Monday 11 May 2015

လပွတ္တာမြို့နှင့် ပြင်စလူမြို့နယ်ခွဲများတွင် သောက်သုံးရေ ပြတ်လပ်မှု နေ့စဉ်ကြုံတွေ့နေ

လပွတ္တာမြို့နယ်နှင့် ပြင်စလူမြို့နယ်ခွဲ ဒေသများတွင် သောက်သုံးရေ ရှားပါးမှုကြောင့် သောက်သုံးရေ ထောက်ပံ့ပေးနေသည်ကို တွေ့ရစဉ်
လပွတ္တာမြို့နှင့် ပြင်စလူမြို့နယ်ခွဲ ဒေသများတွင် သောက်ရေကန်များ ခန်း ခြောက် လာခြင်းများကြောင့် သောက်သုံးရေရှားပါးမှုကို နေ့စဉ်ကြုံ တွေ့နေ ကြောင်း သတင်းရရှိသည်။
လပွတ္တာမြို့နယ် အနီးတစ်ဝိုက်ရှိ ကျောက်ဖျာလေးကျေးရွာ၊ ရေဆိုင်ကျေးရွာ၊ ၁၂ မိုင်ကျေးရွာ၊ မောင်းတီး ကျေးရွာ၊ သင်္ကန်းကြီးကျေးရွာ စသည့်ကျေးရွာ များတွင် သောက်သုံးရေများ ရှားလားပါမှုကြောင့် မြို့ခံ အလှူရှင်များ၊ မီးသတ် တပ်ဖွဲ့နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ နေ့စဉ် သောက်သုံးရေများ ဖြန့်ဝေပေးနေရကြောင်း၊ ပြင်စလူမြို့နယ်ခွဲတွင်မူ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် ကျေးလက်ဒေသ ဖွံဖြိုးရေး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ကုန်းလမ်းထိစပ်နေသည့် ကျေးရွာ များကို သာမက စက်လှေငယ်များဖြင့် သောက်သုံးရေများကို ကျေးရွာများ အရောက် နေ့စဉ်ပို့ဆောင် လှူဒါန်းမှုများ ပြုလုပ်နေရကြောင်း သိရသည်။

“ကျွန်တော်တို့တွေ မော်တော်ယာဉ်တွေနဲ့ရော စက်လှေတွေနဲ့ပါ နေ့စဉ်သွားလှူနေရတယ်။ ပြင်စလူမှာဆို အဓိက ၁၈ ရွာပေါ့။ အခုဆို ဂါလန်ပေါင်း ၅၀၀၀၀ နီးပါး ဖြန့်ဖြူးပေးထားပြီးပါပြီ။ မိုးမမှန်မချင်းတော့ သောက်သုံးရေက လိုအပ်နေဦးမှာဆိုတော့ ဆက်လက်လှူဒါန်းနေရဦးမှာပါ” ဟု လပွတ္တာမြို့နယ် ကျေး လက် ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နွေရာသီတိုင်းမှာ သောက်ရေပျက်တာက နာဂစ်ပြီးကတည်းက နှစ်စဉ် ပျက်တာ အစဉ်အလာလို ဖြစ်နေ တယ်။ နှစ်တိုင်း ရေလှူတာနဲ့စာရင် သောက်ရေကန်တွေ တူးမယ်။ အချို့နေရာတွေမှာ လက်ယက် တွင်း တွေကို ရေတွင်းအဖြစ် တူးမယ်ဆိုရင် အတော်ကို အဆင်ပြေနိုင်တယ်။ အဲဒီနယ်တွေ ဘက်မှာက စာရင်း ပြုစုထားသလောက်က သုံးမျိုးရှိတယ်။ သောက်ရေကန် တူးလို့ရတာရယ် လက်ယက်တွင်းကို ရေတွင်း အဖြစ် တူးလို့ရတာရယ် မိုးရေ လှောင်ကန်မှ အဆင်ပြေမှာရယ်ပေါ့။ မိုးရေလှောင်ကန်က ဈေးကြီး တော့ အစိုးရ ပိုင်းက တူးပေးမှရမှာ ရေတွင်းကတော့ တစ်တွင်းကို ကျပ်ငါးသိန်း လောက်ပဲ ကုန်မယ်။ အခု အလှူရှင်တွေ ရှာပြီးတော့ စလုပ်နေတယ် လှူမယ့်သူရှိရင် အဆင်ပြေမှာပါ” ဟု ပြင်စလူဒေသခံ တစ်ဦး ဖြစ်သူ သောက်သုံးရေများ လိုက်လံလှူဒါန်းနေသည့်အဖွဲ့မှ မနန်းက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment