Tuesday, 7 August 2012

ခရစ်ယာန်အရေး အရင်ဆုံးဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်း

မြန်မာပြည်က မွတ်ဆလင် ရိုဟင်ဂျာတွေအရေးကို ၀င်ရောက် မစွက်ဖက်ခင် အင်ဒိုနီးရှားက ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်တွေရဲ့ အရေးကို အရင်ဆုံး ဖြေရှင်းပေးပါလို့ အင်ဒိုနီးရှားနိုင်ငံက ခရစ်ယာန်တွေက အစိုးရကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၆)ရက် နေ့ ည(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။  ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ
အားကောင်းနေပါသည်။

"သရုပ်ဆောင် အဆိုတော် အောင်လ အကြောင်း ဒါရိုက်တာ သရုပ်ဆောင် လူမင်းပြော"

လတ်တလောမှာ လူမင်းက ‘ဘောင်’ ဆိုတဲ့ ဇာတ်ကားလေးကို အောင်လ၊ နန်းဆုဦး တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးမှာ လူမင်းက ဒါရိုက်တာလည်း လုပ်ပြီး သရုပ်ဆောင် အနေနဲ့လည်း ပါဝင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက လူငယ်တွေ နဲ့ လူကြီးတွေ မတူတဲ့ အယူအဆကို အားပြိုင်တဲ့ ဇာတ်လမ်း ပုံစံလေး ဖြစ်ပါတယ်။ ဒီဇာတ်ကား နာမည်ကို ပေးဖြစ်ခဲ့ ပုံလေးက လူငယ်တွေ အနေနဲ့ ဘောင်ခတ်ရင် မကြိုက်ချင်ဘဲ လူကြီးတွေ အနေနဲ့က ဘောင်ခတ်ချင် ကြသောကြောင့် ဒီနာမည်လေးပေး ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ 

အသေးစားသတ္တုတူးဖော်ရေးလုပ်ငန်းငယ်များကို နိုင်ငံခြားသားစီးပွားရေးပညာရှင်များခေါ်ယူခွင့် မပြုခြင်းမှာ လူနည်းစုစီးပွားရးလုပ်ငန်းရှင်များသာ အကျိုးရှိစေမည်ဟုသိရ

ဓါတ်သတ္တုအကြီးစားဖက်စပ်လုပ်ကိုင်နေသော ကုမ္မဏီ များကိုသာနိုင် ငံခြားမှကျွမ်းကျင် ပညာရှင်များခေါ်ယူခွင့်ပေးခြင်းသည် လူနည်းစု အကျိုးစီးပွားကိုသာဖြစ်ထွန်းစေပြီး နိုင်ငံအတွက် သတ္တုလုပ်ငန်းရှင်အများအပြားပေါ်ထွန်းရေးကိုပိတ်ဆို့ထားသကဲ့သို့ဖြစ်နေသည်ဟု သတ္တုနှင့်သယံ ဇာတရေးရာကော်မတီ မှသိရသည်။

ALP ကို နယ်ခြားစောင့်တပ်ဖွဲ့ကာ အင်အားထပ်တိုးစေချင်ဟု ဦးအောင်မင်းပြော

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP Arakan Liberation Party) ကိုနယ်ခြားစောင့်တပ်ဖွဲ့ ကာ ယခုလက်ရှိအင်အားထက် အဆ ၂၀ ၀န်းကျင်တိုးစေချင်သည်ဟု ပြည်ထေင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

နောက်ထပ် Facebook အတု သတိပြု

တစ်လောက Facebook အတုပေါ်ပြီး နောက်ထပ် Facebook အတု ထပ်ပေါ်လာပါပြီ။ 

မြန်မာပြည်မှ ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (ဂုတ်ထိပ်တံတား)

ဂုတ်ထိပ်တံတား (Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထား သံလမ်း တံတား ရဲ့ တည်နေရာ ကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့အနီးမှာ ဖြစ်ပါတယ်။

ငလျင်ဇုန်ပြ မြေပုံအား ၂ဝ၁၃ နှစ်ဆန်းတွင် နိုင်ငံတဝန်းလုံး ဖြန့်ချိမည်


ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန် ကြာနိုင်ခြေတို့ကို ခန့်မှန်း တွက်ချက် ဖော်ပြထားသည့် ငလျင် ဇုန်ပြ မြေပုံ အား မြန်မာနိုင်ငံ တဝန်းလုံးသို့ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ မတိုင်မီ ဖြန့်ချိ မည် ဖြစ်သည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ဌာနအောက်ရှိ ငလျင်ဌာနတို့က ပူးပေါင်း ဖြန့်ချိမည် ဖြစ်ပြီး အရေအတွက်ကိုမူ သက်ဆိုင်ရာသို့ ခွင့်ပြုချက် တင်ထားကြောင်း သိရသည်။အဆိုပါ မြေပုံအား ထိုင်းနိုင်ငံ အခြေစိုက် အာရှ သဘာ ဝဘေး အန္တရာယ် ကြို တင်ပြင် ဆ င်ရေး ဌာန အပါအဝင်မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရှိငလျင်ကော်မတီ၊မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုး ဦးစီးဌာန၊ တက္ကသိုလ်များရှိ ဘူမိဌာနနှင့် မန္တလေးမြို့တော် စည်ပင်တို့က   နှစ်နှစ်ကြာ ပူးပေါင်းရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

