Monday 15 February 2016

ဆယ်လအတွင်း မြန်မာ−တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကိုးဘီလီယံကျော်ရှိ

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစ ဧပြီမှ ဇန်နဝါရီအထိ ဆယ်လအတွင်း မြန်မာ-တရုတ်ကုန်သွယ် မှုသည် အမေရိကန်ဒေါ်လာ ၉ဒသမ ၄ ဘီလီယံကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ်ထက် ပိုများနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
‘‘တရုတ်ကို သဘာဝဓာတ်ငွေ့ပါဝင်တဲ့ စက်မှုကုန်ချောပစ္စည်းအများဆုံးတင်ပို့တယ်။ လယ်ယာထွက်ကုန်ပစ္စည်းက ဒုတိယအများဆုံးတင်ပို့တယ်။ တရုတ်နဲ့ ကုန်သွယ်မှုက မြင့်တက်လာပါတယ်’’ဟု ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
ဆယ်လအတွင်း စက်မှုကုန် ချောပစ္စည်း ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံနှင့် လယ်ယာထွက် ကုန်ပစ္စည်း တစ်ဘီလီယံကျော် တင်ပို့ထားသည်။

လုပ်ငန်းသုံးကုန်ပစ္စည်း ကန်ဒေါ်လာ ၁ ဒသမ ၂ သန်း၊ လူသုံး ကုန်ပစ္စည်း ကန်ဒေါ်လာ သန်း ၅၀၀ ဖိုး ပြန်လည်တင်သွင်းထား ပြီး တင်သွင်းသည့်ပမာဏ၏ ၆၀ ရာခိုင်နှုန်းသည် ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းများဖြစ်ကြောင်း ကုန်သွယ် မှုမြှင့်တင်ရေးဌာန စာရင်းများ တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ယခင်ကဆန်ကို မှောင်ခိုကုန်သွယ်ခဲ့သော်လည်း ယခုအခါ တရား ဝင်ကုန်သွယ်နေပြီဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ် ဖက် ၁၂ နိုင်ငံရှိပြီး တရုတ်နှင့် ကုန်သွယ်မှုသည် အမြင့်မားဆုံး ဖြစ်သည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တစ် နှစ်လုံးအတွက် မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏသည် ကန်ဒေါ် လာ ၁၀ ဘီလီယံကျော်ရှိပြီး ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၆ဘီလီယံကျော်နှင့် သွင်းကုန် တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံရှိသည်။
7 day

No comments:

Post a Comment