ပြီးရင် Line the lips ခဲတံသုံးပြီး နှုတ်ခမ်းမျဉ်းလုပ်ဖြည့်ပေးပါ။ နောက်ဆုံးမှာ Lip-plumping lipstick နှုတ်ခမ်းနီမျိုးကို Lipstick brush စုပ်တံသုံးပြီး ဆိုးပေးပါ။ ဒီနည်းက အသင့်အတင့်သာ ကောင်းတယ်၊ ဒါကြောင့် အရောင်ရင့်တာပါ ရွေးတင်ပေးဘို့ စားသုံးသူတွေက အကြံပြုကြတယ်။

• Keep Lips Moist နှုပ်ခမ်းလေးတွေ စိုနေစေ
Best quality makeup အကောင်းဆုံး မိတ်ကပ် သုံးတာတောင်မှ ခြောက်နေတဲ့ နှုတ်ခမ်းကို လုံလောက်အောင် ဖုံးဖိမပေးနိုင်ဘူး။ ဒါကြောင့် Lip balms နှုတ်ခမ်း-လိမ်းဆေး သုံးရမယ်။ အဲဒါထဲမှာ Shea butter, Petroleum jelly, Vitamin E တွေပါရတယ်။ နေရောင်ကို ကာကွယ်ဘို့ရာ Sunscreen နေလောင်ခံကို ရှာပါ။ Extended-wear lipstick ကိုသုံးတာဆိုရင် ခြောက်သွားမှသာ Lip balm နှုတ်ခမ်းလိမ်းဆေး သုံးပါ။

• Whiten Stained Teeth သွားဖြူဖြူ လူမြင်လှ
သွားတိုက်ဆေး ကောင်းကောင်းကနေ သွားတွေရဲ့ မျက်နှာပြင်က အစွန်းအထင်းတွေကို ဖယ်ရှားပေးမယ်။ အပေါ်ယံရဲ့ အောက်ကိုပါ ရှင်းစေဘို့ရာ Peroxide-based (ပါအောက်ဆိုက်-ဘေ့်) ပါတဲ့ Whitening gels or strips ဖြူဆေးမျိုးကို သုံးပါ။ Enamel အပေါ်ယံ ကြွေလွှာကို Bleach ဖြူသွားစေမယ်။ ချက်ချင်း ဖြူဆွတ်ချင်ရင်တော့ သွားဆရာဝန်ဆီကြွပါ။

• Rejuvenate Tired Eyes မျက်လုံးညောင်းရင် ငယ်ရုပ်ဆင်
ပင်ပန်းနေတာ လူမသိစေချင်ရင် မျက်လုံးကို ပြင်ရတယ်။ အကောင်းဆုံးနည်းက အနားယူရတယ်။ အိပ်စက်ခြင်းကနေ ဟော်မုန်းတွေ ထွက်စေလို့ အရေပြား ပိုထူလာစေမယ်၊ ဆန့်နိုင်စွမ်းလဲ ပိုလာစေမယ်။ အိပ်ရာထလို့ မျက်ခွံမို့နေတာ သက်သာအောင် ဆားလျော့စားပြီး ရေပိုသောက်ပါ။ နောက်ပြီး သခွါးသီးဝိုင်း အေးအေးလေး ကပ်ပေးပါ။ Moist tea bags လက်ဖက်ခြောက်အိပ် စိုစိုအေးအေးကိုလဲ ကပ်ပေးနိုင်သေးတယ်။

• Reduce Dark Circles မျက်ကွင်းညိုလာ နုဆေးတင်ပါ
အိပ်ရေးမဝရင် မျက်လုံးဘေးမှာ စက်ဝိုင်းမဲလေးတွေ ပေါ်လာမယ်။ တချို့ကြတော့ မျက်နှာအရေပြားမှာ အရောင်ချယ်တွေ များလို့ ပိုသိသာနေမယ်။ အဲလိုဆိုရင် Lightening agents အရောင်နုဆေးခေါ်တာ သုံးပါ။ Retinol, Hydroquinone, Green tea နဲ့ Vitamin C တွေပါတယ်။ ကိုယ့်အသားရောင်ထက် နုတာကိုသာ သုံးပါ။

• Wear Sunglasses နေကာမျက်မှန် သုံးပန်လှ
နေကာ-မျက်မှန်က တာဝန် ၃ ရပ်ကိုထမ်းဆောင်တယ်။ မျက်လုံးဘေးနား Sun damage နေလောင်မှာကို တားပေးမယ်။ Squinting ဟိုဟိုဒီဒီ စွေကြည့်စရာ မလိုတာမို့ Additional wrinkles အရေးအကြောင်းတွေ ထပ်ဆောင်း ထင်လာမှာကို တားပေးမယ်။ နောက်ပြီး မျက်စိတိမ်ဖြစ်မှာကိုလဲ တားရာကျတယ်။ ဒီဇိုင်းလှတာတပ်တော့ ဆွဲဆောင်မှုလဲ ရှိစေပါအုံးမယ်။

