Thursday 30 January 2014

ပြည်သူ့အတွက် အကျိုးရှိတဲ့ ဟောပြောမှုသာ ဖြစ်ပါစေ

အခုတလော ၈၈မျိုးဆက် (ငြိမ်း/ပွင့်) မှ ကိုမင်းကိုနိုင်တစ်ယောက် စာပေဟောပြောပွဲတွေ အတော်လေး စိတ်နေတာ တွေ့ရပါတယ်။ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုအတွက် အသိဥာဏ် ဗဟုသုတ တိုးပွားစေတဲ့အတွက် စာပေဟောပြောပွဲတွေ များများပြုလုပ်နိုင်လေ ပြည်သူလူထုအတွက် အကျိုးရှိ လေလေ ဖြစ်ပါတယ်။စာပေဟောပြောပွဲ တွေကနေ ပြည်သူတွေ အသိဥာဏ် တိုးပွားရုံသာမက တိုင်းပြည် အတွက်လည်း အပေါင်းလက္ခဏာ ဆောင်ပါတယ်။

ဒါပေမယ့် စာပေဟောပြောပွဲကနေ ပြည်သူတွေစိတ်ထဲ မှားယွင်းတဲ့အယူအဆတွေ ၀င်သွားရင်တော့ တိုင်းပြည်အတွက် အပေါင်းလက္ခဏာ မဆောင်နိုင်သလို အနုတ်ဘက်ကို တည့်တည့်ကြီး ဦးတည်နေတယ် ဆိုတာ ကိုတော့ သတိထားရပါ လိမ့်မယ်။ ငါနာမည်ရ ရင်ပြီးရောဆိုပြီး လွယ်လွယ်ကူကူ ပြောလို့ရတဲ့ အစိုးရ မကောင်းကြောင်း၊ စစ်တပ်မကောင်းကြောင်း တွေဘဲ ဟောနေ ရင်တော့ ပြည်သူတွေရင်ထဲ အဆိုးမြင် စိတ် တွေသာ စိုးမိုးပြီး ဟောပြောသူအတွက်လည်း ရေရှည် ရပ်တည်ဘို့ ခက်ခဲ နိုင်တယ်ဆို တာကို သတိချပ် သင့် ပါတယ်။

အခု ကိုမင်းကိုနိုင် ဟောပြောပွဲတွေကို သတိထားကြည့်ရရင် စစ်တိုက်ရဲတဲ့ သူမှသာ သူရဲကောင်း မဟုတ်ကြောင်း၊ စစ်အစိုးရကို အလိုမရှိကြောင်း၊ ယူနီဖောင်း ချွတ်ထားလည်း စစ်သားမျက်ခွက်ကြီးကို မှတ် မိ နေကြောင်း၊ ဦးပိုင်က မြေတွေသိမ်းနေကြောင်း၊ ကာကွယ်ရေးအသုံးစရိတ် များပြားကြောင်း၊ ပြည်သူတွေ ကို မီးချိတ်/မီးကတ်လုပ်ခိုင်းနေကြောင်း၊ တပ်မတော်အရာရှိများ လွှတ်တော်ထဲ ရောက်နေကြောင်း၊ တာဝန်ရှိ လူကြီးတွေအားလုံး ရဟတ်ယာဉ်ပေါ်က ခုန်ချမှ တိုင်းပြည်အေးချမ်းမှာ ဖြစ်ကြောင်း စတဲ့စတဲ့ အစိုးရနဲ့ တပ်မတော် အပေါ် အမြင်စောင်းမှုတွေကိုဘဲ ဟောပြောနေတာ တွေ့နေရပါတယ်။

ရှင်းရှင်းလေး တွေးကြည့်ရရင် ၂၀၁၀ ကတည်းက ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီကို ကူးပြောင်းပြီး သန်ရှင်းသော အစိုးရ၊ကောင်း မွန်သောအစိုးရ အဖြစ် ကျင့်သုံးလာခဲ့တာ ယနေ့အထိဘဲ။ အရပ်သားအစိုရ အဖြစ် ပျော့ပျောင်းညင်သာစွာ အုပ်ချုပ်နေတာလည်း ကျွန်တော်တို့ အားလုံး အသိဘဲ။ ယခင်စစ်အစိုးရ လက်ထက်က စီမံချက်အရ သုံးခဲ့တဲ့ မြေတွေ ယနေ့ကာလ မူလပိုင်ရှင်ထံ ပြန်လည်အပ်နှံနေတာတွေ လည်း မျက်မြင်ပါဘဲ။ အိမ်မှာ မီးချိတ်မီးကတ်လုပ်မထားရင်၊ မီးသတ်ကား မရောက်ခင် အရင်ဆုံး ပြာဖြစ်မှာ ကိုယ်အိမ်ဘဲ။ ပြည်တွင်းစစ် မပြီးပြတ်သေးလို့ ၂၅ %ကိုလွှတ်တော် ထဲမှာထည့်ထားတာ ဆိုတာကိုလည်း ရှင်ပြ ထားပြီးသားဘဲ။

အဲဒီလို ရှင်းရှင်းလေး သိနိုင်တဲ့အရာတွေကို မယောင်ရာဆီလူးပြီး မလိမ့်တပတ်လုပ်နေတာ၊ စာပေ ဟောပြောပွဲဆိုပြီး အပေါစား စည်းရုံးနေတာတွေဟာ ပြည်သူတွေကို အဆိပ်အတောက် ဖြစ်စေ တယ် ဆိုတာ သဘောပေါက်သင့်နေပါပြီ။ အမှန်တကယ် မသိနားမလည်လို့ ပြောနေတာပါဆိုရင်လည်း ခင်ဗျားရဲ့ အတွေးအခေါ် အယူအဆတွေဟာ ခေတ်နဲ့ နှိုင်းယှဉ်လိုက်ရင် (၅) နှစ်လောက် နောက်ကျနေပြီ ကိုမင်းကိုနိုင် လို့ပဲပြောချင်တယ်ဗျာ။

ဖိုးလပြည့်
cradit to : ဇော်အောင် (ရွှေကျွှန်း)

No comments:

Post a Comment