Tuesday, 24 December 2013

ရုပ်ရှင် ၊ ဗွီဒီယို ဆင်ဆာ စနစ် ဖျက်သိမ်းမည်


၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှစ၍ ရုပ် ရှင်၊ ဗွီဒီယိုဇာတ်ကားများနှင့် သက်ဆိုင်သည့် လုပ်ငန်းများ အားလုံး ဆင်ဆာတင်ရန်လုံးဝ မလိုအပ်တော့ကြောင်း သိရ သည်။

ဖုန်းကင်မရာက lens နှင့် တွဲဖက်အသုံးပြုလိုသူများအတွက် camera lens

ဖုန်းကင်မရာမကောင်းသူများအတွက် အဆင်ပြေစေမည့် sony အမှတ်တံဆိပ် Camera Lens DSC - QX10 ဖြစ်သည်။ ဖုန်းကင်မရာက lens နှင့် တွဲဖက်အသုံးပြုလိုသူများအတွက် အဆင်ပြေစေမည်ဖြစ် သည်။

အမေရိကန်ပြည်ထောင်စုမှ ဆယ်ကျော်သက်အလှမယ်၏ အ၀တ်ဗလာဓာတ်ပုံများ webcam မှတစ်ဆင့် ဟက်ကာတိုက်ခိုက်ခံရ

အခြားသော webcam များ နည်းတူ Apple ကုမ္ပဏီ၏ iSight ကင်မရာစနစ်သည် ဟက်ကာတိုက်ခိုက် ခံရနိုင်ဖွယ်ရှိကြောင်း Johns Hopkins တက္ကသိုလ်မှ သုတေသီများက ပြောကြားလိုက်သည်။

စင်ကာပူ မြန်မာအိမ်အကူလုပ်သား ခေါ်မည်

စင်ကာပူနိုင်ငံက မြန်မာအိမ်အကူလုပ်သား ၂၀၀၀ ကျော် လာရောက်ခေါ်ယူမည့် ပထမဦးဆုံး အကြိမ် ပြည် ပ အလုပ်အကိုင်ပြပွဲကို ဇန်န၀ါရီလအတွင်း ကျင်းပသွားမည်ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန် ဆောင်မှု အဖွဲ့ချုပ်မှ သိရသည်။

ကုန်သွယ်မှုသင်တန်းများ အထက်မြန်မာပြည် ကုန်သည်များပါ တက်ရောက်ရန် စီစဉ်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာဂျပန်စင်တာတို့ ပူးပေါင်းကာ ကုန်သွယ်မှုဆိုင် ရာ အသိပညာသင်တန်းများ ပို့ချပေးလျက်ရှိရာ မန္တလေးမြို့သာမက အထက်မြန်မာပြည်မှ ကုန် သည်များ လည်း တက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် စီးပွားရေးနှင့်ကူးသန်း ရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတွင် ဒီဇင်ဘာလ ၂၀ ရက်က ကျင်းပသော အဆိုပါသင်တန်းဆင်းပွဲ တွင် ပြော သည်။

တောရိုင်းတိရစ္ဆာန် တရားမ၀င်ရောင်းဝယ်မှုမှ ကာကွယ်ရန် ပေါင် ၁၀ သန်း ဗြိတိန်ထောက်ပံ့

မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တောရိုင်းတိရစ္ဆာန်များနှင့် ဆက်စပ်ထွက်ကုန်များ (ကြံ့ချို နှင့် ဆင်စွယ်အပါအ၀င်) တရားမ၀င်ရောင်းဝယ်မှုများ ဖြေရှင်းနိုင်ရန် ရန်ပုံငွေ စတာလင်ပေါင် ၁၀ သန်း ကို ဗြိတိန် အစိုးရက ဒီဇင်ဘာ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ကလေးကစားကွင်းအမည်ခံ လောင်းကစားဂိမ်းများ အရေးယူမည်

မန္တလေးမြို့တွင်းတွင် အပျော်တမ်း ကလေးကစားကွင်း အမည်ခံကာ လောင်းကစားဂိမ်းများ ဖွင့် လှစ်နေ ခြင်းကို အရေးယူမှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူ တစ်ဦးက မဇ်္ဈိမကို ပြောသည်။

ကုန်သွယ်မှုသင်တန်းများ အထက်မြန်မာပြည် ကုန်သည်များပါ တက်ရောက်ရန် စီစဉ်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာဂျပန်စင်တာတို့ ပူးပေါင်းကာ ကုန်သွယ်မှု ဆိုင်ရာ အသိပညာသင်တန်းများ ပို့ချပေးလျက်ရှိရာ မန္တလေးမြို့သာမက အထက်မြန်မာပြည်မှ ကုန်သည် များလည်း တက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ဒီဇင်ဘာလ ၂၀ ရက်က ကျင်းပသော အဆိုပါသင်တန်းဆင်းပွဲ တွင် ပြော သည်။

