Friday 31 January 2014

တောင်အာဖရိက သပိတ်မှောက် သတ္တုတွင်း အလုပ်သမား များလုပ်ခ လစာ (၇) ရာခိုင်နူန်း တိုးမြှင့်ပေး မည်ဆို သည့်ကမ်းလှမ်း ချက်ကို ပယ်ချ

တောင်အာဖရိက ရှိသပိတ် မှောက် ဆန္ဒပြ နေသည့် ပလက်တီနမ် သတ္တုတွင်း အလုပ်သမား များသည် ၄င်းတို့ လုပ်ကိုင်နေသည့် ကုမ္မဏီများက (၇) ရာခိုင်နူန်း လုပ်ခ လစာ တိုးမြှင့်ပေးရန် ကမ်းလှမ်း ချက်ကို ကြာသာပတေးနေ့တွင် ပယ်ချလိုက်ကြောင်း သိရသည်။

အန်ဂလို ပလက်တီနမ် ၊အမ်ပါလာ ပလက်တီနမ် နှင့် လွန်မင်း ကုမ္မဏီများ သည် လာမည့် သုံးနှစ် အတွင်း လုပ်ခလစာအား (၇)ရာခိုင် နူန်း တိုးမြှင့် ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်း လိုက်ခြင်း ဖြစ်သည်။

သို့သော် သတ္တုတွင်း အလုပ်သမားများ နှင့် ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ (AMCU) ၏ အဖွဲ့ ၀င်များသည် ကမ်းလှမ်း ချက်ကို ချက်ချင်းပင် ပယ်ချခဲ့ပြီး တစ်ပတ်ခန့် ဆက်လက် သပိတ်မှောက် မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ သည်။

အလုပ်သမား (၈၀၀၀) ခန့်သည် လွန်ခဲ့သော အပတ်ကြာသာပတေးနေ့ တွင် အလုပ်ခွင် မ၀င်ဘဲ သပိတ်မှောက် ခဲ့ပြီး သမဂ္ဂ နှင့် ကုမ္မဏီ သုံးခုကြား စေ့စပ်ဆွေးနွေး မူများ ပြုလုပ်နှိင်ရေး အစိုးရက စီစဉ်ပေးရန် တောင်းဆို ခဲ့ကြသည်။ သမဂ္ဂ က လက်ရှိ လစာ၏ နှစ်ဆ ဖြစ်သည့် တစ်လလျှင် ရန့်ဒ် (၁၂၅၀၀) (ဒေါ်လာ ၁၁၅၀) ခန့်လိုချင် ကြောင်း တောင်းဆို ခဲ့သည် ။

၂၀၁၂ ခုနှစ်တွင်လည်း အလားတူ ဆန္ဒပြမူ များ ရှိခဲ့ပြီး ရဲတပ်ဖွဲ့ ၀င်များ၏ ပစ်ခတ်မူ များကြောင့် သတ္တုတွင်း အလုပ်သမား (၃၄) ဦး သေဆုံးခဲ့သည်။

အလုပ်ရှင်များ ၄င်းတို့ တောင်းဆိုသည် ကို ပေးလိုသည့် ဆန္ဒ မရှိကြောင်း အလုပ်ရှင် များလိုချင် သည်မှာ အမြတ် အစွန်းသာ ဖြစ်သောကြောသင့် ၄င်းသမဂ္ဂ၀င် များက ပြောဆို ခဲ့သည်။

အလုပ်သမား များ၏ တောင်းဆိုချက်သည် အနာဂတ် တွင် လက်တွေ့ ဖြစ်နိုင်စရာ မရှိသောကြောင့် သမဂ္ဂအနေ နှင့် ကမ်းလှမ်း ချက်ကို ပြန်လည် သုံးသပ်ပေးရန် သတ္တု တွင်း ကုမ္မဏီ များက တောင်းဆို ခဲ့သည်။

ရည်မွန်အောင်
Source : AFP

No comments:

Post a Comment