Tuesday 20 August 2013

မိုးညှင်းတွင် တနင်္ဂနွေနေ့တိုင်း ဘာသာရေးကျောင်းစတင်ဖွင့်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်တွင် နေ့လည်၁၂ နာရီတွင် တနင်္ဂနွေနေ့ တိုင်း ဘာသာရေးသင်တန်းများ သင်ကြားပို့ချမည့် ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
“သင်တန်းသား၁၆၂ယောက် တက်ရောက်လျက်ရှိပြီး တနင်္ဂနွေနေ့တိုင်း နေ့လည်၁၂နာရီမှ ညနေ ၂နာရီ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မိုးညှင်းမြို့မှာ ဘယ်တုန်းကမှ မဖွင့်ဖူးတဲ့ ပထမဆုံးဖွင့်တဲ့ သင်တန်းကျောင်းဖြစ်ကြောင်း၊ ဆရာမိဘများရဲ့ စကားကိုနားထောင်သော လိမ္မာရေးခြားရှိသည့် နိုင်ငံတော် အတွက် လူတော်လူကောင်း၊ သားကောင်းရတနာများ ပေါ်လာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ် ခဲ့ကြောင်းဖြစ်တယ်”ဟု ဆရာတော်ဘဒ္ဒန္တဇယန္တက သြ၀ါဒတွင်ထည့် သွင်း ပြောကြားသည်။

ကလေးကလေးအထင်မသေးနဲ့၊ ကလေးကြီးရင်လူကြီးဖြစ်တာ။ ကလေးကောင်းမှ လူကြီးကောင်မှာ။ လူကြီးကောင်းမှ အားလုံးကောင်းမှာဟု ဆိုသကဲ့သို့ အားလုံးကောင်းရန် တိုင်းပြည်၏ အနာဂါတ်ကောင်းရန် ကလေးများ၏ နလုံးသားထဲတွင် ဘာသာရေးအခြခံရှိရန်လိုအပ်ကြောင်း သင်တန်းဆရာ အရှင်တိဏ္ဏော ဘာသက မိန့်ကြားသည်။

သီဟ(ကချင်)

No comments:

Post a Comment