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပအတွက် လျှိုဝှက်ချက်

ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုးတွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက် ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

ရေမြောင်းကိုပိတ်ဆို့ မြေဖို့ အကွက်ရိုက် ရောင်းဟုဆိုကာ အငြင်းပွား

မန္တလေးတိုင်း အမရပူရမြို့နယ် တစ်မြို့နယ်လုံး အသုံးပြုလျက်ရှိသည့် ရေဆိုးမြောင်းကို ပိုင်ရှင်ဟု ဆိုသူ များက မြေဖို့ အကွက်ရိုက်ကာ ရာအိမ်မှူး၏ သက်သေလက်မှတ်ဖြင့် ရောင်းချနေမှုကို ရပ်ကွက်ဒေသခံ များကတားဆီးရာမှ အငြင်းပွားမှုတစ်ရပ် ဒီဇင်ဘာ၂၂ ရက်က ဖြစ်ပွားခဲ့ပြီး အငြင်းပွားမှုကို ညှိနှိုင်းရန် ရပ် မိရပ်ဖများအား ဒီဇင်ဘာ၂၄ ရက်တွင် အမရပူရမြို့နယ်စည်ပင်ရုံးသို့ ဆင့်ခေါ်ထားကြောင်း သိရသည်။

ရွှေ့ပြောင်းနိုင်သည့် တန်ဖိုးနည်းအိမ်များ ၂၀၁၄ ဧပြီတွင် ရောင်းမည်

ရွှေ့ပြောင်းနိုင်သည့် တည်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် Moducelar House စက်ရုံကို မန္တလေး မြို့ ၇၂ လမ်း နှင့် ၇၃ လမ်းကြား ကျွဲဆည်ကန်ကားကြီးဝင်းအနီး တည်ဆောက်ထားပြီး၂၀၁၄ ခုနှစ်၊ ဧပြီ တွင် စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု တော်ဝင်စံသူထိုက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမင်း မြတ်က မဇ္ဈိမကို ပြောသည်။

ယာဉ်နှစ်ထပ်ရပ်ခြင်းကို ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘုတ်မှတစ်ဆင့် တိုင်ကြားနိုင်

မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့စေမည့် ယာဉ်နှစ်ထပ်ရပ်နားခြင်းကို ဌာနသို့ လာရောက်တိုင်ကြားနိုင် သည့်အပြင် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုဒ် Facebook ဖေ့ဘုတ်မှလည်း သတင်းပေး တိုင်ကြားနိုင်သည် ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က မဇ္ဈိမသို့ ပြော သည်။

အမျိုးသမီးဘောလုံးအသင်းစိတ်ဓာတ်ကို ဂုဏ်ပြုမည်

(၂၇)ကြိမ်မြောက် ဆီးဂိမ်း အကြိုဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်အ နိုင်ယူခဲ့ သည့် ပြည် သူကပေးသည့် ချန်ပီယံရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သော မြန်မာအမျိုးသမီးဘောလုံးအ သင်း၏ အသင်းစိတ်ဓာတ်ကို ဂုဏ်ပြုရန် ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီး “လူပေါင်းတစ်သိန်းထံမှ သိန်း တစ်ထောင်ကျပ်ရရှိရေး” လှုပ်ရှားမှုကို ၀ါရင့်ဘောလုံးသမား အမျိုးသမီးအသင်း အုပ်ချုပ်သူ ဦးသန်းတိုး အောင်အပါအ၀င် လူအချို့စုပေါင်းပြီး စတင် ကောက်ခံနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့တွင် ပါဝင်သူ ဦး တင်မင်းလတ်က မဇ္ဈိမကို ပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Tuesday, December 24, 2013

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကျန် ဘင်္ဂလား ပင်လယ်အော်မှာ အများအားဖြင့် သာယာနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်း ချက်ကတော့  စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
 
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ တစ်ခါတရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပါမယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့ နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့ အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်တော့ အများအားဖြင့် သာယာပါမယ်။

