Saturday 19 December 2015

နောက်အစိုးရ မတက်မီအထိ နေပြည်တော်ကောင်စီတွင် လုံခြုံရေးတင်းကျပ်မည်

နေပြည်တော်တွင် ရဲကားတစ်စီးကို တွေ့ရစဉ်၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
နောက်တက်လာမည့် အစိုးရသစ် အလွှဲအပြောင်းမပြုလုပ်မီကာလအထိ နိုင်ငံတော်သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော် ကောင်စီနယ်မြေရှိ လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်ေQနသည်ဟု နေပြည် တော်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘လုံခြုံရေးကို တိုးမြှင့်ထား တာတော့ မဟုတ်ပေမယ့် ရွေး ကောက်ပွဲကာလအပြီး အစိုးရအ ကူးအပြောင်း မပြီးခင်အချိန်ထိ တော့ လုံခြုံရေးကို တင်းကျပ်စွာ ဆောင်ရွက်နေပါတယ်’’ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော် ခင်အောင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၌ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က အစိုးရတစ်ရပ်ဖွဲ့ စည်းနိုင်သည်အထိ အနိုင်ရရှိခဲ့ ပြီး မတ်လ ၃၀ ရက်တွင် အစိုးရ သစ်အား အာဏာလွှဲပြောင်းမည် ဖြစ်သည်။ ထို့အပြင် ဒီဇင်ဘာလ ဆန်းမှ စတင်၍ နေပြည်တော် ကောင်စီနယ်မြေရှိ ရပ်ကွက်များ ၌ လုံခြုံရေးဆိုင်ကယ်များဖြင့် ညပိုင်းလှည့်ကင်းများ ဆောင်ရွက်လာသည်ကို တွေ့မြင်နေရ ကြောင်း နေပြည်တော်ဒေသခံအ ချို့ထံမှ စုံစမ်းသိရသည်။

‘‘အခုနောက်ပိုင်း လုံခြုံရေး ဆိုင်ကယ်တွေနဲ့ လှည့်ကင်းလှည့် တာတွေ တွေ့ရတယ်။ ၁၀ နာရီ နောက်ပိုင်းမှာဆို လှည့်တယ်။ အခုလို လှည့်ပေးတာ ကောင်းပါ တယ်’’ဟု ပျဉ်းမနားမြို့ ဒေသခံ ဦးဖြိုးအောင်က ဆို သည်။

နေပြည်တော်ကောင်စီနယ် မြေတွင် တပ်ဆင်ထားသည့် လုံ ခြုံရေးကင်မရာ (CCTV) များကို မှုခင်းအများဆုံးဖြစ်ပွားသည့် နေ ရာများသို့ ပြောင်းလဲတပ်ဆင် မည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ‘‘မြို့ဝင် မြို့ထွက်၊ ဘုရား၊ ပန်းခြံ၊ ကားဂိတ်ဒီလို လူစည်းကားတဲ့ နေရာတွေမှာ ပြောင်းလဲတပ်ဆင်သွားမှာပါ။ နဂိုရှိပြီးသား လုံခြုံရေးကင်မရာတွေကို မှုခင်းအများဆုံး ဖြစ်ပွားနိုင်တဲ့ နေရာတွေကို ပြန်ပြောင်းတပ်တာပါ’’ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

ထို့အပြင် လောလောဆယ်လုံခြုံရေးကင်မရာ အလုံးရေ ငါးဆယ်ဖြင့် ဆောင်ရွက်နေသော်လည်း နောက်ပိုင်းတွင် နေပြည်တော်ရှိ နေရာအနှံ့အပြား၌ တပ်ဆင်မည် ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ယခုလက်ရှိ ဒီဇင်ဘာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရဲတပ်ဖွဲ့ဝင်သုံးဦးကို လူအုပ်စု တစ်စုက ရိုက်နှက်မှုဖြစ်ပွားခဲ့သေးသည်။

7Day Daily

No comments:

Post a Comment