ပြည်ပ တင်သွင်းကားများ မှန် အကြည် ၆၀ ရာခိုင်နှုန်း ရှိမှ ခွင့်ပြုမည်

ပြည်ပမှ တင်သွင်းလာသည့် ကားများ၏ မှန် အရောင်အား ၆၀ရာခိုင်နှုန်းနှင့် အထက် ရှိမှသာ ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး သူရ ဦးသောင်းလွင်က ပြောကြားခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။ဖောက်ထွင်းမြင်နိုင်စွမ်း သုည ရာခိုင်နှုန်း (စတစ်ကာ မဲ ကပ်) မှ ၅၉ ရာခိုင်နှုန်းအတွင်း ရှိနေသည့် မှန်များကို ခွင့်မပြုကြောင်း၊ အကြောင်းမှာ မြင်ကွင်း မသဲကွဲခြင်း၊ ညဘက်အချိန်တွင် ယာဉ်အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ မှန်ကို အကာအကွယ် ယူ၍ ယာဉ်အတွင်းတွင် ရာဇဝတ်မှုများ ကျူးလွန်နိုင်ခြင်းတို့ကြောင့် ကန့်သတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မဟာဗျူဟာမြောက်အရေးပါသော မြန်မာအပေါ် ရိုဟင်ဂျာကို ခုတုံးလုပ်လေသလား


အမေရိကန် သမ္မတ အိုဘားမား၏ ပေါ်လစီအသစ်သည် အာရှပစိဖိတ် စိုးမိုးရေးဖြစ် သည်။ အာရှပစိဖိတ် စိုးမိုးရေး အတွက် အမေရိကန် အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်လိုလာသည်။ သို့အတွက် မဟာမိတ်နိုင်စာချုပ်နိုင်ငံများ ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း စစ်အေးခေတ် ကာလအတွင်းနှင့် စစ်အေးခေတ် လွန်ဆယ်စုနှစ် အတွင်းတွင်အမေရိကန်သည် အာရှ-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာကို အကောင်အထည် မဖော်နိုင်ခဲ့။ သူ့အတွက် မမျှော်လင့်ဘဲ လက်သီးချက်ပြင်းပြင်း မိသွားခဲ့သည်။ ထိုလက်သီးချက်မှာ 9/11 အရေးအခင်းဖြစ်လေသည်။ ထို့ကြောင့် War on Terror ဟုကြေငြာကာ အရှေ့အလယ်ပိုင်းနှင့် အာဖဂန်သို့ အာရုံလှည့်သွားခဲ့သည်။ ထိုဆယ်စုနှစ် နှစ်စုနီးပါး အတွင်းတွင် တိန့်ရှောင်ပင်၏ ပေါ်လစီနှင့်အတူ နိုးထလာခဲ့သော တရုတ် နဂါးကြီးက တဖြည်းဖြည်း ကြီးထွားလာခဲ့ပေသည်။

အီဂျစ်အစိုးရ က တာဝန်ခံရမည်

ဗီယင်နာ သဘော တူညီမှုအရ လက်မှတ် ထိုးထားသော နိုင်ငံတိုင်းသည် ထိုတိုင်းပြည် အတွင်းရှိ သံရုံးအတွင်းသို့ ဝင်ရောက် ခွင့်မရှိ။ ထို့ပြင် မည်သည့် အခြေအနေတွင် မဆို ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်။ (အပိုဒ် ၃၁)

လူမျိုး ဘာသာ မခွဲခြားဖို့ ပြင်သစ်အစိုးရတိုက်တွန်း

လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားဘဲ အရပ်ဘက် တိုင်းရင်းသား အားလုံးကို ကာကွယ်   စောင့်ရှောက်မှုပေးဖို့ ပြင်သစ်နိုင်ငံ အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားတဲ့ သတင်းတွေ မနေ့က ထွက်လာပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။