MRTV-4
ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့်သာယာနေပါတယ်။

ဆက်သွယ်ရေးနည်းဥပဒေ ဇန်န၀ါရီလအတွင်း အတည်ပြုနိုင်ဖွယ်ရှိ

ဆက်သွယ်ရေးနည်းဥပဒေကို လာမည့်ဒီဇင်ဘာနောက်ဆုံးပတ်တွင် ဆက်သွယ်ရေးနှင့်သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာနမှ အတည်ပြုပြီး ရှေ့နေချုပ်ရုံးသို့ ပေးပို့မည်ဖြစ်ရာ လာမည့် ဇန်န၀ါရီလ ဆန်းတွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန် ကြား ရေး မှူး ဦးသန်းထွန်းအောင် က မဇ္ဈိမကို ပြောသည်။

တရုတ်နှင့်နယ်စပ်ကုန်သွယ်မှု ရုတ်တရက်များပြားလာခြင်း မှောင်ခိုကုန်သွယ်မှုများ တရားဝင်ဆောင်ရွက်လာ၍ဖြစ်

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကထက် ပမာဏများ စွာပိုမိုလာခြင်းသည် အမှန်တကယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာခြင်းထက် တရားမ၀င်ကုန်သွယ်မှု အား ထိန်းချုပ်နေ၍သာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်ညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က မဇ္ဈိမသို့ ဒီဇင်ဘာ ၂၃ ရက်ကပြောသည်။

ဒေါ်မြင့်မြင့်အေး အပါအ၀င် လယ်သမားအရေးလှုပ်ရှားသူများ ပြန်လွတ်

ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ မိ​တ္ထီ​လာ​ပြည်​သူ့အ​ကျိုး​ဆောင်​ကွန်​ရက်​က ​ဒေါ်​မြ​င့်​မြ​င့်​အေး​၊ ဝိမု​တ္ထိ ​လူ​မှု​ကူ​ညီ​ရေး​အ​ဖွဲ့က ဒေါ်​ခင်​မိ​မိ​ခိုင်​နဲ့ ​န​တ္တ​လင်း​ပြည်​သူ့အ​ကျိုး​ဆောင်​ ကွန်​ရက်​က ဦးသန့်ဇင်​ထက်တို့ ဟာ ဒီနေ့ မနက် ပြန်လည်လွတ်မြောက်လာပါတယ်။

မိုးထိမိုးမိရွှေတွင်းပြဿနာ ကုမ္ပဏီနှင့်အလုပ်သမား ပြေလည်မှုမရသေး

Photo: မိုးထိမိုးမိရွှေတွင်းပြဿနာ ကုမ္ပဏီနှင့်အလုပ်သမား ပြေလည်မှုမရသေး
Tuesday, December 24, 2013

မန္တလေးတိုင်း ရမည်းသင်းခရိုင်က မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေမှာ အစိုးရဆီက ကန်ထရိုက်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ တနိုင်တပိုင်လုပ်ခွင့်ရထားတဲ့ ရွှေတွင်းလုပ်သားတွေကြား ပဋိပက္ခ ညှိနှိုင်းနေပေးမယ့် ပြေလည်မှု မရသေးဘဲ ရှိနေပါတယ်။

မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေမှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက တနိုင်တပိုင် ရွှေတွင်းလုပ်သားတွေကို လုပ်ကွက်ငယ်တွေ လုပ်ကိုင်ခွင့် မပြုတော့ဘဲ ဖယ်ရှားခိုင်း တာကြောင့် ရာချီတဲ့ ရွှေလုပ်သားတွေဟာ အောက်တိုဘာလကတည်းက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ကတော့ ဆန္ဒပြရွှေလုပ်သားတွေဟာ ရမည်းသင်းမြို့ကို ချီတက် ဆန္ဒပြနေစဉ် ရဲတွေက ဖြိုခွင်းခဲ့လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအ၀င် ဆန္ဒပြသမား ၉ ဦး ဒဏ်ရရှိသွားခဲ့သလို ရဲတပ်သား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလို ပဋိပက္ခ ဖြစ်မှုကြောင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ ရွှေလုပ်သားကိုယ် စားလှယ် ၅ ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ရွှေလုပ်သားတွေဘက်က တောင်းဆိုထားတဲ့ အင်းအက်တာတွေ လုပ်ခွင့်ကိုတော့ မလိုက်လျောပေးခဲ့ဘူးလို့ ရွှေတူးလုပ်သား ဦးဝင်းအောင်က ပြောပါတယ်။