• Boost Thinning Hair ဆံပင်ပါး သူများကိုလှည့်စား
ဆံပင်ပါးနေသလား။ သူများကို လှည့်စားနိုင်ပါတယ်။ Large round brush (ရောင်း-ဘရပ်ခ်ျ) ကြီးကြီးသုံးပါ။ စတိုင်လဲကျအောင် Hairdryer ဆံပင်ခြောက် ကရိယာမှာ Cool button အအေး ခလုပ်နှိပ်ပါ။ Hot rollers (ဟော့တ်-ရိုလာ) သုံးတာကလဲ နောက်တမျိုး စတိုင်ကျတယ်။

• Don't Fret Over Grays ဆံပင်ဖြူ လူအိုမဟုတ်
ဆံပင်ဖြူတာကို စိတ်တိုင်မကျ မဖြစ်ပါနဲ့။ Good conditioner (ကွန်ဒီရှင်နာ) ကောင်းတာနဲ့ Shine enhancer (ရှိုင်းန်-အင်ဟင်ဇာ) သုံးပါ။ အသားအရေက ဖွေးဖွေး Light gray နဲ့ White hair ဆံပင်ကလဲ ဖြူနေရင် ပိုပြီး အိုစာစေတယ်။ ဒါဆိုရင် ဆံပင်အရောင်ဆိုးတာ ကောင်းတယ်။ အဲ့ အဲဒါကို မျက်တောင်နဲ့ မျက်ခုံး သွားမသုံးပါနဲ့။

• Exfoliate ပျက်သေတာတွေ ရှင်းပေးလေ
Exfoliation gels (အိတ်စ်ဖိုလီယိတ်-ဂျဲလ်) ဆိုတာသုံးရင် မျက်နှာအရေပြားက သက်တမ်းကုန်လို့ သေသွားတဲ့ (ဆဲလ်) တွေ၊ ခြောက်နေတာတွေကို ရှင်းပေးမယ်။ Exfoliating cleanser နဲ့ အဝတ်စသုံးပါ။ မျက်နှာသာမက ကိုယ်မှာလဲ သုံးနိုင်တယ်။ အသာအယာသာ လုပ်ဘို့ လိုတယ်။

• Target Wrinkles With Retinoids အရေးအကြောင်း မမြင်ကောင်း
Vitamin A ဗီတာမင် (အေ) ပါတဲ့ Retinoids Creams (ရက်တီနွိုက်-ခရင်မ်) တွေက မျက်နှာ အရေးအကြောင်းတွေကို သက်သာစေတယ်။ ငယ်ရုပ်ဆင်စေတယ်။ ဆေးလက်မှတ်နဲ့သာဝယ်ရတဲ့ Tretinoin, Tarazotene တွေပါတာတွေက ပိုကောင်းတယ်။ အလွယ်ဝယ်ရတဲ့ Retinol က နဲနဲပြော့တယ်။ သတိထားဘို့က အချိန်ယူမယ်။ လိမ်းစမှာ နီရဲနေမယ်။ အနေရခက်သလို ရှိတတ်တယ်။ ကွာကျနိုင်တယ်။

• Fight Crow's Feet With AHAs ကျီးကန်းခြေ လူမမြင်စေနဲ့
ကျီးကန် ခြေထောက်လို့ ခေါ်တဲ့ မျက်စိ ဘေးစွန်က ဖြာထွက်နေတဲ့ အရေးအကြောင်းတွေက အကြည့်ရဆိုးနေပါသလား။ Alpha-hydroxy acids (AHAs) ဓါတ်က သက်သာစေမယ်။ အသီးအနှံ၊ ကြံ၊ နို့နဲ့ အစားအစာတွေမှာ ပါတယ်။ ရွေးစားတတ်ပါစေ။

• Fade Age Spots With Hydroquinone အသက်စက် ဖျက်ပြစ်လို့ရ
Bleaching creams အရောင်ချွတ်ဆေးဖြစ်တဲ့ Hydroquinone ဆေးကနေ အရေပြားမှာ အရောင်ဖြစ်စေတဲ့ Melanin (မယ်လနင်) ကို အထွက်နည်းစေမယ်။ အသက်ရလို့ဖြစ်တဲ့ အစက်အပျောက်တွေ သက်သာစေမယ်။ အလွယ် ဝယ်ရတာရှိသလို ဆေးလက်မှတ်နဲ့သာ ဝယ်ရာလဲ ရှိတယ်။ Kojic acid ဆိုတာကိုလဲ သုံးနိုင်ပါတယ်။

