Friday 12 June 2015

ပါတီနဲ့ လူမျိုးအကျိုးကို မကြည့်သော ဦးအေးမောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ မျှော်တော်ဦးအုပ်စု၊ ပျားကြီးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ဇွန်လ ၉ ရက်နေ့က ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ပါတီ(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် အပါအ၀င်
တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ မာန်အောင်မြို့နယ် ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များ စုစုပေါင်းအင်အား ၆၀ ခန့် တက်ရောက်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် မရွေးချယ်မီ ပါတီရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဗဟိုကိုယ်စားလှယ်လောင်းရွေးချယ် ကြီးကြပ်ရေးခေါင်းဆောင် ဦးသာထွန်းလှက ရခိုင်အမျိုးသားပါတီဟာ ကိုယ်စားလှယ်လောင်းများကို ပါတီဝင် များထဲမှ ရွေးချယ်တင်မြှောက်တဲ့ပါတီတစ်ခုဖြစ်ကြောင်း၊ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ် လောင်းများဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့လိုကြောင်း ပြောကြားသွားပါတယ်။
အဲဒီနောက်ရခိုင်အမျိုးသားပါတီရဲ့ မာန်အောင်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်လောင်း၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်းတို့ကို အသီးသီး ရွေးချယ်ခဲ့ကြကြောင်းလည်း သိရပါတယ်။
မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ဦးသန်းမောင် (မာန်အောင်မြို့နယ်ပါတီ)၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ဒေါက်တာ အေးမောင်၊ အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဦးကျော်သန်း(ဗဟိုကော်မတီဝင်) တို့ကို အသီးသီး ရွေးချယ် ခဲ့တယ်လို့ သိရပါတယ်။ အခြားကိုယ်စားလှယ်လောင်းတွေကို ပြောစရာမရှိပေမယ့် ဒေါက်တာ အေးမောင် ကတော့ ပြောစရာ ဖြစ်လာပါတယ်။ ပါတီဝင်အင်အား ၆၀ လောက်ပဲ တက်တဲ့ ရွေးကောက်ပွဲမှာ သူအရွေးခံ ရတာ အရည်အချင်းရှိတယ်လို့ မပြောနိုင်ပါဘူး။ ရှင်းရှင်းပြောရရင် ဘာမှမရှိတဲ့ အင်အားနဲ့ ဥက္ကဋ္ဌပဲ ဖြစ်ရမယ် ဆိုပြီး လုပ်တာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမလုပ်ခင်ကတည်းက ဒေါက်တာအေးမောင်ဟာ သူရာထူးရဖို့ အတွက်ပဲ လုပ်တဲ့လူဖြစ်တဲ့အတွက် ပါတီဝင်တိုင်းကသူ့ကို သဘော မကျပါဘူး။ မထောက်လည်း မထောက်ခံ ချင်ကြတော့ ပါဘူး။