“သူတို့ဘက်က လိုက်လျောမှု ဘာမှ မပေးခဲ့ပါဘူး။ သူတို့ဘက်က လိုက်လျောရင် ပိုက်ဆံ ၁ သိန်းခွဲပေးမယ်။ ဒီပြင်နေရာကို ပြောင်းချင်ရင် စက်တွေရွှေ့ပေးမယ်။ စက်ရွှေ့ပေးရင်လည်း အစ်ကိုတို့ ရင်းနှီးမြှုပ်နှံထားတာတွေက ဘာမှ အကျိုးခံစားခွင့် မရှိတော့ဘူးလေ။ လက်ဗလာ ကြီး ထွက်ရပြီ။ ကိုယ့်ဘ၀အတွက် ဘ၀အာမခံချက် မရှိတော့တဲ့ ဘ၀မျိုးရောက်သွားမှာ ဖြစ်တဲ့အတွက် ကိုယ်တို့က ဘ၀ကို အာမခံချက်ရတဲ့ ရပ်တည်လို့ရတဲ့ လုပ်ငန်းမျိုး ရမယ်ဆိုရင်တော့ အစ်ကိုတို့ စဉ်းစားလို့ရမယ်။ သူတို့ပေးတာက ၁ သိန်းခွဲနဲ့ စက်ရွှေ့ပေးမှာဆိုရင် နောက်တနေရာ ရင်းဖို့က ကိုယ်တို့က ဘယ်စရိတ်နဲ့ သွားရင်းရမလဲ။”

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ စီမံကိန်း ဒါရိုက်တာ ဦးထွန်းအောင်ကတော့ ကုမ္မဏီအနေနဲ့ နိုင်ငံတော်ကို သွင်းရမယ့် ရွှေတန်ပြည့်မီနိုင်မှာ မဟုတ်သလို အသေးစားလုပ်ကွက်တွေကို လုပ်ကိုင်ခွင့်ပေးခြင်းအားဖြင့် အကြီးစားလုပ်ငန်းတွေအတွက် မိုင်းအန္တရာယ် ရှိစေနိုင်တာကြောင့် မလိုက်လျောတာလို့ ပြောပါတယ်။

“ကျနော်တို့က နိုင်ငံတော်ကို ရွှေက သွင်းရမှာ ၅ ဒဿမ ၅၇၇ တန်လေ။ ဒီအသေးတွင်း လုပ်မယ်ဆိုရင် ပြည့်မီအောင် မသွင်းနိုင်ဘူး။ ကျနော်တို့မှာက မိုင်းအန္တရာယ် ကင်းရှင်းရေးကော၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော နေရာအများကြီးမှာ လိုက်ပြီး မထိန်းနိုင်ဘူး။ နောက်တခါ သူတို့လုပ်သလို အသေးစားလေးတွေနဲ့ ရေတွင်းတူးသလို လိုက်ပြီးတူးမယ်ဆိုရင် သတ္တုသိုက်က အောက်မှာရှိရင် ကျနော်တို့က အကြီးစားလုပ်မယ်ဆိုရင် မိုင်းအန္တရာယ်ရှိတာပေါ့။ ဒီအချက်တွေကြောင့် ပေးလို့မရဘူး။ နောက်သူတို့ပြောတဲ့ အသေးစားလုပ်ကွက်ဆိုတာကလည်း ကျနော်တို့က ပေးလို့ရတာ မဟုတ်ဘူး။ ကျနော်တို့တောင် နိုင်ငံတော်က ချပေးလို့ လုပ်လို့ရတာ။ သူတို့က သတ္တုတွင်းမှာ တောင်းရမှာ သတ္တုတွင်းက ချပေးမှ သူတို့ လုပ်လို့ရမှာပါ။”

ဒါ့အပြင် ရွှေလုပ်သားတွေကို အင်းအက်တာလုပ်ဖို့ စာချုပ်ချုပ်ဆိုထားတာ ၁ နှစ်ပြည့် သွားပြီ ဖြစ်လို့ ဆက်လက် ခွင့်ပြုပေးလို့မရဘူးလို့လည်း ပြောပါတယ်။

မိုးထိမိုးမိမှာ ရွှေတွင်းလုပ်ကွက် ဇုန်ပေါင်း ၁၃ ဇုန် ရှိပြီး ဇုန် ၁၀ ဆိုတဲ့ အဖွဲ့တခုတည်းကသာ ဆန္ဒပြကြတာ ဖြစ်ပြီး ကျန်ဇုန်တွေက စာချုပ်အတိုင်း လိုက်နာခဲ့တယ်လို့ ဦးထွန်းအောင်က ဆက်ပြောပါတယ်။

