Saturday 19 December 2015

ကမ္ဘောဇကုမ္ပဏီနှင့် စင်ကာပူကုမ္ပဏီတစ်ခု ပူးပေါင်း၍ ငွေကြေးသက်သေခံ လုပ်ငန်း ဆောင်ရွက်မည်

ကမ္ဘောဇကုမ္ပဏီအုပ်စု သည် စင်ကာပူစတော့အိတ်ချိန်း အတွေ့အကြုံရှိ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ စတော့အိတ်ချိန်းဝင် ကုမ္ပဏီများအတွက် ငွေကြေး သက်သေခံ လုပ်ငန်း ကုမ္ပဏီအဖြစ် ပထမဆုံး လိုင်စင်ရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ကမ္ဘောဇနှင့်  စင်ကာပူ Stirling Coleman Securities ကုမ္ပဏီတို့ ပူးပေါင်း၍ စတော့အိတ်ချိန်းဝင်ကုမ္ပဏီများအတွက် Under Writer ငွေကြေးသက်သေ ခံလုပ်ငန်းကုမ္ပဏီအဖြစ် ပထမ ဆုံးဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းဖြစ် သည်။

‘‘ချေးငွေသတ်မှတ်ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က အဆိုပါ Under Writer လိုင်စင်ကို ကုမ္ပဏီ ၁၀ ခုအား ထုတ် ပေးရန် စီစဉ်ထားရာ ယခုပထမ ဆုံးကမ္ဘောဇက လိုင်စင်ရရှိခဲ့ခြင်း ဖြစ်သည်။

‘‘အရင်းအနှီး စုဆောင်းဖို့ ရှယ်ယာတွေ ထုတ်ရောင်းချင်တာကို တာဝန်ယူရောင်းချပေးတာ ဖြစ်ပါတယ်။ ရောင်းဖို့အတွက်လို အပ်တဲ့ အရည်အချင်းပြည့်မီဖို့ လိုတယ်။ ဒီလိုင်စင်ကို ကျွန်တော်တို့ ကမ္ဘောဇက ရရှိခဲ့တာဖြစ်ပါတယ်’’ ဟု ကမ္ဘောဇ အုပ်ချုပ်မှုဒါရိုက်တာ  ဦးညိုအုန်းမြင့်က ပြောကြား သည်။

စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ အောက်တွင် ၀န် ဆောင်မှုပေးမည့် လိုင်စင် လေးမျိုးရှိပြီး အဆိုပါ လိုင်စင်များအနက် အမြင့်ဆုံး လိုင်စင်ဖြစ်သည့် Under Writer ကို ကမ္ဘောဇက စတင်ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းကို  ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ကုမ္ပဏီခြောက်ခုဖြင့် လည် ပတ်မည်ဖြစ်ပြီး ရှယ်ယာများ ရောင်းချခွင့်ကို ၂၀၁၆ နှစ်ဆန်း၌ စတင်မည်ဖြစ်သည်။

ငွေကြေး သက်သေခံလုပ် ငန်းလိုင်စင် Under Writer ကို ကမ္ဘောဇအပြင် အခြား ကုမ္ပဏီ များကိုလည်း ယခုတစ်ပတ်အတွင်း တစ်ခုချင်းစီ ထပ်မံထုတ်ပြန်သွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန် ကြီး ဒေါက်တာမောင်မောင်သိမ်း ကပြောသည်။

ထပ်မံထုတ်ပြန်မည့်ကုမ္ပဏီ များတွင်ဘဏ်လုပ်ငန်း၊ ငွေကြေး လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ များ ပါဝင်ပြီး ရေသန့်နှင့် အချို ရည်လုပ်ငန်းများ  လုပ်ကိုင်သည့် လွယ်ဟိန်း  ကုမ္ပဏီကလည်း ထိုင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်မည်ဟု  ကြေညာထားသည်။

7Day Daily 

No comments:

Post a Comment