“လူ ၆၀ လောက်က ထောက်ခံလို့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်းဖြစ်လာတဲ့ ဒေါက်တာ အေးမောင်ကို သဘောမကျပါဘူး၊ လက်ရှိပါတီဗဟိုဥက္ကဋ္ဌရာထူးလည်း ယူထားသေးတယ်၊ ပေါက်တောမြို့နယ် မှာ သူဝင်ပြိုင်မယ်ဆိုပြီး လုပ်တယ်၊ သူ့ပြိုင်ဘက်မာန်အောင်မြို့နယ်ကော်မတီဝင် ဦးတင်ရွှေကို လက်ဦးမှု ရယူ ပြီး ပြိုင်ဘက်ကို ဦးချိုးလိုက်တာပါ၊ အဓိက ပါတီဥက္ကဋ္ဌဖြစ်ပြီး မလုပ်သင့်တဲ့ကိစ္စပါ၊ ဒါပေမယ့် အနိုင်ရပေမယ့် ပါတီရည်ရွယ်ချက်အတိုင်း ပါတီအကျိုးနဲ့ ရခိုင်လူမျိုးတွေအကျိုးကို သူလုပ်ပေးမလားဆိုတာ သံသယဖြစ်စရာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ပါတီက မသိဘဲသူ့သဘောနဲ့သူ လုပ်နေတာတွေ ရှိပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဒေါက်တာ အေးမောင်ဟာ ပါတီလုပ်ငန်းများကို စိတ်ဝင်စားမှုမရှိဘဲ သူနေရာရရေး၊ ရာထူးအာဏာတည်မြဲရေး အတွက် အဓိကထားလုပ်နေ တာကြောင့် ဧပြီလအတွင်းက ကျင်းပခဲ့တဲ့ ပါတီအစည်းအဝေးမှာ ဗဟိုကော် မတီဝင် ခိုင်ပြည်စိုးက ဒေါက်တာ အေးမောင်ကို အရေးယူပေးဖို့ အဆို တင်သွင်းခဲ့ဖူးပါတယ်။ ခိုင်ပြည်စိုးက ဒေါက်တာ အေးမောင်အပေါ် အယုံအကြည်မရှိကြောင်း၊၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပေါက်တောမြို့ နယ် ၌ စည်းရုံးဟောပြောစဉ် ပြောဆိုမှုတွေဟာ ၎င်းရဲ့ကိုယ်ရည်ကိုယ်သွေး အား အမွှမ်းတင်ပြောဆိုပြီး စည်းရုံး ဟောပြောစဉ် ပါတီအပေါ်ပုတ်ခတ်ပြော ဆိုလုပ်ဆောင်ချက်တွေဟာ ဥက္ကဋ္ဌတစ်ဦးဖြစ်လျက် ပါတီစည်းမျဉ်း စည်းကမ်း များနဲ့ ညီညွတ်ခြင်းမရှိဘဲ ချိုးဖောက်လုပ်ဆောင်ခြင်းများကို ပါတီစည်း မျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ပေးရန် တင်သွင်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ပါတီပြိုကွဲမှာ စိုးတဲ့ အတွက် ပါတီက သက်ညှာခွင့်လွှတ်ပေးလို့ သူရပ်တည်နိုင်တာ ဖြစ်ပါတယ်။
“ဒေါက်တာ အေးမောင်က ရခိုင်အမျိုးသားပါတီထက် ပြည်ခိုင်ဖြိုးပါတီကို ချစ်ပုံရပါတယ်၊ ပြည်ခိုင်ဖြိုးပါတီရဲ့ အကျိုးကို ကိုယ့်ပါတီထက်လိုလားတယ် ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပါတီရဲ့ သဘောတူညီချက် မရှိဘဲ ပြည်ခိုင်ဖြိုးပါတီရဲ့ သာသနာ့နုဂ္ဂဟအသင်းမှာ ရခိုင်ပြည်နယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတယ်လေ၊ ရခိုင်တွေ ကတော့ တော်တော်ဒေါ ပွနေကြတယ်၊ ပြီးတော့ တရုတ်နိုင်ငံခရီးစဉ်မှာ ဗဟိုဌာနချုပ်ကို အကြောင်း မကြားဘဲ သူ့သဘောနဲ့ စိတ်ကြိုက်ကိုယ်စားလှယ်ရွေးချယ်စေလွှတ်တယ်၊ ဒါဟာ ပါတီကို မထီမဲ့မြင်လုပ်တာပါ” ဟု မာန်အောင်မြို့နယ် ပါတီဝင်တစ်ဦးက ဆိုပါတယ်။
