Saturday 19 December 2015

ကန်ပိုက်တီးနယ်စပ်မှ ယာဉ်ယန္တရားများ တင်သွင်းခွင့် ရပ်ဆိုင်း

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်မှ မြေသယ်ယာဉ် များကို ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ − မရန်)
အစိုးရလက်ကျန်သက်တမ်း အတွင်း ဖားကန့်ဒေသမှ ကျောက်စိမ်း များကို စက်ယန္တရားကြီးများဖြင့် တူး ဖော်နေကြောင်း သတင်းများထွက် ပေါ်လာပြီးနောက် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ ယာဉ်၊ ယန္တရားများတင်သွင်း ခွင့်ကို အချိန်အကန့်အသတ်မရှိ ပိတ် လိုက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ် နေကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသသို့ ရောက်ရှိ နေသော ယာဉ်၊ ယန္တရားများသည် တရားဝင် တင်သွင်းခြင်းဟုတ်၊ မ ဟုတ် စီးကူးဒုဝန်ကြီးဦးဆောင်ကာ စစ်ဆေးမည် ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောသည်။ ထို့အပြင် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယာဉ်၊ ယန္တရားများ  တင်သွင်းခွင့်ကို ခေတ္တရပ်ဆိုင်းမည်ဟု စီးကူးက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့ပြီး၊ ရပ်ဆိုင်းမည့်ကာလကိုမူ အတိအကျမသိသေးကြောင်း ဦးတင်ရဲဝင်းက ပြောသည်။

‘‘တကယ်တမ်း အကောင်အထည်ဖော်ပြီးလုပ်ရမယ့် လူက တော့ ပြည်နယ် အစိုးရ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဆီကဒုတိယ ၀န်ကြီးကတော့ ပြည်နယ် အစိုးရ ရဲ့ လုပ်ဆောင်မှုတွေကိုပိုမိုလေး နက်စေချင်လို့ သွားရောက်ပြီး တော့ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား ပူးတွဲလုပ်မှာပေါ့’’ဟု ဦး တင်ရဲဝင်းက ပြောသည်။ ယာဉ်၊ ယန္တရား တင်သွင်းခွင့် ပိတ်မည့် ကာလနှင့်ပတ်သက်၍ ပြည်နယ် အစိုးရ၏ လုပ်ဆောင်မှုသာ အဓိ ကကျကြောင်းဆိုသည်။

ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ ပြီးနောက် လက်ရှိအစိုးရ၏ လက် ကျန်သက်တမ်းအတွင်း ဖားကန့် ဒေသမှ ကျောက်စိမ်းတူးဖော်မှု များ အရှိန်မြှင့် လုပ်ဆောင်နေ သည်ဟု သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်။

တရုတ်ပြည်မှမြေသယ်ကားများလည်း နေ့စဉ်ဝင်ရောက်နေ ကြောင်း ဒေသတွင်းနိုင်ငံရေးပါတီ အချို့က ပြောသည်။ တစ်လခန့်ကြာအောင် ယင်းသတင်းများ ထွက်ပေါ်နေပြီး ထိုအခြေအနေ ကို ကွင်းဆင်းစစ်ဆေးရန် အစိုးရ က စီစဉ်ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးပြုလုပ်ရာ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အ ကောက်ခွန်နှင့် ကုန်းလမ်းပို့ဆောင်

ရေး ညွှန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူများ ပူးပေါင်းကာ ကော်မတီဖွဲ့ စစ်ဆေး မည်ဖြစ်ကြောင်း ကချင် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ ကျောက် စိမ်းတူးဖော်မှုများ အရှိန်မြှင့် လုပ် ဆောင်နေစဉ် ယင်းကဲ့သို့ စစ်ဆေး မည်ဆိုခြင်းကို ဒေသခံများက ကြို ဆိုကြောင်း ဖားကန့်မြို့ လူမှုကူညီ ရေးအသင်းမှ ဦးနော်ဆန့်ကပြော ကြားသည်။

7Day Daily 

No comments:

Post a Comment