Saturday 2 January 2016

ဖားကန့်ဒေသသို့ စက်ယန္တရားကြီးများ ထပ်မံဝင်ခွင့်မပြုတော့

ဖားကန့်ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တွင် တွေ့ရသည့် မြေသယ်ယာဉ် များ (ဓာတ်ပုံ-မရန်)
ဖားကန့်ဒေသသို့ ကျောက်စိမ်းကုမ္ပဏီများမှ ထပ်မံ တင်သွင်းလာသည့် စက်ယန္တရား ကြီးများကို ဒေသတွင်း အခြေစိုက် တပ်မတော်က ဝင်ခွင့်မပြုတော့ ကြောင်း သတင်းရရှိသည်။
ဖားကန့်ဒေသအတွင်း ကျောက်စိမ်းထုတ်လုပ်မှုနှင့်တရားမဝင်ယာဉ်၊ ယန္တရားများ ပြဿနာ ရှုပ်ထွေးနေစဉ် ကျောက်စိမ်း ကုမ္ပဏီနှစ်ခုက ထပ်မံသယ် ဆောင်လာသည့် တန် ၁၀၀ မြေ သယ်ကား ၃၉ စီးကို ဒေသတွင်း အခြေစိုက် တပ်မတော်က တား

ဆီးလိုက်ကြောင်း အဆိုပါဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တစ်ခုမှ အရာရှိတစ်ဦးက ပြော သည်။

‘‘ကားတွေ ပြန်ပို့လိုက်ရပြီ။ အသွင်းမခံဘူး။ ကုမ္ပဏီထဲရောက်ပြီးခါမှ ပြန်ထုတ်သွားရတာ။ ကားတင်မဟုတ်ဘူး။ ဘက်ဟိုးတွေ၊ တခြားစက်တွေ ဘယ်ဟာမှကို အဝင်မခံဘူး’’ဟု ၎င်းက ပြော သည်။

တားဆီးရခြင်းမှာ ဖားကန့် ဒေသတွင်းမှ စက်ယန္တရားအရေ အတွက်ကို စာရင်းကောက်ရန် ပြင်ဆင်ခြင်းဖြစ်နိုင်သည်ဟု ဖား ကန့်မြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။

တားမြစ်ခဲ့သည့် မြေသယ်ယာဉ်များသည် မှတ်ပုံတင်ထားသော တရားဝင် ယာဉ် များဖြစ်ပြီး လက်ရှိအချိန်တွင် ဖားကန့်မြို့နယ် တမခန်ကျေးရွာ အနီးရှိ ကသိုင်းတောင်တွင် ထားရှိကြောင်းသတင်းရရှိသည်။

ဖားကန့်ဒေသတွင် မြေစာပုံ ပြိုကျခြင်းများကြောင့် လူသေ ဆုံးမှုမကြာခဏ ဖြစ်ပွားခြင်းနှင့် သဘာဝသယံဇာတများ ထုတ် လုပ်နေခြင်းအပေါ် ဖြေရှင်းရန် ဖားကန့်နယ်မြေတွင် ကျောက် စိမ်းတူးဖော်မှု လုံးဝပိတ်သိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခြင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း စသော နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက် ရန် သတ္တုတွင်းဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးသန်းထွန်းအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ သည်။ ယင်းအစီအစဉ်ကို ပြည် ထောင်စုလွှတ်တော်က လက်မခံ ဘဲ ပယ်ချလိုက်သည်။

7Day Daily 

No comments:

Post a Comment