ဒေါက်တာ အေးမောင်ဟာ ပါတီဝင်များနဲ့ ရခိုင်တိုင်းရင်းသားများ လက်မခံနိုင်တဲ့ ကိစ္စရပ်တွေကိုလည်း ဆက်တိုက် ကျူးလွန်နေတာတွေ့လာရပါတယ်။ သာဓကအနေနဲ့ ရွှေသဘာဝဓာတ်ငွေ့နဲ့ ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓာတ်အားရရှိရေးလှုပ်ရှားမှုကို ကန့်ကွက်ခဲ့သူဖြစ်ပါတယ်။ တကယ်ဆိုရင် သူဟာ ရခိုင်လူမျိုး ပါ။ ရခိုင်လူထုအကျိုးရှိမယ့် ရွှေသဘာဝဓာတ်ငွေ့ကိစ္စ ဆန္ဒပြမှာကို ဥက္ကဋ္ဌဖြစ်ပြီး ဘာမှ မလုပ်ဘဲ ကန့်ကွက်ခဲ့တာကတော့ အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒီတော့ ပါတီရည်ရွယ်ချက်ဖြစ်တဲ့ ရခိုင်ပြည်သူတွေရဲ့ အကျိုးကို မဆောင်ရွက်ဘဲ ဥပေက္ခာပြုတာ ဖြစ်ပါတယ်၊ သူ့ကို ဘယ်လိုအားကိုးရမလဲ၊ ပါတီဥက္ကဋ္ဌ နေရာနဲ့ မထိုက်တန်ဘူးလို့သာ ပြောချင်ပါတယ်။
ရခိုင်ပြည်သူတွေ သူ့အပေါ်အစာမကြေတာကတော့ ဘင်္ဂါလီကိစ္စပြဿနာတက်နေတဲ့ အခြေအနေမျိုးမှာ AA ကို ထောက်ခံတဲ့ကိစ္စပါ။ AA ဟာ ရခိုင်အမည်ခံပေမယ့် ရခိုင်ပြည်နယ်ကို ဒုက္ခပေးတာလေ။ ရခိုင်ပြည်နယ်ကို ဆိုးကျိုးတွေပေးတာလေ။ ဒါကို သူကဘာလို့ ထောက်ခံတာလဲ။ တကယ်ဆိုရင် AA ဟာ သူပုန်အဖွဲ့ပါ။ သူပုန် ကို အားပေးတော့ သူဟာလည်း သူပုန်စိတ်၊ သူပုန်ဥာဏ်ပဲ ရှိတယ်လို့ ပြောချင်ပါတယ်။ ရှင်းရှင်းပြောရရင် အမျိုးသားရေးစိတ် တစ်နည်းအားဖြင့် ရခိုင်စိတ်မရှိဘဲ လျှောက်လုပ်နေတဲ့ သင်းကွဲတစ်ယောက်လို့သာ မြင်ပါ တယ်။
အချုပ်ပြောရရင် ဒေါက်တာ အေးမောင်အကြောင်း ပြောလို့ဆုံးမှာ မဟုတ်တဲ့အတွက် ရခိုင်တစ်ပြည်လုံးကို ထိန်းချုပ်ချင်တဲ့ လူ့အတ္တသမားမို့ ဝေးဝေးကရှောင်ကြဖို့ လိုပါတယ်။ သူ့ကြောင့်ပါတီတွင်း မညီညွတ်မှုတွေ ဖြစ်လာပြီး ပြိုကွဲမှာကိုလည်း စိုးရိမ်နေရတယ်။ ဒါကို ပါတီဥက္ကဋ္ဌအနေနဲ့ မဖြေရှင်းဘဲ ကိုယ်နိုင်ဖို့ပဲ လုပ်နေတာ ဟာ မြင်သာလွန်းနေပါတယ်။ Boat People ကိစ္စဆိုရင် ရခိုင်တစ်ပြည်လုံး ဖြေရှင်းနေရတဲ့အချိန်၊ ကိုယ့်ပြည် နယ်ထဲဝင်မလာအောင် တားဆီးနေရတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီကိစ္စကိုတောင် အလွတ်မပေးဘဲ ဒေါက်တာ အေးမောင်က သူအနိုင်ရဖို့ သွားစည်းရုံးနေတာကိုကြည့်ပြီး တော်တော်လေး အံ့အားသင့်ရပါတယ်။ ကိုယ့် အတွက် အကျိုးရှိမယ်ဆိုရင် ပါတီမျက်နှာလည်း မထောက်၊ ရခိုင်ပြည်သူတွေကိုလည်းမငဲ့ညှာ၊ Boat People ကိစ္စကိုတောင် သွားအမြတ်ထုတ်နေလေတော့ ဦးအေးမောင်ကို ခြေရောလက်ပါမြှောက်ရမလို ဖြစ်နေပါပြီ။ ဒါ ပေမယ့် လူလုပ်သမျှကို ငြိမ်ခံနေလို့ မဖြစ်ပါ။ သူ့လုပ်ရပ်တွေကို ပါတီဝင်များနဲ့ ရခိုင်ပြည်သူတို့က ကန့်ကွက်ရှုတ် ချပြီး ပါတီဥက္ကဋ္ဌအဖြစ်ကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုချိန်တန်ပြီလို့ပဲ ပြောချင်ပါတယ်။
ထွန်းလှအောင်

No comments:

Post a Comment