Monday 18 May 2015

ချစ်သူနှင့် ခိုးရာလိုက်ရန် ကုမ္ပဏီပိုင် ငွေကျပ်သိန်း ၂၀ ခိုးသူကို အရေးယူ

ချစ်သူနှင့် ခိုးရာလိုက် ပြေးရန်ကုမ္ပဏီပိုင်ငွေကျပ်သိန်းနှစ်ဆယ်ခိုးယူ သွားသူကို တစ်ရက်အတွင်း ဖ်ာထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်းသတင်းရရှိသည်။
အသက်(၂၁)နှစ်အရွယ်ရှိ အင်ဂျင်နီယာ(မြို့ပြ)ဘွဲ့ရရှိထား သူ အမျိုးသမီးမှာ ရခိုင်ပြည်နယ် စစ်တွေ စံပြ(မြောက်)ရပ်ကွက်မှ ဖြစ်ပြီး ၎င်းအလုပ်လုပ်ကိုင်သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ ငွေ များကို ခိုးယူခဲ့ခြင်း ဖြစ်သည်။

‘‘ကောင်မလေးမိဘတွေက သာကေတမှာနေတယ်လို့ပြော တယ်။ သူ့မိဘတွေက သူ့ကို  တခြားအမျိုးသား တစ်ဦးနဲ့ အိမ် ထောင်ချပေးဖို့စီစဉ်နေတယ်။ ကောင်မလေးက မယူချင်ဘူး။ ဒီ တော့ သူ့ချစ်သူရှိတဲ့ ပဲခူးကိုလိုက် သွားဖို့အတွက် ပိုက်ဆံတွေခိုးယူမိ တယ်လို့ ထွက်တယ်’’ဟု စစ်တွေ မြို့မရဲစခန်းမှ အမှုစစ် အရာရှိရဲ အုပ်အေးခင်မောင်က ပြောသည်။

ကုမ္ပဏီမှ ငွေများပျောက် ဆုံးသွားပြီးနောက် စစ်တွေမြို့မရဲ စခန်းသို့ လာရောက်အမှုဖွင့်စစ် ဆေးရာတွင် ခိုးယူသူအမျိုးသမီးက လူတစ်ဦး ပါးစပ်ကိုအ၀တ်အုပ် မေ့ဆေးပေးပြီး ငွေများခိုးယူသွားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။

‘‘သူ့ကိုစစ်တော့မေ့ဆေးပေး ပြီး လုပ်တယ်ပြောတယ်။ ဒါပေမဲ့သူ့ပုံစံက မေ့ဆေးမိတဲ့ပုံတော့မဟုတ်ဘူး။ နောက်ပြီးငွေသေတ္တာထည့်တဲ့သော့က နှစ်ယောက်ဖွင့်မှရတယ်။ သော့နှစ်လုံးခတ်ထားပြီး နှစ်ယောက်ဆုံမှ ဖွင့်လို့ရတယ်’’ ဟု ၎င်းကပြောသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် သော့ကိုင်သည့်ဝန်ထမ်းအမျိုး သားတစ်ဦးမှာ သော့ကိုအခန်းတွင် ထားခဲ့ပြီး အပြင်သွားနေချိန်တွင် ခိုးယူသူအမျိုးသမီးက အခြားသော့တစ်လုံးကို ဖျက်ပြီးငွေများ ယူ ဆောင်သွား သည့်ပုံစံတွေ့ရှိရကြောင်း အမှုစစ်ရဲအရာရှိကဆိုသည်။

‘‘သူတို့က တစ်ခါတလေအဲဒီ သေတ္တာထဲမှာ ငွေကိုသိန်းထောင် ချီပြီးထည့်ထားတတ်တယ်။ တစ် ယောက်နဲ့ တစ်ယောက်ယုံတော့ လည်း ဒီအတိုင်းထားတဲ့သဘော ပါတယ်။ အမှန်တကယ်ကငွေတွေ ဒီလောက် အများကြီးကိုလွယ် လွယ်မထားသင့်ပါဘူး’’ဟု ၎င်းက ပြောသည်။

အမှုကျူးလွန်ခဲ့သည့်အမျိုး သမီးကို စစ်တွေမြို့မရဲစခန်းက ပုဒ်မ ၃၂၈၊ ၃၈၀တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

7Day DAILY 

No comments:

Post a Comment