Monday 15 February 2016

ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန် အဟံမုံရွာဖွဲ့စည်း

မုံရွာမြို့ ဗုဒ္ဓသာသနာအ ကျိုးဆောင်အဖွဲ့က ဦးဆောင်၍ အနောက်မြောက်ဒေသ ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ရန် အဟံမုံရွာအဖွဲ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
အဟံမုံရွာ ရှင်သာမဏေ ကျန်းမာရေး ၀န်ဆောင်မှု အ ထောက်အကူပြုအဖွဲ့ စတင်ဖွဲ့ စည်းချိန်တွင် အသင်းဝင် ၅၀ ခန့် ပါဝင်သည်။ မုံရွာမြို့ ဗုဒ္ဓသာသ နာအကျိုးဆောင်အဖွဲ့က မတည် အလှူငွေ ကျပ်နှစ်သိန်းဖြင့် ရှင် သာမဏေကျန်းမာရေးဝန်ဆောင် မှု အထောက်အကူပြုလုပ်ငန်းများ စတင်ဆောင်ရွက်မည် ဖြစ်သည်။
‘‘အဟံမုံရွာ ရှင်သာမဏေ ကျန်းမာရေး ၀န်ဆောင်မှု အ ထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီး တစ်လတစ်ကြိမ် ရှင်သာမဏေ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်မှာပါ။ ရှင်သာမဏေရှိတဲ့ ကျောင်းတိုက်တွေကို အလှည့်ကျစနစ်နဲ့ ပြုစုစောင့်ရှောက်သွားမယ်’’ဟု မုံရွာမြို့ ဗုဒ္ဓသာသနာအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောကြားသည်။

အဟံမုံရွာအဖွဲ့၏ ပထမအ ကြိမ် ရှင်သာမဏေ ကျန်းမာရေး ၀န်ဆောင်မှု အထောက်အကူပြုလုပ်ငန်းများ စတင်ဖွဲ့စည်းခဲ့ သည့် ဖေဖော်ဝါရီ ၁၄ ရက်၌ပင် အဟံအဖွဲ့ချုပ်(ရန်ကုန်)နှင့် ပူး ပေါင်း၍ မုံရွာမြို့ မဟာဇောတိ ကာရာမ ကျောင်းတိုက်အတွင်း ရှင်သာမဏေအပါး ၁၂၀ ကျော် အား ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည်။

‘‘အဟံအဖွဲ့ချုပ်(ရန်ကုန်) ကို ၂၀၀၈ မှာ စတင်ဖွဲ့စည်းပြီး ရှင်သာမဏေ ကျန်းမာရေး ၀န် ဆောင်မှု အထောက်အကူပြုလုပ် ငန်းတွေကို ကျောင်းတိုက်ပေါင်း ၅၀၀ ကျော်မှာ ဆောင်ရွက်ပြီးစီး ပါပြီ။ မုံရွာအပါအ၀င် အနောက် မြောက်ဒေသ ရှင်သာမဏေကျန်း မာရေးစောင့်ရှောက်ဖို့ အဟံမုံရွာ ကို ဖွဲ့စည်းခဲ့တာပါ’’ ဟု အဟံအ ဖွဲ့ချုပ်(ရန်ကုန်) ဥက္ကဋ္ဌ ဦးမင်း လွင်က ပြောသည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာ၏ အခြေခံရေသောက်မြစ်ဖြစ်သော သာမဏေငယ်များနှင့် ဓမ္မရင်ခွင် ၌ ခိုလှုံနေသည့် မိဘမဲ့ကလေး ငယ်များ၏ ကျန်းမာရေးနှင့်ပညာရေး ကူညီစောင့်ရှောက်ရန်၊ အမျိုး ဘာသာသာသနာ အကျိုးဆောင် ရွက်ခြင်းမှ လောကကြီး တစ်ခု လုံး၏ ကောင်းကျိုးများ ဆောင် ရွက်နိုင်ရန်နှင့် ဗုဒ္ဓဘာသာဝင်လူငယ်များ အားကျဂုဏ်ယူကာ တစ်နိုင်ငံလုံးဘာသာရေးအသင်း အဖွဲ့များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် အဟံရှင် သာမဏေ ကျန်းမာရေးဝန်ဆောင် မှု အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းလွင်က ဆိုသည်။

အဟံရှင်သာမဏေ ကျန်း မာရေးဝန်ဆောင်မှု အထောက် အကူပြုအဖွဲ့များအဖြစ် အဟံအ ဖွဲ့ချုပ်(ရန်ကုန်)၊ အဟံမန္တလေး၊ အဟံအလယ်ရိုးမ (တောင်ငူ)၊ အဟံဟင်္သာတ (ဧရာဝတီတိုင်း)၊ အဟံမုံရွာ(အနောက်မြောက်ဒေ သ) အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

အဟံအဖွဲ့၏ လုပ်ငန်းစဉ် များသည် သာမဏေငယ်များနှင့် မိဘမဲ့ ကလေးငယ်များ၏ ဦး ခေါင်းတွင် ပေါက်တတ်သည့် အရေပြားရောဂါများ ကုသပေး ခြင်း၊ သာမဏေငယ်များ၏ သင်္ကန်း၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်၊ မျက်နှာ သုတ်ပ၀ါနှင့် မိဘမဲ့ကလေးငယ် များ၏ အ၀တ်အထည်များအား ပိုးသတ်ဆေးဖြင့် လျှော်ဖွပ်ပေး ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး နှင့် စားသောက်နေထိုင်မှုဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်း၊ ရဟန်းသံဃာများ အသုံးပြုသည့် ရေအိမ်(ကုဋီ)နှင့် သောက်ရေကန် များ ဆေးကြောခြင်း၊ ရေဆိုး မြောင်းများ သန့်ရှင်းရေးဆောင် ရွက်ခြင်း၊ ကျန်းမာစွာဖြင့် အိပ် စက်နိုင်ရန် ကြမ်းပိုးဆေး၊ ခြင် ဆေးဖျန်းခြင်း၊ ဘာသာရေးဆိုင် ရာလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကလေးငယ်များအား အစာအာ ဟာရ ကျွေးမွေးခြင်း၊ ပညာဒါန (အင်္ဂလိပ်စာ) သင်တန်းသင်ကြား ခြင်း၊ အခါအားလျော်စွာ သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါ က အချိန်နှင့် တစ်ပြေးညီ ကူညီ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
7 day

No comments:

Post a Comment