Sunday 27 December 2015

MS Volendam သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်

ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှ ထွက်ခွာလာသော ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘော MS Volendam သည် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာရာ ကပ္ပတိန် နှင့် ခရီးသွားဧည့်သည်များအား ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

အဆိုပါသင်္ဘောတွင် သင်္ဘောအမှုထမ်း ၆၁၇ ဦးနှင့် ခရီးသွားဧည့်သည် ၁၄၁၁ ဦးပါဝင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ကာလအတွင်း ပုဂံ၊ မန္တလေး၊ ရန်ကုန်၊ ပဲခူးနှင့် သန်လျင်မြို့များသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် မလေးရှားနိုင်ငံ လန်ကာဝီ ဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ယခုအခါ မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်လာ သည်နှင့်အမျှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော များသည်လည်း အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး ၄င်း MS Volendamသင်္ဘောသည် မြန်မာနိုင်ငံသို့ ၂ဝ၁၅ ခုနှစ်အတွင်း ဒုတိယအကြိမ် ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။
မြ၀တီ

No comments:

Post a Comment