Tuesday 16 February 2016

တတိယအကြိမ် သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ရာတွင် လူနေအိမ်အချို့တွေ့ရှိ

တတိယအကြိမ် သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ရာတွင် လူနေအိမ်ဟု ယူဆရသော အဆောက်အအုံအချို့နှင့် စေတီ များကို ပထမဆုံးတွေ့ရှိခဲ့ကြောင်း မွန်ပြည်နယ် ရှေးဟောင်းသုတေ သနဌာနခွဲမှ သတင်းရရှိသည်။မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်ထိုမြို့ကြား ကေလာသ တောင်အနီးရှိ သုဝဏ္ဏဘူမိမြို့ ဟောင်းကို တတိယအကြိမ် တူး ဖော်မှုအဖြစ် ၂၀၁၅ နိုဝင်ဘာမှစ၍ကျပ်ငွေသိန်းတစ်ထောင်သုံး၍ ပြန်လည်တူးဖော်ခဲ့ပြီး လေးလအ တွင်းမှာပင် တောင်ကုန်း ခြောက် ကုန်းကျော် တူးဖော်နိုင်ခဲ့ကြောင်း မွန်ပြည်နယ်ရှေးဟောင်းသုတေ သနဌာနခွဲမှ သိရသည်။ တောင် ကုန်းအမှတ် ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄နှင့်ကျိုက်ကသာ မလော့ချောင် တောင်ကုန်းတို့တွင် တူးဖော်ခဲ့ရာ ပထမဆုံးတွေ့ရှိမှုအဖြစ် လူနေ အိမ်များကို တွေ့ရှိခဲ့ခြင်း ဖြစ် သည်။
‘‘လူနေအိမ်လို့ ယူဆရတဲ့အ ဆောက်အအုံတွေကို အရင်က မ တွေ့ဖူးပါဘူး။ မြို့ရိုးနဲ့ သာသနိကအဆောက်အအုံလို ပုံစံမျိုးတွေပဲ အတွေ့များရာကနေ အခု လူနေမှုစရိုက်အဆောက်အအုံတွေကိုပါ ထင်ထားတာထက် စောစောပိုပြီး တွေ့တယ်’’ဟု မွန်ပြည်နယ်ရှေး ဟောင်းသုတေသနဌာနခွဲမှ ဒုတိ ယညွှန်ကြားရေးမှူး ဦးအောင်နိုင် မိုးက ပြောသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို ၁၉၇၄ နှင့် ၂၀၀၃ တို့တွင် နှစ်ကြိမ်တိုင် တူးဖော်ခဲ့ပြီး မြို့ရိုး ၂ မိုင်အထိသာ တူးဖော်နိုင်ခဲ့သည်။ ယခင် က ငွေကြေးအခက်အခဲကြောင့် ခရီးမရောက်နိုင်ခဲ့ဘဲ တတိယ အကြိမ်၌ ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေအပြင် အလှူရှင် များကလည်း သုဝဏ္ဏဘူမိမြို့ ဟောင်းကို ဆက်လက် တူးဖော် ရန် ထောက်ပံ့ခဲ့သည်။

ယခင်နှစ်များက တူးဖော်ခဲ့ သည်ထက် လက်ရှိ လေးလတာ တူးဖော်မှုကို ကျေနပ်အားရမှုရှိ သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ‘‘အခုတူးဖော်တာတွေ ကို အားရတယ်။ အရင်တူးတာ တွေထက် ပိုပြီး အလုပ်ဖြစ်တယ်။ နန်းတော်၊ ကျောက်စာတွေနဲ့ အ သုံးအဆောင်ပစ္စည်းတွေ တွေ့ရှိ ဖို့ဆိုရင်တော့ ထပ်ပြီး တူးဖော်ဖို့ လိုသေးတယ်’’ဟု ရှေးဟောင်းသု တေသနပညာရှင် ဦးစံဝင်းက ပြောသည်။

လာမည့်အပတ်တွင် သုဝဏ္ဏဘူမိရှိ တူးဖော်မှုများကို ရပ်နား သွားမည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကိုသာ လုပ်ကိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ တူးဖော်ခဲ့သော ကုန်းများ အနက် ပိုမိုကြီးမားသော ၁၁၊ ၁၂ကုန်းများကို သွပ်များဖြင့် အခိုင်အမာကာရံပြင်ဆင်ထားပြီး ရပ်နား ထားချိန်အတွင်း တူးဖော်တွေ့ရှိ ထားသည့် အဆောက်အအုံမှ နမူ နာများနှင့်မြေသားအချို့ကိုလည်း ဓာတ်ခွဲစစ်ဆေးသွားမည် ဖြစ် ကြောင်း မွန်ပြည်နယ် ရှေးဟောင်းသုတေသနဌာနခွဲမှ သတင်းရရှိ သည်။ ယခင်က မွန်ပြည်နယ် ဘီး လင်းအနီးတွင် တူးဖော်ရရှိထား သည့် လက်ရေးစင်း အုတ်ချပ်များနှင့် အုတ်ခွက်များကို မော်လမြိုင် ယဉ်ကျေးမှုပြတိုက်၌ ပြသထားသည်။

သုဝဏ္ဏဘူမိခေတ်၏သက် တမ်းကို အတိအကျမခန့်မှန်းနိုင် သေးသော်လည်း ပုဂံခေတ်ထက် ရှေးကျပြီး လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်ကဟု လေ့လာသူများက သတ်မှတ်ထားကြကာ သ မိုင်းပညာရှင်များကြားတွင် မြို့ တည်ရှိမှုနှင့်ပတ်သက်၍ အယူအ ဆကွဲလွဲမှုများရှိနေသည်။
7 day

No comments:

Post a Comment