Sunday 27 December 2015

နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် NCA လက်မှတ်မထိုးသော ၁၀ ဖွဲ့ပါ ဖိတ်ကြားမည်

NCA ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို နိုင်ငံတော်သမ္မတအား ပေးအပ်သည့်အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ပါတီများမှ တာဝန်ရှိသူများကို လိုက်လံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - MPC)
မကြာမီ စတင်ကျင်းပ ရန် အစိုးရက ပြင်ဆင်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့ လာသူ အထူးဧည့်သည်များအ ဖြစ် တက်ရောက်ရန် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကိုလည်းဖိတ်ကြားသွားမည်ဖြစ်ကြောင်း MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

ကိုယ်စားလှယ်ဦးရေ ၇၀၀ ပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၂ ရက်တွင် ပြုလုပ် မည်ဟု အစိုးရက သတ်မှတ်ထား ပြီး ဦးသိန်းစိန်အစိုးရ အသိအ မှတ်ပြု တိုင်းရင်းသားလက်နက် ကိုင် ၁၅ ဖွဲ့အနက် NCA လက်မှတ်မထိုးသေးသော်လည်း အစိုးရနှင့် တစ်ဖွဲ့ချင်း အပစ်ရပ်လက်မှတ်ရေးထိုးထားသော ခုနစ်ဖွဲ့၊ ထိန်းချုပ်နယ်မြေရှိသော သုံးဖွဲ့တို့ကို ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားမည်ဟုဆိုသည်။

‘‘သေချာတာကတော့ လက် မှတ်ထိုးထားတာ မဟုတ်လို့ ဆုံး ဖြတ်ခွင့်တော့ ရှိမှာမဟုတ်ဘူး’’ ဟု MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

NCA လက်မှတ်ရေးထိုးထား သည့် ရှစ်ဖွဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့အား ဖိတ်ကြားမှုဆိုသည့်မူကို KNU အထွေထွေအတွင်းရေးမှူးထံ ပေးအပ် လိုက်ပြီး ဇန်န၀ါရီ ၅ ရက်တွင်တရားဝင်ဖိတ်စာများ ပေးပို့သွား မည်ဟု ဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲများ တွင်လေ့လာသူအဖြစ်သာ ပါဝင်ရ မည်ဆိုပါက တက်ရောက်မည် မဟုတ်ဟု ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)က အစော ပိုင်းကပင် ပြောကြားထားသည်။ ထိုနိုင်ငံရေးဆွေးနွေးပွဲသို့ တက် ရောက်ရန် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) နှင့် မိုင်းလားလက်နက် ကိုင်အဖွဲ့ (NDAA) ခေါင်းဆောင် များထံ အစိုးရကိုယ်စားလှယ်များ က ဒီဇင်ဘာနှောင်းပိုင်းတွင် သွား ရောက်၍ ကမ်းလှမ်းဖိတ်ခေါ်ခဲ့ သည်။ သို့သော် ‘၀’ နှင့် မိုင်းလား ဘက်က တက်၊ မတက် တစ်စုံတစ်ရာ အဖြေပြန်ပေးခြင်း မရှိသေး ပေ။

တစ်ချိန်တည်းမှာပင် ညီ လာခံကို ဇန်န၀ါရီ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း MPC ဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင် သော အဖွဲ့က ဒေါ်အောင်ဆန်း စုကြည်ထံ ပြီးခဲ့သည့်ရက်က သွားရောက်တွေ့ဆုံပြောကြားခဲ့သည်။

ပဋိပက္ခ ဖြစ်ပွားလျက်ရှိ သော အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်ဆွေးနွေး၊ ဆုံးဖြတ်ပိုင်ခွင့် ရှိမည်မဟုတ်သော ထိုညီလာခံ နှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် ပြဿနာများကို အမှန်တကယ် ပြေလည်အောင် ဖြေ ရှင်းဆွေးနွေးနိုင်မည်မဟုတ်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေသည်။

လက်ရှိအစိုးရသည် လုပ် ငန်းစဉ်ကို သတ်မှတ်ချိန်နှင့် တစ် ပြေးညီ ပြီးမြောက်ရန် ရည်ရွယ် ချက်ဖြင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းအချို့နှင့်သာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူ ဘောင် အပြီးသတ်ရေးဆွဲ၍ နိုင်ငံရေး ဆွေးနွေးပွဲစတင်ရန် အဆောတလျင်ကြိုးပမ်းနေကြောင်း တပ်ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဒီဇင်ဘာ ၁၂ ရက်ကြေညာချက်တွင်ဖော်ပြခဲ့သည်။ NCA မရေးထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

၂၀၁၅ တွင် NCA ကို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် အစိုးရကြား အချော သပ်ရေးဆွဲနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ၌ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၂၀ ကျော်ရှိသည့် အနက် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နှင့်သာ စာ ချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အစိုးရတပ်မတော်နှင့် ကချင်၊ ရှမ်း၊ တအာင်း၊ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ကချင်နှင့်ရှမ်းပြည်နယ်တို့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်သင့် သူ တစ်သိန်းကျော်ရှိနေပြီး နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာရသူပေါင်း ခြောက်သိန်းခွဲခန့် ရှိသည်။
7Day Daily

No comments:

Post a Comment