Saturday 19 December 2015

ယာဉ်တင်သွင်းခွင့် ပါမစ်ပါ အကြောင်းအရာများ လာမည့်နှစ်ဆန်းမှစ၍ ပြောင်းလဲခွင့် မပြုတော့ဟုဆို

ပြည်ပမှ မော်တော် ယာဉ်တင်သွင်းခွင့်လျှောက်ထား ရာတွင် ပါမစ်၌ ဖော်ပြထားသည့် အချက်အလက်များထဲမှ ကားအ မျိုးအစားများကို ပြောင်းလဲတင် သွင်းခွင့်ပြုတော့မည် မဟုတ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပြည်တွင်းသို့ မော်တော် ယာဉ်တင်သွင်းခွင့်လျှောက်ထား ရာတွင် ပါမစ်ပါ အချက်အလက် များကို မကြာခဏ ပြင်ဆင်ကြ သည့်အတွက် လာမည့်နှစ်မှ စ၍ တစ်ဦးချင်းပါမစ် (Individual Permit)၌ အကြောင်းအရာ ပြောင်းလဲခြင်းကို ကန့်သတ်မည် ဟု အဆိုပါဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောသည်။

‘‘Individual ကိုလည်း ၂၀၁၆ ဇန်နဝါရီ ၁ ရက်မှာ စပိတ် သွားမှာပါ။ အခု စာကပ်ပေးသွား မယ်။ အခုပိတ်လိုက်ရင် ကျပ် တယ်လို့ပြောမှာစိုးလို့’’ဟု စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

အဆိုပါအစီအစဉ်သည် နှစ် သစ်တွင် စတင်အသက်ဝင်မည် ဖြစ်သော်လည်း ဒီဇင်ဘာ ဒုတိယ ပတ်၌ ကုမ္ပဏီပါမစ်များဖြင့် တင် သွင်းသည့်ကားများကိုစတင် ကန့် သတ်ထားပြီဟုဆိုသည်။

‘‘အကြံအဖန်လုပ်တဲ့သူတွေ အတွက်တော့ အလုပ်မဖြစ်တော့ ဘူး။ ဒါကို ဝန်ကြီးဌာနက ကျပ် တယ်လို့ ပြောလို့မရဘူး။ ဖြစ်သင့် တဲ့မူဝါဒ’’ဟု မြမြင့်မိုရ်ကားအ ရောင်းပြခန်းပိုင်ရှင် ဦးမြင့်မိုရ်က သုံးသပ်သည်။

ပြည်ပမှ မှန်ကန်စွာ ကား တင်သွင်းသူများသည် ပါမစ်တွင် တင်သွင်းလိုသည့်ကားကို မကြာ ခဏပြောင်းလဲလေ့မရှိ၍ မမှန်မ ကန် ပြုလုပ်နေသူများအတွက် သာ သက်ရောက်နိုင်မည် ဖြစ် သည်။

လာမည့်ဇန်နဝါရီ ၁ ရက်မှ စပြီး မော်တော်ယာဉ်တင်သွင်း ခြင်းမူဝါဒအသစ်ဖြင့် တင်သွင်းမှု ပုံစံများပြောင်းလဲထားခြင်း၊ဘယ် မောင်းညာမောင်းများ ကန့်သတ် လိုက်ခြင်းတို့ကြောင့် ကားလော ကအတွင်း ကားဈေးများမြင့်တက် လာမည်ကို ကားလုပ်ငန်းရှင်များ စောင့်ကြည့်နေကြသည်။

7Day Daily

No comments:

Post a Comment