Tuesday 20 August 2013

အုပ်ချုပ်ရေး မှူးများ အာဏာပြရန် မဟုတ် ဟု နိုင်ငံတော်သမ္မတ ပြောကြား

Photo: အုပ်ချုပ်ရေးမှူးများ အာဏာပြရန် မဟုတ် ဟု နိုင်ငံတော်သမ္မတ ပြောကြား
Tuesday, August 20, 2013

မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း (၆၄,၀၀၀) ကျော်ရှိပါကြောင်း၊ ကျေးလက်ဒေသများတွင် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး မြင့်တက်လာအောင် ပြည်တွင်းပြည်ပ အကူအညီများ ရယူပြီး မိမိတို့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊

ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လူထုက ရွေးချယ်တင်မြှောက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တော်ရန်ကောင်းရန် အရေးကြီး ပါကြောင်း၊ ရှေးဦးစွာ ကျေးရွာများတွင် တရားဥပဒေ စိုးမိုးအောင်၊ လောင်းကစား ဝိုင်းများ၊ အရက်ပုန်းချက်လုပ်ခြင်းများ၊ ချဲထီဒိုင်များ၊ မူးယစ်ဆေးဝါးများ မရှိအောင် ထိထိ ရောက်ရောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုများ ကင်းစင်ပြီး တရားဥပဒေစိုးမိုးသည့် ကျေးရွာများ ဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ တိုးတက်အောင်လုပ်၍ရမည် ဖြစ်ပါကြောင်း၊

တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ၊ စည်းလုံးညီညွတ်မှု မရှိဘဲ ဘယ်လိုမျှ တိုးတက်လာနိုင်မည် မဟုတ်ပါကြောင်း၊

ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန်အတွက် ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း။

ယခုအခါ ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ် ကျင့်သုံးနေပါကြောင်း၊ မြို့နယ်၊ ကျေးရွာများတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပြင် မြို့နယ်ကျေးရွာ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဆောင်ကော်မတီကို မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထား သော အဖွဲ့များ၊ မြို့နယ်မှ ရွေးချယ်သည့် စည်ပင်အဖွဲ့များ ရှိနေကြပြီ ဖြစ်ပါကြောင်း၊

ထို့ပြင် မြို့နယ်များတွင် မြို့နယ်မှ ရွေးပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိနေ ပါကြောင်း၊ ထိုအဖွဲ့အစည်း၊ ထိုပုဂ္ဂိုလ်များသည် ကိုယ့်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်ဖြင့် စည်းစည်းလုံးလုံး လုပ်ကိုင်ကြမည် ဆိုလျှင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသည် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊

မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ကရော၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ကပါ ကူညီနိုင်သည်များ၊ ဖြည့်ဆည်းပေး နိုင်သည်များကို ကူညီဖြည့်ဆည်းပေးရန် အသင့်ရှိနေ ပါကြောင်း၊ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသကဲ့သို့ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကိုယ်ကိုယ်တိုင် အရင်လုပ်ကိုင်ပြကြရမည် ဖြစ်ပါကြောင်း၊ လက်သည်ကိုချည်း အားကိုးနေ၍ မရဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမည် ဖြစ်ပါကြောင်း။

http://www.president-office.gov.mm/zg/briefing-room/news/2013/08/19/id-4292]
မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း (၆၄,၀၀၀) ကျော်ရှိပါကြောင်း၊ ကျေးလက်ဒေသများတွင် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်
စီးပွားရေး မြင့်တက်လာအောင် ပြည်တွင်းပြည်ပ အကူအညီများရယူပြီး မိမိတို့ကြိုးပမ်းဆောင်ရွက်နေ ပါကြောင်း၊ ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လူထုက ရွေးချယ်တင်မြှောက်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ တော်ရန်ကောင်းရန် အရေးကြီးပါကြောင်း၊ ရှေးဦးစွာ ကျေးရွာများတွင် တရားဥပဒေ စိုးမိုးအောင်၊ လောင်းကစားဝိုင်းများ၊ အရက်ပုန်းချက်လုပ်ခြင်းများ၊ ချဲထီဒိုင်များ၊ မူးယစ်ဆေးဝါးများ မရှိအောင် ထိထိရောက်ရောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုများ ကင်းစင်ပြီး တရားဥပဒေစိုးမိုးသည့် ကျေးရွာများဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ တိုးတက်အောင်လုပ်၍ရမည် ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိဘဲ၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ၊ စည်းလုံးညီညွတ်မှု မရှိဘဲ ဘယ်လိုမျှ တိုးတက်လာနိုင်မည် မဟုတ်ပါကြောင်း၊

ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင် မှုပေးရန် အတွက် ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း။

ယခုအခါ ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ် ကျင့်သုံးနေပါကြောင်း၊ မြို့နယ်၊ ကျေးရွာများတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပြင် မြို့နယ်ကျေးရွာ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဆောင်ကော်မတီကို မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထား သော အဖွဲ့များ၊ မြို့နယ်မှ ရွေးချယ်သည့် စည်ပင်အဖွဲ့များ ရှိနေကြပြီ ဖြစ်ပါကြောင်း၊

ထို့ပြင် မြို့နယ်များတွင် မြို့နယ်မှ ရွေးပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိနေ ပါကြောင်း၊ ထိုအဖွဲ့အစည်း၊ ထိုပုဂ္ဂိုလ်များသည် ကိုယ့်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်ဖြင့် စည်းစည်းလုံးလုံး လုပ်ကိုင်ကြမည် ဆိုလျှင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ များသည် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊

မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ကရော၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ကပါ ကူညီနိုင်သည်များ၊ ဖြည့်ဆည်းပေး နိုင်သည်များကို ကူညီဖြည့်ဆည်းပေးရန် အသင့်ရှိနေ ပါကြောင်း၊ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသကဲ့သို့ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကိုယ်ကိုယ်တိုင် အရင်လုပ်ကိုင်ပြကြရမည် ဖြစ်ပါကြောင်း၊ လက်သည်ကိုချည်း အားကိုးနေ၍ မရဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမည် ဖြစ်ပါကြောင်း။

http://www.president-office.gov.mm/zg/briefing-room/news/2013/08/19/id-4292]

No comments:

Post a Comment