TAA လေကြောင်းလိုင်း ပုဂံနှင့်နေပြည်တော် တိုးချဲ့ပျံသန်းဖို့ရှိ

ထိုင်းနိုင်ငံက TAA Thai Air Asia လေကြောင်းလိုင်းဟာ ပုဂံနဲ့ နေပြည်တော်ကို တိုးချဲ့ပျံသန်းဖို့ အဖက်ဖက်က အဆင်သင့် ရှိနေပေမဲ့ ပုဂံလေဆိပ်ရော နေပြည်တော် လေဆိပ်ပါ အဆင့်မြှင့်ဖို့ လိုအပ်နေသေးတဲ့အတွက် မစတင်နိုင်သေးဘူးလို့ TAA အမှုဆောင် အရာရှိချုပ် Tassapon ကပြောကြား လိုက်ပါတယ်။

အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရ

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မောင်စူးစမ်း အင်္ဂါဂြိုလ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်

အမေရိကန် အာကာသ သိပ္ပံ ဌာနလို့ ခေါ်တဲ့ NASA နာဆာ အဖွဲ့ရဲ့ မောင်စူးစမ်း ခေါ် (Curiousity) အမည်ရ စူးစမ်းရေး ယာဉ် ငယ်ဟာ အင်္ဂါဂြိုလ် (ဂြိုလ်နီကြီး ) စူးစမ်း လေ့လာရေးအတွက် ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ က အောင်မြင်စွာနဲ့ ဆင်း သက်နိုင်ခဲ့ပြီဖြစ်ပါတယ်။အမေရိကန် သမ္မတ အိုဘားမားကတော့ ဒါဟာ နည်းပညာနဲ့ပတ်သက်လို့ ထူးထူးခြားခြား အောင်မြင်မှုကြီးဖြစ် တယ်လို့ ဆို ပါတယ်။

ပူတာအိုခရိုင်တွင်း ဆန်ဝယ်ယူရန် အခဲဖြစ်နေဆဲ

ကချင်ပြည်နယ် မြောက်ပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုအခက်ခဲ ရင်ဆိုင်နေရသော ဒေသခံများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှတဆင့် ယနေ့ ဆန်များထုတ်ရောင်းပေးမည်ဟု ပြောဆိုထားသော်လည်း ရောင်းပေးခြင်း မရှိသောကြောင့် ဒေသခံများ သာ၍အခက်ခဲရင်ဆိုင်နေကြသည်။

သတင်းတိုလေးများ (၇.၈.၂၀၁၂)

ကေအိုင်အေတပ်ဖွဲ့ဝင်များ တပ်သားသစ်များစုဆောင်းခြင်းကြောင့် လယ်သမားများအခက်တွေ့နေ

ပြီးခဲ့တဲ့ သြဂုတ်လ (၃) ရက်နေ့က ကေအိုင်အေ မလိပါတိုက်နယ်ရုံးမှ ဘရန်ဂျာခေါင်းဆောင် တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် (၁၀) ဦးဟာ မန်စီမြို့နယ်၊ မိုးခေါင်ကျေးရွာမှာရှိတဲ့ ကျေးရွာနေ ဒေသခံ ကချင်လူမျိုး   ယောင်္ကျားလေး (၁၂) ဦး နဲ့ မိန်းကလေး (၃) ဦးတို့ကို တပ်သားသစ် စုဆောင်းဖို့ ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။

၂၁ နှစ်ပြည့် မွေးနေ့အတွက် ၂၁သိန်းလှူခဲ့တဲ့ မိုးယုစံ

ဥရောပ ၅ နိုင်ငံကို နှင်းဆီအဖွဲ့နဲ့ အတူ တစ်လကြာ ဖျော်ဖြေခဲ့တဲ့ မိုးယုစံက သြဂုတ် ၁ ရက်နေ့မှာ   မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာ ပွဲလုပ် တာ သိပ်မရှိသလို အငြိမ့်ကိုလည်း တအား ချစ်မြတ်နိုး ကြတာကြောင့် ပရိသတ် အားပေးမှု အထူးရရှိခဲ့သလို ဖျော်ဖြေပွဲ ၅ ခုစလုံးက အမှတ်တရလည်းဖြစ် ခဲ့ကြောင်းပြော ပါတယ်။

အီဂျစ်နယ်စပ်တွင် မျက်နှာဖုံးစွပ် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အီဂျစ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး

အစ္စရေး၊ ဂါဇာကမ်းမြောင်တို့နှင့် ပိုင်းခြားထားသည့် အီဂျစ်နယ်စပ်တွင် မျက်နှာဖုံးစွပ် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အီဂျစ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးသွားကြောင်း AP သတင်းက ဖော်ပြသည်။
အီဂျစ်နယ်စပ် စစ်ဆေးရေးဂိတ်တစ်ခုရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား သေနတ်သမားများက တနင်္ဂနွေနေက ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။