Monday 15 February 2016

သဲကုန်းသပိတ်စခန်း ဖြိုခွဲခံရမှု ၂ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

ပြည်ခရိုင် သဲကုန်းမြို့နယ် ဒေသခံ တောင်သူလယ်သမား များ၏ သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်ရရှိရေးသပိတ်စခန်း ဖြိုခွဲခံရခြင်း ၂ နှစ်ပြည့် အထိမ်း အမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ယင်းအခမ်းအနားကိုသဲကုန်း မြို့နယ် အုပ်ဖိုကျေးရွာအုပ်စုအောင်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။‘‘ကျွန်မတို့ပိုင်တဲ့ လယ်မြေ တွေကို စစ်တပ်က အရင်သိမ်းခဲ့ တာ။ နောက်ပိုင်း စစ်တပ်ကနေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြန်ရောင်းလိုက်တယ်။ အဲဒီမြေ တွေကို ပြန်ရဖို့ ဆန္ဒပြ၊ သပိတ် စခန်းဖွင့် တောင်းဆိုတဲ့ အခါ အကြမ်းဖက်ဖြိုခွဲခံရသလို တရားစွဲထောင်ချခံရတယ်။ ၂၀၁၄ ဖေဖော်ဝါရီ ၁၄ ရက်က သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့တာ ၂ နှစ်ပြည့်ပါပြီ’’ဟု အောင်ကုန်း ကျေးရွာဒေသခံ တောင်သူအမျိုးသမီး ဒေါ်ညိုက ပြောသည်။
ယခင်စစ်အစိုးရလက်ထက် က သဲကုန်းမြို့နယ် အုတ်ဖိုကျေး ရွာအုပ်စုရှိ လယ်မြေဧက တစ် ထောင့်ရှစ်ရာကျော်ကို တပ်မ(၆၆)ကသိမ်းယူခဲ့ရာ ပြန်လည်ရရှိ ရန် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ဒေသခံတောင် သူများကပြောသည်။

အဆိုပါသပိတ်စခန်းဖြိုခွဲခံရ မှု ၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ အုတ်ဖို၊ သင်တော၊ ဆောက်ခြုံ ကြီး၊ အောင်ကုန်းနှင့် သဇင်လှ ကျေးရွာများမှ လယ်ယာမြေသိမ်း ဆည်းခံထားရသော ဒေသခံ တောင်သူ ခုနစ်ဆယ်ခန့် တက် ရောက်ခဲ့သည်။

‘‘လယ်သိမ်း ခံထားရတဲ့ တောင်သူတွေအနေနဲ့ ညီညီညွတ် ညွတ်နဲ့ လယ်ယာမြေတွေ ပြန် လည်ရရှိဖို့ နောင်လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်လက် ကြိုးပမ်းဖို့ ဆွေးနွေးကြတယ်။ အခု ၂ နှစ်ပြည့်မှာ လယ်ယာမြေ ပြန်လည်ရရှိဖို့ ဆောင်ရွက်ရာမှာ ထောင်ကျခံရတဲ့ တောင်သူတွေ၊ ကူညီလို့ တရားစွဲဆိုခံရတဲ့ကျောင်း သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အတွက် စိတ်မကောင်း ကြောင်း ဖြစ်ကြတယ်’’ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။
7 day

No comments:

Post a Comment