Monday 11 May 2015

ကလေးမြို့ ဒိုးနွယ်ရွာ၌ မူးယစ်ဆေးဖြတ်စခန်း ဖွင့် ဆေးစွဲနေသူများကို ကုသပေးမည်

စစ်ကိုင်းတိုင်းဒေ သကြီး ကလေးမြို့နယ် ဒိုးနွယ်ရွာရှိ သာသနာ့ဗိမာန် ကျောင်းတိုက်၌ ဆေး ဖြတ် စခန်း ဖွင့်လှစ်ကာ မူးယစ်ဆေး စွဲနေသူများကို မေ ၉ ရက်မှ ၂၂ ရက်အထိ ဆေးကုသပေး၍ မူးယစ် ဆေးဖြတ် ရေး ကူညီပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ဆေးဖြတ် စခန်းတွင် မူးယစ်ဆေးစွဲနေသူများကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးနှင့် ဆရာမနှစ်ဦးတို့က ဦးစီးကု သပေးသွားမည် ဖြစ်ပြီး လက်ရှိတွင် မူးယစ် ဆေးဖြတ် မည့်သူ ၄၀ ဦးခန့်ရှိကြောင်း သိရ သည်။

''မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဟောပြောပွဲတွေသွားရင်းနဲ့ မူးယစ် ဆေးဖြတ် မယ့် ဆေးခန်းဖွင့်ဖို့ ဖြစ် လာတာပါ။ ဆရာတော် နဲ့ ဒေသခံ ပြည် သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင် ရွက်မှုကြောင့်ပါ။ မက်သာဒုန်းဆေး တိုက်ကျွေး ကုသပေး မှာပါ။ လူအရေ အတွက်တော့ ကန့်သတ် မထားပါဘူး။ ဖမ်းတာ ဆီးတာမလုပ်ဘူး။ သူတို့ကို လူနာတစ်ယောက်လို သဘောထား ပြီး ကုသပေး သွားမှာပါ'' ဟု ကလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးတင်ဇော် ထွန်းက ပြောသည်။

ဒိုးနွယ်ရွာရှိ လူကြီး၊ လူလတ်၊ လူငယ် ၄၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေး သုံးစွဲနေ ပြီး မူးယစ်ဆေးသားကောင် များဖြစ်နေသောကြောင့် ဒိုးနွယ်ရွာ တွင် ဆေးဖြတ် စခန်းဖွင့်ရန်ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မူး ယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောသည်။

မူးယစ်ဆေးသုံးစွဲနေတာ လေး နှစ်လောက်တော့ကြာပြီ။ မူးယစ်ဆေး သုံးစွဲမိတဲ့အတွက် ကျွန်တော်နဲ့မိသား စုတွေပါ ဒုက္ခရောက်ကြ ရတယ်။ စိတ် ဆင်းရဲကြရတယ်။ မိတ်ဆွေအပေါင်း အသင်းတွေကလဲ စွန့်ခွာ လာကြ တယ်။ အဲဒါတွေကိုစိတ်နာပြီး မူး ယစ်ဆေးစွဲနေ တာကို ဖြတ်ချင်တဲ့ဆန္ဒ ရှိလို့ ဖြတ် မှာ ပါ။ ကျွန်တော် ဆေးဖြတ် သလို ကျန်တဲ့မူးယစ်ဆေးသုံးစွဲမိနေ သူတွေ လဲ ဆေးဖြတ်စေချင်ပါတယ်'' ဟု မူးယစ်ဆေးဖြတ်မည့် အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

ဒိုးနွယ်ကျေးရွာတစ်ဝိုက်၌ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုများပြားသဖြင့် မြန်မာနိုင်ငံမူးယစ် ဆေးဝါးဆန့်ကျင်သူများအသင်းအနေဖြင့် ပညာပေးဟောပြောပွဲများပြု လုပ်ခြင်း၊ ဖမ်းဆီးအရေးယူ ခြင်း များ ကို ဆောင် ရွက်လျက်ရှိကြောင်း သိ ရသည်။

ဆေးဖြတ်မည့်လူနာများ၏ နေ ထိုင်စားသောက်စရိတ်များကို သာ သနာ့ဗိမာန်ကျောင်းဆရာတော် ဥူး သုနန္ဒနှင့် အလှူရှင်များက တာဝန် ယူပေးသွားမည်ဖြစ်ပြီး ဆေးဖြတ်လူ နာများ၏ လုံခြုံရေးကို ကလေးခရိုင် ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးပိုင်း တို့မှ ပူးပေါင်းဆောင်ရွက်ကြ မည်ဖြစ် ကြောင်း သိရသည်။

KTS(MMK)
‎Democracytoday‬

No comments:

Post a Comment