Saturday 2 January 2016

ကျောက်မျက်လုပ်ကွက်များကို သက်တမ်း၁ဝနှစ်မှ ၁၅နှစ်အထိ တိုးမြှင့်ပေးသွားမည့် ကျောက်မျက်ဥပဒေကို ယခုလပထမအပတ်တွင် လွှတ်တော်သို့ တင်သွင်းမည်

 ကျောက်မျက်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် 
ကျောက် မျက်လုပ်ကွက်များကို သက်တမ်း၁၀ နှစ်မှ ၁၅နှစ်အထိ တိုးမြင့်ပေးသွား မည့်ကျောက်မျက်ဥပဒေကို ယခုလ ပထမအပတ်တွင် လွှတ်တော်သို့တင် သွင်းသွားမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ် ဦးက ပြောသည်။ 

လက်ရှိအချိန်တွင် ကျောက်မျက် လုပ်တူးဖော်ခွင့်ကို တစ်ကွက်လျှင် အကျယ်အဝန်း တစ်ဧကရှိပြီး အကျိုး တူလုပ်ကွက်အကျယ်အဝန်းမှာ ဧက ၅ဝအထိရှိပြီး အကျိုးတူလုပ်ကွက် များ၏လုပ်ကိုင်ခွင့်ကို မူလသက်တမ်း ငါးနှစ်၊ ဒုတိယသက်တမ်းသုံးနှစ်နှင့် တတိယသက်တမ်းမှစတင်ပြီး နှစ်နှစ် စီ သက်တမ်းတိုးလုပ်ကိုင်ခွင့်ပြုခဲ့ ကြောင်း သိရသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ အကြီး တန်းအရာရှိတစ်ဦးက ''အခုလ ပထမ အပတ်မှာ အပြီးရေးဆွဲပြီး လွှတ်တော် ကို တင်ပြသွားမှာပါ။ သတ္တုတွင်း ဥပဒေကိုလုပ်နေရတဲ့အတွက် ကျောက် မျက်ဥပဒေက ကြာနေခဲ့တာပါ။ လက် ရှိရေးဆွဲထားတဲ့ဥပဒေအရ ကျောက် မျက်လုပ်ကွက်တွေကို သတ္တုတွင်းလုပ် ကွက်တွေလို သက်တမ်းအရှည်တွေ ပေးမယ်။ ဆယ်နှစ်တို့ ၁၅နှစ်တို့ပေး သွားမှာပါ''ဟုပြောသည်။

လက်ရှိခွင့်ပြုထားသောကျောက် မျက်တူးဖော်ခွင့်သက်တမ်းမှာ အချိန် တိုတောင်းခြင်းကြောင့် လုပ်ကိုင်ဆောင် ရွက်ရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်ကြောင်း သိရသည်။

အကြီးတန်းအရာရှိက ''သက် တမ်းတိုတဲ့အတွက် အမြန်အဆန်တူး ရတယ်ဆိုတာမျိုးတွေ ရှိနေပါတယ်။သက်တမ်းအရှည်ပေးလိုက်မယ်ဆို ရင်တော့ ရေရှည်တူးရတဲ့အတွက် ကြောင့် စနစ်တကျတူးဖော်တာ မျိုး တွေဖြစ်လာမယ်။ နောက်ပိုင်းဒီဇိုင်း တွေမှာလည်း သေချာလုပ်သွားနိုင် မယ်။ ဒီဥပဒေအတည်ပြုပြီးတာနဲ့ ခွင့်ပြုသွားမှာပါ''ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၅ခုနှစ် နိုဝင်ဘာလ၃ဝရက်စာရင်းအရ လုံး ခင်၊ ဖားကန့်ရတနာမြေနယ်တွင် တူး ဖော်ရေးကုမ္ပဏီ၆၂ရခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း၇၇၁၄ကွက်နှင့် ကုမ္ပ ဏီ၂၃၁ ကို အကျိုးတူလုပ်ကွက်၃၁၁ ကွက် စုစုပေါင်း ဧရိယာ၂၂၅၅၈ ဒသမ ၃ဝဧကကို လုပ်ကိုင်ခွင့်ပြု ထားကြောင်း ယမန်နှစ် ဒီဇင်ဘာလ၁၉ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထား သည့်အချက်အလက်အရ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင်ပြဋ္ဌာန်း ထားသော မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမှာ နှစ်ကာလကြာမြင့်နေပြီး ဖြစ်ခြင်းကြောင်း၊ ခေတ်ကာလနှင့် ကိုက်ညီခြင်းမရှိတော့ကြောင်း သိရ သည်။ 

မြန်မာနိုင်ငံတွင်ကျောက်မျက် တူးဖော်ခြင်းလုပ်ငန်းများကို ၁၉၉၅ ခုနှစ်ကစတင်ပြီး ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နိုင်ငံသားပိုင်ကျောက် မျက်ကုမ္ပဏီများကို တူးဖော်ထုတ်လုပ် ရောင်းချခွင့်ပြုခဲ့ပြီး ၁၉၉၅ခုနှစ်က စတင်ပြီး ပုဂ္ဂလိကလုပ်ကွက်များကို ခွင့်ပြုခဲ့ပြီး ၂၀၀ဝပြည့်နှစ်တွင် နိုင်ငံ တော်နှင့် အကျိုးတူတူးဖော်ထုတ်လုပ် မည့်ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

AA
Democracytoday

No comments:

Post a Comment