Wednesday, 21 August 2013

မြန်မာ ပဋိပက္ခ အရင်းအမြစ် မဖြေရှင်းနိုင် ရင် ဒီထက် ဆိုးဝါးမယ်လို့ဆို

Photo: မြန်မာပဋိပက္ခအရင်းအမြစ် မဖြေရှင်းနိုင်ရင် ဒီထက်ဆိုးဝါးမယ်လို့ဆို
Wednesday, August 21, 2013

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ခုအခါမှာ ငြိမ်သက်နေပြီ ဖြစ်ပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ရင် ဒီထက် ဆိုးဝါးတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။

Physicians for Human Rights PHR အဖွဲ့ရဲ့အဆိုအရ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ မုန်းတီးမှုမျိုးကို ပျက်ပျယ်အောင် မလုပ်နိုင်ရင် နောင်ဖြစ်လာတဲ့ ပဋိပက္ခတွေက ဒီထက် ဆိုးဝါးပြီး လူသားများအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဒါမှမဟုတ် လူမျိုးတုန်း သတ်ဖြတ်မှုအထိတောင် ဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။

မကြာသေးခင်ကပဲ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ မျိုးတုန်းသတ်ဖြတ်
ခံနေရတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အခင်းစဖြစ်ခါစတုန်းက ရိုဟင်ဂျာ မွတ်စလင်တွေကိုသာ ပစ်မှတ်ထားခဲ့
ကြပေမယ့် နောက်ပိုင်းမှာ တခြားဒေသက မွတ်စလင်တွေကိုပါ ပစ်မှတ်ထားတာကို မြင်ရတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရကတော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ လူတစ်ဦးဦးကနေ အမိန့်ပေးလို့ အမိန့်ကို တိုက်ရိုက်လိုက်နာလုပ်ကိုင်တဲ့ သက်သေသာဓကတွေ မတွေ့ရပေမယ့် ပြဿနာဖြစ်ပွားပုံတွေ၊ နှိပ်ကွပ်မှုပုံစံတွေ ဆင်တူတာ တွေ့ရတဲ့အတွက် လူတစ်ဦး တစ်ဖွဲ့ရဲ့ လမ်းညွန်မှုအတိုင်း လုပ်ကိုင်ကြသလို ဖြစ်နေတယ်လို့ PHR အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် နှစ်ဖက်စလုံး ပြစ်ဒဏ်ချမှတ်ခံရတာကို သိပေမယ့် မွတ်စလင်တွေက ထောင်ဒဏ်သက်တမ်း ကြာမြှင့်စွာ ချမှတ်ခံထားရတာ ပိုများတဲ့အပြင် မွတ်စလင်တွေ ဖမ်းဆီးခံရမှု ပိုများတယ်လို့ PHR အဖွဲ့ရဲ့ ဒါရိုက်တာ ဝီလီယံ ဒါဗိစ်က ပြောပါတယ်။

ABC
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ခုအခါမှာ ငြိမ်သက်နေ ပြီ ဖြစ်ပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ရင် ဒီထက် ဆိုးဝါးတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ် လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။

"၀ါခေါင်လနှင့် မဟာဒုတ် အလှူ"

Photo: "၀ါခေါင်လနှင့် မဟာဒုတ် အလှူ"
Wednesday, August 21, 2013

မဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့်
ဝမ်းရေးကို အနိုင်နိုင် အသက်မွေးနေရသော လင်မယားနှစ်ယောက်ဖြစ်
သည်။

တစ်ခုသော ၀ါခေါင်လ တစ်လတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့်
သံဃာတော်များအား ဆွမ်းလှူရန် အလှည့်ကျသည်။ တစ်အိမ်တစ်ပါးစီ
တာဝန်ယူရမည်ဟု သတ်မှတ်သောကြောင့် မဟာဒုတ်တို့ လင်မယားလည်း
သံဃာတစ်ပါးကို တာဝန်ယူရမည်ဖြစ်သည်။

မဟာဒုတ်လင်မယားသည် ဆင်းရဲသော်လည်း သံဃာတစ်ပါးကိုတော့
ဆွမ်းတစ်နပ် ရအောင်လှုမည်ဟု စိတ်ဆုံးဖြတ်လိုက်ပြီးအလုပ်ကို ကြိုးစား
လုပ်ကိုင်ကြ၏။

