Monday 18 May 2015

ပွိုင့် ၂၂၀၂ အောင်ပွဲ



ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ အခုဆိုရင် ကစဥ့် ကလျားထွက် ပြေးနေရပါပြီ။ လောက်ကိုင်အပါအ၀င် ဒေသတစ်ခုလုံးကို စစ်မီးတောက်လောင်စေခဲ့တဲ့ ကိုးကန့် သောင်းကျန်းသူအဖွဲ့ ထွက်ပြေးသွားရတဲ့သတင်းက ကျွန်တော်တို့ ပြည်သူတွေအတွက် ၀မ်းသာစရာသတင်း ဖြစ်ပါတယ်။ ဒေသခံကိုးကန့် တိုင်းရင်းသားတွေအတွက်ကတော့ အဲဒီအဖွဲ့ထွက်ပြေးသွားတာဟာ ၀မ်းသာပီတိ ဂွမ်းဆီထိသလို အပျော်မျိုးဖြစ်လို့နေ ပြန်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ လောက်ကိုင်ဒေသကို စိုးမိုးထားတဲ့ ပွိုင့် ၂၂၀၂ ကို အစိုးရတပ် က သိမ်းပိုက်နိုင်မှုနဲ့အတူ ကိုးကန့်သောင်းကျန်းသူအဖွဲ့အား ထွက်ပြေးသွားရတဲ့အထိ အထိနာစေ ခဲ့ပါတယ်။ ထွက်ပြေး သွားတဲ့ အဲဒီအဖွဲ့နောက်ကို အစိုးရတပ်တွေက တောက်လျှောက်လိုက်ပြီး ချေမှုန်းနေ တယ်လို့သိရပါတယ်။ ဖြစ်နိုင်ရင် ကိုးကန့်ဒေသမှာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းပြီး အဆုံးသတ်စေချင်တာပါ။ ဒါဟာ ဒေသခံပြည်သူ တွေနဲ့ မြန်မာနိုင်ငံပြည်သူပြည်သားအားလုံးတို့ရဲ့ ရင်ထဲ အသည်းနှလုံးသားထဲမှာ လိုလားတောင့်တဆုံး ဆန္ဒဆိုရင်လည်း မမှားပါဘူး။
အစိုးရတပ်တွေက ကိုးကန့်သောင်းကျန်းသူအဖွဲ့တွေ ခြေကုပ်ယူထားတဲ့ တောင်ကုန်းတွေကို တစ်ကုန်းပြီး တစ်ကုန်းသိမ်း ပိုက်တော့ MNDAA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ထွန်းမြတ်လင်းစကားပြန်ကြားယောင်မိတယ်။ “ကျွန်တော်တို့ စခန်းတွေ တိုက်ခံရ တာမရှိပါဘူး၊ ဆုတ်ခွာတာမျိုးလည်းမလုပ်ရပါဘူး၊ ကျွန်တော်တို့ စစ်သည် တွေလည်း ထိခိုက်ကျဆုံးတာ မကြားမိပါဘူး” လို့ ပြောသွားတဲ့ ထွန်းမြတ်လင်း မျက်နှာကြီး ပြေးမြင်မိလိုက်တယ်။ အဓိက တောင်ကုန်းတွေကို အစိုးရတပ်တွေက သိမ်းလိုက်တော့ လူလိမ် ထွန်းမြတ်လင်း ရင်ထဲတဆတ်ဆတ် နာနေမှာတော့ အမှန်ပါပဲ။
ဒါပေမယ့် မတတ်နိုင်ဘူးလေ။ သောင်းကျန်းသူအဖွဲ့တွေရဲ့ သွားရာလမ်းဆိုတာ အဲဒီလို ရှုံးနိမ့်ပြီး ခွေးပြေး ၀က်ပြေး ပြေးနေရတာကို ပြောတာ။ ဒါကို ထွန်းမြတ်လင်း မလွဲမသွေကြုံတွေ့ရမှာပဲလေ။ မနေ့ညက လောက်ကိုင်တိုက်ပွဲသတင်း သိချင်တာနဲ့ တီဗီထိုင်ကြည့်ဖြစ်တယ်။ ကိုးကန့်သောင်းကျန်းသူအဖွဲ့တွေရှိတဲ့ ပွိုင့် ၂၂၀၂ တောင်ကုန်းကိုအစိုးရတပ် တွေက ပယ်ပယ်နယ်နယ် ပစ်ခတ်တိုက်ခိုက်နေတာ အားရစရာကြီးဗျာ၊ အမြောက်တွေ၊ သံချပ်ကာတွေနဲ့ တရစပ် ပစ်တော့ ကျည်ကျရောက်ပေါက်ကွဲတဲ့ အရှိန်ဟာ မီးတောင်ပေါက်ကွဲ သလားအောက်မေ့ရတယ်။ ဝေဟင်ကလည်း လေယာဉ်နဲ့ တရစပ်ပစ်တော့ ကိုးကန့်သောင်းကျန်းသူတွေ ဘယ်ခံနိုင်ပါ့မလဲ။ တောင်တစ်ခုလုံး စိစိညက်ညက်ကို ကြေနေတာမြင်ရ တယ်။ တော်တော်လေး အားရစရာ ကောင်းတယ်ဗျာ။
အဲဒီတိုက်ပွဲဖြစ်စဉ်မှာ MNDAA အဖွဲ့ဘက်မှ အရှင်ဖမ်းမိနှစ်ဦး၊ အလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၉၄ လက်နဲ့ ခဲယမ်း၊ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဓာတ်ပုံများနဲ့တကွ ဖော်ပြထားတာကို တွေ့ရပါ တယ်။
“ကိုးကန့်သောင်းကျန်းသူအဖွဲ့ကတော့ အမြစ်ပြတ်လုနီးပါး ဖြစ်သွားလောက်ပြီ၊ အစိုးရတပ်က သိမ်းဆည်းရမိတဲ့ လက်နက်၊ ခဲယမ်းတွေက နည်းတာမဟုတ်ဘူး၊ ဒီကောင်တွေတပ်ပျက်ပြီး ပြေးမိပြေးရာပြေးနေလောက်ပြီ၊ ပြန်ပြီး နလန် မထူနိုင်လောက်တော့ဘူး” ဟု ငြိမ်းချမ်းရေးလိုလားသူ ပြည်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံတကာစစ်ပွဲများအကြောင်းရေးသားနေသူ သတင်းထောက်တစ်ဦးက “ ကိုးကန့်စစ်ပွဲကအဖြေပေါ်သွားပါပြီ၊ ကိုးကန့် သောင်းကျန်းသူအဖွဲ့အနေနဲ့ ဘယ်လိုမှပြန်မတိုက်နိုင်တော့ဘူး၊ ပွိုင့် ၂၂၀၂ ကို သိမ်းတဲ့ အစိုးရတပ်ရဲ့ ပစ်အားက နည်းတဲ့ အားမှမဟုတ်တာ၊ အခိုင်အမာ ဘန်ကာတွေကိုတောင် ဖောက်ထွင်းနိုင်တာ တွေ့လား၊ ဟိုကောင်တွေ ဖွဲ့စည်းပုံပျက်ပြီး ဦးတည်ရာပြေးသွားရတာ။ အဲဒါဟာ ဆုတ်ခွာတာမဟုတ်ဘူးဗျ။ ထွက်ပြေး ရတာပါ၊ အစိုးရတပ်တွေက ဆက်ပြီး လိုက်ရှင်း နေတာဆိုတော့ ဒီထက်မက ကိုးကန့်သောင်းကျန်းသူအဖွဲ့ သေဖို့ပဲရှိတယ်” ဟု သုံးသပ်ပြောကြားသွားပါတယ်။
တပ်မတော်ကိုလည်း ဂုဏ်ပြုပါတယ်။ အရေးကြုံတိုင်း အသက်စွန့်ပြီး နိုင်ငံတော်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခဲ့တဲ့ တပ်မတော်ဟာ ယခုလည်း လောက်ကိုင်မှာရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရကို လာရောက်တိုက်ခိုက်ခဲ့တဲ့ MNDAA ခေါ်တဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ကို ချေမှုန်းလိုက်နိုင်ခြင်းဟာ ဂုဏ်ပြု ထိုက်တဲ့ ဖြစ်စဉ်တစ်ခုပါ။
အောင်နိုင်လင်း
Today Myanmar

No comments:

Post a Comment