• Fight Damage With Antioxidants ပျက်သွားတာတွေ တိုက်ဖျက်လေ
Antioxidants (အင်တီ-အောက်စီဒင့်) ဆိုတာ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ ဖြစ်တယ်။ ကိုယ်ခန္ခာက ပျက်စီးမှာတွေကို တားပေးတယ်။ ဒီဓါတ်တွေပါတဲ့ အစားအစာတွေ စားသောက်ပါ။ Topical vitamin C ဗီတာမင် (စီ) လိမ်းဆေးကိုလဲ သုံးကြတယ်။

• Eat Salmon for Smoother Skin ပင်လယ်ငါး စားကောင်း၏
(ဆယ်လမွန်) ငါး စားပါ။ အရေပြားအတွက် ကောင်းတယ်။ Omega-3 fatty acids (အိုမီဂါ-သရီး) ကြွယ်ဝတယ်။ အလှတိုးစေတယ်။

• Pamper Your Hands လက်ဖမိုးတွေ ပြည့်ဖြိုးစေ
လက်မှာနေတဲ့ အရေပြားအောက်မှာ အဆီက နည်းနည်းသာရှိတယ်။ အရေပြားခြောက်နေရင် အကြည့်ရ ဆိုးစေမယ်။ လက်ကိုလဲ Moisturizer (မွိုက်ခြာရိုက်ဇာ) သုံးပါ။ ပြည့်ပြီး ငယ်ရုပ်ပေါ်စေမယ်။ Moisturizer ထဲမှာ Glycerin, Shea butter, or Safflower seed oil တွေပါတာ ရှာသုံးပါ။

• Strengthen Your Nails လက်သည်းကာကွယ် လှစေမယ်
မာဆတ်နေတဲ့ လက်သည်းတွေကို မထိခိုက်အောင် ဆပ်ပြာ ပြင်းတာ မသုံးပါနဲ့။ Thick creams (ခရင်မ်) ထူထူ ဒါမှမဟုတ် Petroleum jelly (ပက်ထရိုလီယမ်-ဂျယ်လီ) ကိုသုံးပါ။ Vitamin B7 (Biotin) ကကောင်းမယ်။ လက်သည်းဖြတ်တာ တိကျသေခြာပါစေ။

• Soften Your Heels ဖနောင့် ကျောက်နဲ့ချော
ခြေဖနောင့်တွေ ချောမွေ့နေအောင် ခြေထောက်တွေကို ရေနွေးထဲ စိမ်ထားပေးပါ။ ပြီးမှ Pumice stone (ပမ်းမိုက်စ်) ကျောက်တုံး သုံးပြီး ပွတ်တိုက် ပြစ်ပါ။ သေနေတဲ့ (ဆဲလ်) တွေ ကွာကျသွားမယ်။

• Don't Smoke ဆေးလိပ် ဘေးချိတ်
ဆေးလိပ် မသောက်ပါနဲ့။ အမွှာ နှစ်ယောက်ကို လေ့လာတော့ ဆေးလိပ်သောက်သူမှာ အရေးအကြောင်းတွေ ၄ဝ% ပိုထင်တယ်။ အရေပြားလဲ ပါးစေတယ်။

• Use a Broad Spectrum Sunscreen နေရောင်ကာ ကောင်းတာသုံး
Sunscreen (ဆန်း-စခရင်မ်) ကောင်းတာ သုံးပါ။ နေရောင်ထဲက Ultraviolet B rays နဲ့ Ultraviolet A rays တွေရန်ကနေ ကာကွယ်ရမယ်။ Broad-spectrum ဒါမှမဟုတ် Multi-spectrum sunscreen အမျိုးအစားကို ရွေးသုံးပါ။

• For More Dramatic Results လိုသေးပါရင် ဆရာဝန်
အခုလို အိမ်သုံးနည်းတွေနဲ့ အားမရသေးရင် Dermatologist အရေပြား အထူးကုဆရာဝန်ကနေ အရေး-အကြောင်း၊ အချိုင့်တွေကို Injectable fillers ဖြည့်ဆေး ထိုးပေးနိုင်တယ်။ Botulinum toxin ဆိုတာကို မျက်ခုံးနေရာအတွက် သုံးတယ်။ Chemical peels နဲ့ Dermabrasion နည်းတွေနဲ့ အစဉ်းကြောင်းတွေ အစက်အပျောက်တွေကို ဖျောက်ပေးနိုင်တယ်။ Laser resurfacing (လေဆာ) နည်းနဲ့ Wrinkles အရေးအကြောင်းတွေ Discoloration အရောင်ရင့်တွေကို ပြင်ပေးနိုင်တယ်။

Dr. တင့်ဆွေ

No comments:

Post a Comment