Friday 12 June 2015

ဒေသအနှံ့တွင် မိုးသည်းထန်မှုနှင့် လေပြင်းအန္တရာယ်များ သတိထားရန်လို

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတ၀န်းလုံးသို့ ဇွန်လ ၉ ရက်တွင် ၀င်ရောက်ခဲ့ကာ ဒေသအနှံ့၌ နောက်တစ် ပတ်ခန့်ကြာအောင် မိုးတိမ် တောင် ရာသီဥတုဖြစ်စဉ်သတိပြု ရန် လိုနေသေးပြီး မိုးသည်းထန်မှု နှင့် လေပြင်းအန္တရာယ်များ သတိ ထားသင့်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသကို ဇွန်လ ၉ ရက်က ၀င် ရောက်ခဲ့ပြီး ယခုနှစ် အနောက်တောင်မုတ်သုံလေသည် ပုံမှန်ထက် နောက်ကျပြီးမှသာ ၀င်ရောက်ခဲ့ကြောင်း ဒေါက်တာ ထွန်းလွင်က ရှင်းပြသည်။
‘‘အနောက်တောင် မုတ်သုံ လေ၀င်ပြီး နောက်တစ်ပတ် လောက်အထိ လေထုမငြိမ်မ သက်ဖြစ်တတ်တာကြောင့် မိုး တိမ်တောင် အန္တရာယ်ကို သတိ ထားဖို့ လိုသေးတာပေါ့။ အခုက တော့ မိုးတွင်းရောက်နေပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ မိုးမမှန် သေးဘဲ ထုံးစံအတိုင်း နောက် တစ်ပတ်လောက်ကြာအောင် လေပြင်းကျတာတွေ၊ နေရာကွက်ပြီး မိုးသဲသဲမဲမဲရွာတာတွေ ဖြစ်နေဦးမယ်’’ဟု ဒေါက်တာ ထွန်းလွင် က သတိပေးသည်။
အနောက်တောင်မုတ်သုံ လေသည် မြန်မာနိုင်ငံ မြောက်ပိုင်းကို ဖြတ်သန်းနေစဉ် ဇွန်လ ၈ နှင့် ၉ ရက်က ဒေသအချို့တွင် နေရာ ကွက်၍ လေပြင်းကျခြင်းနှင့် မိုး သည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့သည်။ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် လေပြင်းကျခဲ့ပြီး ကျိုက်ထီးရိုးစေတီ၌ ရွှေသရိုးဖတ်များ ပျက်စီးခဲ့ကာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေး တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင်လည်း နေရာကွက်၍ မိုး ကောင်းခဲ့သည်။
ဇွန်လ ပထမပတ်အထိ မိုးကောင်းစွာမရွာသွန်းသေးသော်လည်း တိမ်တိုက်များ ထူထပ်နေပြီဖြစ်သည်။ (ဓာတ်ပုံ - နစ်ကီ)
7Day Daily

No comments:

Post a Comment