Monday 11 May 2015

KIA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထင်းခွေသွားသော ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ ထင်းခွေ သွားသော ဒေသခံတစ်ဦးသည် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ မေလ ၇ ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေး ရွာ၊ အောင်မင်္ဂလာ ရပ်ကွက်နေ ဦးနော်နန်၊ အသက် ၆၅ နှစ်၊ ကချင်/ ခရစ်ယာန်၊ တောင် သူနှင့် ဒေါ်ဂျာနန် အသက် ၆၃ နှစ်၊ ကချင်/ ခရစ်ယာန် တို့ ၂ ဦးသည် မဖိန်းကွင်းတောအတွင်းသို့ ထင်းခွေ သွားရောက်ချိန်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးနော်နန်မှာ ၀မ်းဗိုက်၊ လက်မောင်းနှင့် ခြေထောက်နေရာများတွင် ထိခိုက် ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးနော်နန်အား ဆားမှော်တိုက် နယ်ဆေးရုံ သို့ ပို့ဆောင်ပြီး ဆေးကုမှုခံယူ လျက်ရှိကြောင်းနှင့် KIA ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မိုင်းတန်ဖိုးငွေ ၃ သိန်းအား မေလ ၁၀ ရက်နေ့နောက်ဆုံး ပေးလျော်ရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးထံ KIA အဖွဲ့မှ စာပို့ထား ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးမှ ပြောပြပါသည်။

“KIA မိုင်းထောင်မှုကြောင့် ဆားမှော်ကျေးရွာမှာ ဒေသခံ ၄ ယောက်ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး တနိုင်းနဲ့ ဖားကန့်ဒေသဘက်မှာလည်း ထိခိုက်ဒဏ် ရာရသူများမှာ အယောက် ၂၀ ကျော်ရှိသည်”ဟု မြစ်ကြီးနားမြို့ရှိ ကချင်ပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ယခုရက်ပိုင်းအတွင်း KIA အဖွဲ့မှ တရားမ၀င်သစ်ခိုးထုတ်သူ တရုတ်နိုင်ငံ သားများအား အခကြေးငွေ ရယူကာ သစ်များခုတ် ယူခွင့်ပြု ထားသောကြောင့် သစ်ခိုးထုတ်သူများအား လိုက်လံ ဖမ်းဆီးသော အစိုးရ တပ်များနှင့် KIA အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းမှ ဆက် လက်ပြောပြပါသည်။

အောင်ကျော်မိုး( မြစ်ကြီးနား)
Kachin Daily News

No comments:

Post a Comment