ယောက်ျားလုပ်သူက လယ်လုပ်ရာတွင် သီချင်းတအေးအေးနှင့် ဆွမ်းကပ်
ရတော့မည်ကို ပျော်နေ၏။ မယားလုပ်သူလည်း ဆန်ထောင်းရာတွင် သီချင်းလေးတအေးအေးနှင့် ပျော်နေ၏။

သံဃာတော်တို့ အားဆွမ်းပင့်ရမည့်အချိန်တွင် ရွာသူရွာသားအသီးသီး
သံဃာတစ်ပါးစီ သူ့ ထက်ငါဦးအောင် ပင့်ဆောင်သွားကြသောကြောင့်
မဟာဒုတ်တို့လင်မယားတွက် သံဃာကုန်နေပြီဖြစ်သည်။

ကံအားလျော်စွာ ဘုရားရှင်တစ်ပါးထဲသာကျန်တော့သည်။ မဟာဒုတ်
လည်း အရဲစွန့် ပြီး အရှင်ဘုရား၏ သပိတ်တော်ကို တပည့်တော်အား
ချီးမြှောက်ပါရန် လျောက်ထားသောအခါ မြတ်စွာဘုရားက မဟာဒုတ်
လက်သို့ သပိတ်ကို ပေးအပ်လိုက်လေသည်။

မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်ကို ရသွား
သည်ကိုသူဌေးသူကြွယ်များကမြင်သောအခါ . .
အို မဟာဒုတ် သင့်အားရွှေငွဥစ္စာအမြောက်အများပေးပါမည်၊
သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟု ပြောကြသော်လည်း
မဟာဒုတ်က မိမိ၏သဒ္ဓါကို အသပြာနှင့် မလဲနိုင် ဟုဆိုကာ
မြတ်စွာဘုရားအား အိမ်သို့ ပင့်ဖိတ်သွား၏။

မြတ်စွာဘုရား ဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရား
ဟောသောအခါတွင် မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦး သောတာပန်တည်
ကြလေသည်။ ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဓါထက်သန်စွာ
ကြိုးစားအားထုတ်နေသည်ကိုစောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ ရတနာမိုးကြီးရွာသွန်းချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ချင်းညချင်း ချမ်းသာသွားကြ
လေသည်။

မဟာဒုတ်ကို အကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်
အလှူပွဲမျိုးကို ပြုလုပ်လာကြလေသည်။

3 Treasures: Buddha, Dhamma & Sangha
မဟာဒုတ်မှာသူဆင်းရဲလယ်သမားဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့် ၀မ်းရေးကိုအနိုင်နိုင်အသက်မွေးနေ ရသော လင်မယားနှစ်ယောက်ဖြစ်သည်။

နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ဝင် အင်အားကို အသင့်ပြင်ဆင်ထားပြီး လုံခြုံရေး သတိထား လုပ်ဆောင်ရန် ညွန်ကြား

Q-21-8
ယခုနှစ် ဇူလိုင်လအတွင်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များအနေဖြင့် ယခင်ကထက် ပိုမို သတိထား ဆောင်ရွက်ရန် ညွှန်ကြားထားပြီး နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ထားကြောင်း သြဂုတ် ၂၀ ရက် နံနက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေး ဌာနနှင့် နယ်စပ်ဒေသမှ လုံခြုံရေး တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ပျက်စီးရသည့် လူနာသစ်များ နှစ်စဉ်တိုးပွားလာသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အတိအကျ သိရှိနိုင်ရန် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားသည့် တိုင်းဒေသကြီးနှစ်ခုတွင် သုတေသနလုပ်ငန်း ဆောင်ရွက်မည်

Z-21-8
ကျန်းမာရေး ဦးစီးဌာနမှ အနာကြီးရောဂါ ဖြစ်ပွားသူများအား ကျေးရွာအထိ ကွင်းဆင်းကုသနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျန်းမာရေးဦးစီးဌာန)
မြန်မာနိုင်ငံတွင် နှစ်စဉ်အနာကြီးရောဂါ လူနာသစ် ၃၀၀၀ ကျော် ထွက်ရှိနေပြီး ယင်းလူနာသစ်များအနက် အဆင့် ၂ အခြေအနေအဖြစ် သတ်မှတ်ထားသည့် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ပျက်စီးရသည့် လူနာများမှာ ၄၀၀ ကျော် ပါဝင်နေကြောင်း သိရသည်။

ယာဉ်ပိုင်ရှင်နှင့် ယာဉ်ကိုအုပ်စုဖွဲ့ ရိုက်နှက်ဖျက်ဆီးသူများအား တရားစွဲဆို တင်ပို့နိုင်ရန် ဥပဒေအကြံဥာဏ် တောင်းခံ

ဗဟန်းမြို့နယ်၊ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံအတွင်း သြဂုတ် ၁၈ ရက်က ဖြစ် ပွားခဲ့သည့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်အား အုပ်စုဖွဲ့ ရိုက်နှက်သူများကို တရားစွဲဆို တင်ပို့နိုင်ရန်အတွက် မြို့နယ်တရားရုံးသို့ ဥပဒေ အကြံဥာဏ် တောင်းခံထားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ပံတောင်းတောင် အရေး တစ်ကိုယ်တော် ဆန္ဒပြသူတစ်ဦး ချက်ချင်းထိန်းသိမ်းခံရ

AA-21-8
လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော် ဆန္ဒပြသူအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က လက်ပံတောင်းတောင် အရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြသူ တစ်ဦးအား ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသဖြင့် စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ကျောက် တံတား ရဲစခန်းမှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ဆေးရုံ၊ ဆေးခန်း များတွင် နိုင်ငံခြား/နိုင်ငံသား ထည့်ဝင်မှုကို ၇၀း၃၀ အချိုးအထိသာ ခွင့်ပြုမည်ဟု ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

BB-21-8
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ဆေးရုံ၊ ဆေးခန်း များတွင် နိုင်ငံခြား/နိုင်ငံသား ထည့်ဝင်မှုကို ၇၀း၃၀ ရာခိုင်နှုန်း အထိသာ ခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး က သြဂုတ် ၂၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော်မှ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းပေးရန် တောင်းဆို

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးအရ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့် ပါဝင် သည် ဖြစ်သောကြောင့် အသင်းအဖွဲ့များဖွဲ့ရာတွင် လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးသင့်ကြောင်း ယခု အသင်း အဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းသည်လည်း သီးခြားဥပဒေအနေဖြင့် ပြဌာန်းရန်မလိုကြောင်း ပြည်တွင်း အရပ် ဘက်အဖွဲ့အစည်း ၂၈၁ ဖွဲ့က အသင်းအဖွဲ့ ဥပဒေမူကြမ်းနှင့် ပတ်သက်ကာ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

Tuesday, 20 August 2013

လွယ်ဟိန်းအချိုရည်ကုမ္ပဏီက ဆီးဂိမ်းပြိုင်ပွဲတွင် သိန်း(၃၀၀၀) ကူညီထောက်ပံ့မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် လွယ်ဟိန်း ကုမဏီကသိန်း(၃၀၀၀) ကူညီထောက်ပံ့သွားမည်ဟု လွယ်ဟိန်းကုမဏီ ဥက္ကဌဒေါက်တာ စိုင်းဆမ်ထွန်းက ပြောသည်။

ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ

 Photo: ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ
Tuesday, August 20, 2013

ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက် စီးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံးသူ များတွင် ကော်ဖီက ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်းဝယ် အသည်းအင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများတွင် မြင့်တက်နေကြောင်း အဆိုပါ အင်ဇိုင်းများပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက်သုံးသူများတွင် အသည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။

GGT ပမာဏမြင့်တက်ခြင်းသည် ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ်အလွန်ခြင်းတို့နှင့်လည်း သက်ဆိုင်နေကြောင်း ဖော်ပြထားသည်။ ယခုသုတေသနတွင် ကော်ဖီသောက်သုံးခြင်းသည်သာ အသည်းရောဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည်ကဲ့သို့ ဖော်စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။

ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။

ငြိမ်းအေး
ref: PTI
 ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

အုပ်ချုပ်ရေး မှူးများ အာဏာပြရန် မဟုတ် ဟု နိုင်ငံတော်သမ္မတ ပြောကြား

Photo: အုပ်ချုပ်ရေးမှူးများ အာဏာပြရန် မဟုတ် ဟု နိုင်ငံတော်သမ္မတ ပြောကြား
Tuesday, August 20, 2013

မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း (၆၄,၀၀၀) ကျော်ရှိပါကြောင်း၊ ကျေးလက်ဒေသများတွင် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး မြင့်တက်လာအောင် ပြည်တွင်းပြည်ပ အကူအညီများ ရယူပြီး မိမိတို့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊

ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လူထုက ရွေးချယ်တင်မြှောက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တော်ရန်ကောင်းရန် အရေးကြီး ပါကြောင်း၊ ရှေးဦးစွာ ကျေးရွာများတွင် တရားဥပဒေ စိုးမိုးအောင်၊ လောင်းကစား ဝိုင်းများ၊ အရက်ပုန်းချက်လုပ်ခြင်းများ၊ ချဲထီဒိုင်များ၊ မူးယစ်ဆေးဝါးများ မရှိအောင် ထိထိ ရောက်ရောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုများ ကင်းစင်ပြီး တရားဥပဒေစိုးမိုးသည့် ကျေးရွာများ ဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ တိုးတက်အောင်လုပ်၍ရမည် ဖြစ်ပါကြောင်း၊

တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ၊ စည်းလုံးညီညွတ်မှု မရှိဘဲ ဘယ်လိုမျှ တိုးတက်လာနိုင်မည် မဟုတ်ပါကြောင်း၊

ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန်အတွက် ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း။

ယခုအခါ ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ် ကျင့်သုံးနေပါကြောင်း၊ မြို့နယ်၊ ကျေးရွာများတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပြင် မြို့နယ်ကျေးရွာ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဆောင်ကော်မတီကို မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထား သော အဖွဲ့များ၊ မြို့နယ်မှ ရွေးချယ်သည့် စည်ပင်အဖွဲ့များ ရှိနေကြပြီ ဖြစ်ပါကြောင်း၊

ထို့ပြင် မြို့နယ်များတွင် မြို့နယ်မှ ရွေးပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိနေ ပါကြောင်း၊ ထိုအဖွဲ့အစည်း၊ ထိုပုဂ္ဂိုလ်များသည် ကိုယ့်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်ဖြင့် စည်းစည်းလုံးလုံး လုပ်ကိုင်ကြမည် ဆိုလျှင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသည် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊

မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ကရော၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ကပါ ကူညီနိုင်သည်များ၊ ဖြည့်ဆည်းပေး နိုင်သည်များကို ကူညီဖြည့်ဆည်းပေးရန် အသင့်ရှိနေ ပါကြောင်း၊ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသကဲ့သို့ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကိုယ်ကိုယ်တိုင် အရင်လုပ်ကိုင်ပြကြရမည် ဖြစ်ပါကြောင်း၊ လက်သည်ကိုချည်း အားကိုးနေ၍ မရဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမည် ဖြစ်ပါကြောင်း။

http://www.president-office.gov.mm/zg/briefing-room/news/2013/08/19/id-4292]
မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း (၆၄,၀၀၀) ကျော်ရှိပါကြောင်း၊ ကျေးလက်ဒေသများတွင် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်

မိုးညှင်းတွင် တနင်္ဂနွေနေ့တိုင်း ဘာသာရေးကျောင်းစတင်ဖွင့်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်တွင် နေ့လည်၁၂ နာရီတွင် တနင်္ဂနွေနေ့ တိုင်း ဘာသာရေးသင်တန်းများ သင်ကြားပို့ချမည့် ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

Monday, 19 August 2013

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး 

သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

ကံဆိုးသူ မ... ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်၍ ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့သော အခါ သူတို့ ၃ ယောက်က ဓားဖြစ်ထောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်
ထိုအဖြစ်အပျက် အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ

 မြန်မာသံရုံးမှ မလေးရှားလဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်
ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။

သူတို့ ဆန္ဒ ပြသော အကြောင်း အရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူတိုင်ကြားပေး ရန် ဖြစ်ပါတယ်။

Tayzar Aung
Myanmar Daily News
cokodmoe

Posted From Classic Burma News

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ်ပွားပုံမှာ ည ၁၀

အခြေခံဥပဒေပြင်ဆင်ရေးမှာ အုပ်ချုပ်ရေးပိုင်းလုပ်မှ ဖြစ်နိုင်မယ်လို့ဆို

radio australia, shwe mahn လွှတ်တော်နာယက သူရ ဦးရွှေမန်း (Credit: ABC)  မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ  ​ဥပဒေ ​ပြင်ဆင်ရေး ​ပြုလုပ်ဖို့ ​သမ္မတ ​ဦးသိန်းစိန် ​ဦးဆောင်တဲ့ ​ အုပ်ချုပ်ရေးပိုင်းက  ​အဓိက ​လုပ်ဆောင်မှ ​ဖြစ်လာ ​နိုင်မယ်လို့ ​ပြည်ထောင်စု ​လွှတ်တော် ​နာယက ​သူရဦးရွှေမန်းက ​ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုတွင် ၁၂ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ဦးနှောက် ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခံရ

ဝါရှင်တန်  သြဂုတ်  ၁၇
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသားငယ် တစ်ဦးသည်ကြုံခေါင့်ကြုံခဲလှသည့် ဦးနှောက်ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခြင်း ခံခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

Saturday, 17 August 2013

ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား

  Photo: ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား 
Saturday, August 17, 2013

ရီးယဲလ်သည် ဘေးလ်ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ရီးယဲလ်မက်ဒရစ် ကစားသမား အများစုက ဂါရတ်သ်ဘေးလ်ကို ခေါ်ယူရန် မလိုအပ်ဟု နည်းပြ ကာလို အန်ဆလော့တီကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ စပိန်ထိပ်တန်း ကလပ်အသင်းကြီး သည် တော့တင်ဟမ် ဟော့စပါး အသင်းမှ ဝေလ လက်ရွေးစင်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်း ခေါ်ယူ သွားမည်ဟု သတင်းကြီးနေသည်။ အသက်(၂၄)နှစ်ရှိ ဘေးလ်သည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။ ရီးယဲလ်သည် ဘေးလ် ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နှင့် အားကစား ဒါရိုက်တာ ဇနီဒင်း ဇီဒန်းတို့က ဘေးလ်ကို စိတ်ဝင်စားနေသည့်တိုင် ကီရင်ဘန်ဇီးမား၊ အိန်ဂျယ်လ်ဒီမာရီယာနှင့် မီဆွတ်အိုဇေးလ် အစရှိသည့် စီနီယာ ကစားသမားများက ယင်းအစီအစဉ်ကို ဆန့်ကျင်နေကြောင်း သိရသည်။ လက်ရှိ ရီးယဲလ်၏ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒို ကိုယ်တိုင်သည်လည်း ဘေးလ်တစ်ယောက် ဘာနေဗျူး ရောက်ရှိ လာမည်ကို လိုလားဖွယ် မရှိကြောင်း သတင်းများက ရေးသားလျှက် ရှိသည်။

ဘေးလ်နှင့် ပတ်သက်ပြီး ရော်နယ်လ်ဒိုအား သတင်းထောက်များက မှတ်ချက် တောင်းခံခဲ့ရာ ပေါ်တူဂီ လက်ရွေးစင် ကစားသမား က ဘေးလ်ကို ခေါ်ယူမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာလည်း ကိုယ်ပိုင်အမြင် တစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထုတ်ပြောနေမှာတော့ မဟုတ်ဘူးဟု ပြောကြားသွားသည်။

Planet Myanmar Network
ရီးယဲလ်သည် ဘေးလ်ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

Photo: သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

17.8.2013

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေး ကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ဖြစ်ပုံက တိုက်ပေါ်ကနေ ခုန်ချပေမယ့် အောက်မရောက်ပဲ ကြော်ငြာဘေဘုတ်မှာ ငြိနေတုန်း ရဲတပ်ဖွဲ့က သူမကို ဖျောင်းဖျပြီး ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

News of Myanmar
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေးကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ရန်ကုန်မြို့တွင် လူဦးရေ တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေနေရဆဲ ဖြစ်သည့်အတွက် ရန်ကုန်မြို့ အပါအ၀င် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာစစ်တမ်း ကောက်ယူရန် စီစဉ်

8.1.1
လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ နေအိမ်အချို့အား တွေ့ရစဉ်
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လူဦးရေ သိပ်သည်းမှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့်နေသောကြောင့် ရန်ကုန်မြို့တွင် ရှိသော ပျမ်းမျှလူဦးရေ ခြောက်သန်း အနက် တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေထိုင်နေရကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများ အရ သိရသည်။

မိတ္ထီလာတွင် မတ် ၂၁ ရက်က အစ္စလာမ် ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခဲ့သူ နှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်

8.1.1
မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မီးလောင်ပျက်စီးခဲ့သော သီရိမင်္ဂလာ ရပ်ကွက်တွင် ရှင်းလင်းမှုများ ပြုလုပ်နေစဉ်
မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံကို ဖျက်ဆီး ခဲ့သူ နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် မြို့နယ်တရားရုံးမှ သြဂုတ် ၁၂ ရက်က အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည် ဆိုသော သတင်းများကြောင့် မြိတ်တွင် လုံခြုံရေးတိုးမြှင့်

8.1.1
မြိတ်မြို့ အဝေးပြေးကားဝင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး (မြိတ်))
မြိတ်မြို့သို့ ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။