Saturday 19 December 2015

ရွှေ့ပြောင်းလုပ်သားများ၏ရပိုင်ခွင့်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးတိုးမြှင့်ရန် အလုပ်သမားဝန်ကြီးက နိုင်ငံတကာသို့ တိုက်တွန်း

ရွှေ့ပြောင်းအ လုပ်သမားများအတွက် ရပိုင်ခွင့် နှင့် လူသားချင်းစာနာသောအ ထောက်အကူပေးနိုင်ရေး တိုးမြှင့် ဆောင်ရွက်ရန် ပူးတွဲမူဘောင် တစ်ရပ်ရေးဆွဲ အကောင်အထည် ဖော်သင့်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က နိုင်ငံတကာသို့အ ကြံပြုပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ ပြောင်းသွားလာသူများနေ့ အခမ်း အနားကို ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော်၌ ပြုလုပ်စဉ် ပြည် ထောင်စုဝန်ကြီးက တက်ရောက် လာသည့် နိုင်ငံတကာသံရုံးများမှ အရာရှိများ၊ ကုလသမဂ္ဂအဖွဲ့အ စည်းများ အား ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘မတူညီတဲ့ နယ်ပယ်အမျိုး မျိုးက သက်ဆိုင်ရာနိုင်ငံတွေအ ကြား နိုင်ငံတကာ စံသတ်မှတ်ချက် တွေနဲ့အညီ လုံခြုံစိတ်ချရတဲ့ရွှေ့ ပြောင်းသွားလာခြင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ရပိုင်ခွင့်အကာ အကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီးဦးအေးမြင့် က ပြောကြားသည်။

နိုင်ငံတကာရှိ ရွှေ့ပြောင်းအ လုပ်သမားများအနေဖြင့် ပိုမိုသာ လွန်ကောင်းမွန် သော အခွင့်အ လမ်းများရရှိနိုင်ရန် ရုန်းကန်နေ ကြရဆဲဖြစ်ပြီး အန္တရာယ်ရှိသော အခြေအနေများ ရင်ဆိုင်နေကြ ရကာ ၎င်းတို့ဂုဏ်သိက္ခာအပေါ် အပြုသဘော မဆောင်သည့် အ ကျိုးသက်ရောက်မှုများကို ဆန့် ကျင်ခုခံနေကြရသည်ဟု ၎င်းက ဆိုသည်။

‘‘ဒီအခြေအနေတွေကို တစ် ကမ္ဘာလုံးကသူတွေ သိရှိနိုင်ဖို့အ တွက် အလေးထား လုပ်လာကြ ပေမယ် ပြည့်စုံမှုတော့ မရှိသေး ဘူး။ ရွှေ့ပြောင်း အလုပ်သမားဆို တာက ရှေ့ဆက်ပိုများလာနိုင်တဲ့ အတွက် သူတို့အခွင့်အရေး မဆုံး ရှုံးရအောင် နိုင်ငံတကာအသိုင်းအ ဝိုင်းတွေကလည်း စီမံချက်တွေ ချမှတ်အကောင်အထည်ဖော်လာ တာတွေ့ရတယ်’’ဟု ပြည်ထောင် စုဝန်ကြီးက ဆက်လက်ပြောကြားသည်။  

မြန်မာနိုင်ငံအနေဖြင့်လည်း ရွှေ့ပြောင်းအလုပ်သမားများအ ရေးကို ပိုမို အာရုံစိုက် လုပ်ဆောင် ပေးနေပြီး နိုင်ငံတကာနှင့် ပိုမိုနီး ကပ်စွာ ပူးပေါင်းဆောင်ရွက်မည် ဟု ဆိုသည်။

ယနေ့အချိန်ထိ နိုင်ငံတကာ သို့ ထွက်ခွာအလုပ်လုပ်ကိုင်နေ ကြသော မြန်မာနိုင်ငံသားဦးရေ သည် နိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်း ခန့်ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုကို ၁၉၉၀ မှစတင်ခဲ့ခြင်းဖြစ်သော် လည်း ယင်းကာလမတိုင်မီက တည်းက နိုင်ငံတကာသို့ ရွှေ့ ပြောင်းလုပ်ကိုင်သူများရှိခဲ့သည်။

ရွှေ့ပြောင်းသွားလာနေထိုင် ခြင်းတွင် အလုပ်လက်မဲ့လူငယ် များအရေးအပါအဝင် ထိရောက် သည့် စီမံခန့်ခွဲမှုများရှိရန် လိုအပ် ပြီး ရွှေ့ပြောင်းအလုပ်သမားများ ၏လိုအပ်ချက်များ၊ ပြဿနာများ ကို ဖြေရှင်းပေးနိုင်ရန် နေပြည် တော်နှင့် ရန်ကုန်၌ တိုင်ကြားစာ များလက်ခံခြင်းနှင့် တိုင်ကြားမှု ဌာနကိုလည်း ၂၄ နာရီဖွင့်လှစ် ထားသည်။

အဆိုပါရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူများ၏အခွင့်အရေး ပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုသည်မြန်မာအပါအဝင် နိုင်ငံတကာအ တွက် စိန်ခေါ်မှုပြဿနာတစ်ရပ် အဖြစ် ရှိနေဆဲဖြစ်သည်ဟု ရွှေ့ ပြောင်းသွားလာနေထိုင်ခြင်းဆိုင် ရာ နိုင်ငံတကာ အဖွဲ့အစည်း အကြီးအကဲဖြစ်သူ Mr.Kieran Gorman-Best က ပြောကြား သည်။

7Day Daily 

No comments:

Post a Comment