ဒါပေမယ့် ရွှေလုပ်သားတွေကတော့ တဆင့်လျော့ပြီး ဆက်လက်ဆန္ဒပြမှုတွေ လုပ်ဆောင်နေပါတယ်။

ရွှေလုပ်သားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် သူတို့ကို ပုဒ်မ ၁၈ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှုနဲ့ ပုဒ်မ တာဝန်ထမ်းဆောင်နေသူကို မတရားနာကျင်စေမှု စတဲ့ ပုဒ်မတွေနဲ့ ရမည်သင်းမြို့နယ်က တရားစွဲဆိုထားပါတယ်။

ဒါကြောင့် ဒီကနေ့ တောင်းဆိုမှုမှာ သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့၊ ပေါင်းလောင်းဒေသမှာ သူတို့အတွက် လုပ်ပိုင်ခွင့် လုပ်ကွက် ၁ ကွက် သီးသန့်ချထားပေးဖို့နဲ့ သူတိုရဲ့ စက်ပစ္စည်းတွေကို ကုမ္ပဏီကနေ တာဝန်ယူ ရွှေ့ပေးဖို့ တောင်းဆိုထားပါတယ်။

DVB
မန္တလေးတိုင်း ရမည်းသင်းခရိုင်က မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေမှာ အစိုးရဆီက ကန်ထရိုက်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ တနိုင်တပိုင်လုပ်ခွင့်ရထားတဲ့ ရွှေတွင်းလုပ်သားတွေကြား ပဋိ ပက္ခ ညှိနှိုင်းနေပေးမယ့် ပြေလည်မှု မရသေးဘဲ ရှိနေပါတယ်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့် မရေရာသေး

Photo by Reuters
ဂျပန်နိုင်ငံ တိုကျို မစ်ဆူဘီရှီဘဏ်လုပ်ငန်းက မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်နိုင်ဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ တောင်းဆိုခဲ့ပါတယ်။

ဝါယာကြိုးဆွေးမြေ့ အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

Photo: ၀ါယာကြိုးဆွေးမြေ့ အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား 
Tuesday, December 24, 2013

၂၄-၁၂-၂၀၁၃ရက်နေ့၊ နံနက် (၀၁း၀၀)နာရီအချိန်တွင် တောင်ငူမြို့ (၁၇)ရပ်ကွက်၊ ကုန်သည်ကြီး လမ်းပေါ်ရှိ ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်နေရာတွင် မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်၊ ဆိုင်အမှတ်(၁၇/၂၂၆)ပိုင်ရှင် ဦးသန်းထူးသည် ၄င်း၏နေအိမ် စကားစနေလမ်း၊ (၂၀)ရပ်ကွက်သို့ ဆိုင်အားသော့ပိတ်၍ ပြန်သွားခဲ့ကြောင်း၊ ဆိုင်အတွင်းရှိ ၀ါယာကြိုးဆွေးမြေ့ အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်ဟု သုံးသပ်ကြောင်းသိရှိရသည်။

မီးလောင်မှုကြောင့် ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံဆိုင်) (၂၀×၁၇၅)ပေ၊ ကွန်ကရစ် (၂)ထပ် အတွင်းပိုင်းနှင့် အပေါ်ပိုင်း၊ ဦးအန်းကူ (၆၆)နှစ်ပိုင် နေအိမ် (၂၀×၇၀)ပေ၊ အုပ်ညှပ် (၂)ထပ် အတွင်းပိုင်း၊ ဦးတင်ဝင်း (၆၂)နှစ်ပိုင် ၀င်းကမ္ဘာ မိုဘိုင်းအရောင်းဆိုင် (၂၅×၁၂၀)ပေ၊ ကွန်ကရစ် (၂)ထပ် အတွင်းပိုင်း၊ ဦးစိုးဝင်း (၆၅)နှစ်ပိုင် စိုးရတနာ ရတနာရွှေဆိုင် (၄၀×၂၀၀)ပေ၊ အုပ်ညှပ်(၂)ထပ် အပေါ်ထပ်တို့ မီးလောင် ပျက်စီးခဲ့သည်။

သို့သော် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး သိန်း(၁၃၀) ဖြစ်ကြောင်းနှင့် မီးစတင်လောာင်ကျွမ်းခဲ့သည့် ဆိုင်ရှင် ဦးသန်းထူး(၄၈)နှစ်အား မြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်-ပြန်/ဆက်

MOI Webportal Myanmar
၂၄-၁၂-၂၀၁၃ရက်နေ့၊ နံနက်(၀၁း၀၀)နာရီအချိန်တွင် တောင်ငူမြို့ (၁၇)ရပ်ကွက်၊ ကုန်သည်ကြီး လမ်းပေါ် ရှိ ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်နေရာတွင် မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။