Monday 11 May 2015

မြဝတီရုပ်သံလိုင်းတစ်ခုတွင် ကျွဲ၊ နွားခတ်ပြိုင်ပွဲ လွှင့်ခြင်းကို ကန့်ကွက်


MWD CHANNEL မှ ကြော်ငြာထားသော နွားရိုင်းသတ်ပွဲအစီအစဉ်ပုံ
မြဝတီမှတ်တမ်းရုပ်ရှင်ရုပ် သံလိုင်းတွင် ကျွဲ၊ နွားခတ်ပြိုင်ပွဲ များထုတ်လွှင့်ပြသမည့် အစီအ စဉ်ကို ပြသခြင်းမပြုရန် တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (APO)က တရားဝင် ကန့်ကွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံတွင် ပြုလုပ်သော ကျွဲနွားများအချင်းချင်း ခတ်ကြ သည့် ပြိုင်ပွဲကို မေလ ၁၀ ရက်မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့ နံနက်၉ နာရီခွဲ၊ နေ့လယ် ၁ နာရီ နှင့် ည ၆ နာရီတို့တွင် ပြသမည်ကို တိရစ္ဆာန်ချစ်သူများနှင့် (APO)အဖွဲ့က ရုပ်သံ၌ ထုတ်လွှင့်ပြသခြင်းမပြုရန် မေလ ၁ ရက်က မြဝတီမှတ်တမ်းရုပ်ရှင် ရုပ်သံလိုင်းသို့ တောင်းဆိုခဲ့သော်လည်း မြဝတီ channel က ထုတ်လွှင့်မှု ကို ရပ်ဆိုင်းရန် ငြင်းဆိုခဲ့သည်။
ကျွဲနွားများအချင်းချင်း သွေးထွက်သံယိုခတ်ခိုင်းခြင်းမှာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်သည့် သရုပ်ပြမြင်ကွင်းမျိုးဖြစ်နေပြီး မြန်မာနိုင်ငံဓလေ့နှင့် မကိုက်ညီ သည့်အတွက် ထုတ်လွှင့်ပြသမှု ကို ရပ်ဆိုင်းရန် အလွတ်သဘောဖြင့် တောင်းဆိုခဲ့သော်လည်း ဆက်လက်ထုတ်လွှင့်မည်ဆိုပါက ပြန် ကြားရေးဝန်ကြီးဌာနရုံးသို့ တရား ဝင်စာတင်ကာ ကန့်ကွက်သွား မည်ဖြစ်ကြောင်း APO အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်ပူစူးက ပြောသည်။
‘‘ကိုယ့်ဘက်က သိတာ နောက်ကျသွားလို့ လက်မှတ်ထိုး တာတို့၊ စာတင်တာမျိုးတွေ မလုပ် နိုင်ပေမယ့် အဲဒီအစီအစဉ်ကို ဆက်ပြီး ထုတ်လွှင့်နေရင်တော့ တရားဝင် ကန့်ကွက်သွားမှာပါ’’ ဟု ၎င်းက ပြောသည်။
ကျွဲနွားများမှာ အသက်သေ အောင် ခတ်ကြသည်မျိုးမဟုတ်ဘဲ ပြည်ပမှ ပြိုင်ပွဲများကို ကြည့်ရှု သူများအတွက် ဗဟုသုတအနေ ဖြင့် ပြသခြင်းဖြစ်ကြောင်း မြဝတီ Documentary ရုပ်သံလိုင်းထုတ် လွှင့်ရေးပိုင်း တာဝန်ရှိသူတစ်ဦး က ပြောသည်။ ‘‘တစ်ဖက်က ပရိ သတ်အများစုရဲ့အသံကိုလည်း နားထောင်ပြီး ဆက်ထုတ်လွှင့်၊ မလွှင့်ကို ဆုံးဖြတ်သွားပါ့မယ်’’ဟု ၎င်းက ဆိုသည်။
ဟိန်းသာ
7 day

No comments:

Post a Comment