Monday 11 May 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆားဘီးယား နိုင်ငံသို့ရောက်ရှိ

(ဓာတ်ပုံ - Senior General Min Aung Hlaing Facebook) 
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် မေလ ၁၀ ရက် နံနက်တွင် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်သည် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိစဉ် ဆားဘီးယားနိုင်ငံ အစိုးရအဖွဲ့၊ တပ်မတော်တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဆိုင်ရာ ကိစ္စ ရပ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြ ထားသည်။

မေလ ၆ ရက်တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့သောတပ် မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပါကစ္စတန် နိုင်ငံ၌လေးရက် ကြာနေထိုင်ခဲ့ပြီး ပါကစ္စတန်သမ္မတ၊ ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော် မတီ ဥက္ကဋ္ဌ၊ ပါကစ္စတန်တပ်မတော် (ကြည်း) တပ်ဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။

ထို့ပြင် ယင်းနိုင်ငံအတွင်းရှိ စက်ရုံများ၊ ပြတိုက်များ၊ အပန်း ဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ပြီး စစ်ဘက်ဆိုင်ရာသံချပ် ကာယာဉ်များထုတ်လုပ်သည့် စက်ရုံသို့လည်း သွားရောက်လေ့ လာခဲ့သည်။

ပါကစ္စတန်မှတစ်ဆင့် ဆား ဘီးယားနိုင်ငံသို့ ဆက်လက်ထွက် ခွာခဲ့ခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment