Monday 18 May 2015

မြန်မာ ၇၀ ကျော်အား လူကုန်ကူးသူများအနက် သံသယရှိ ထိုင်းတစ်ဦး ဖမ်းမိ ===== လူကုန်ကူးသူများက မြန်မာ ၇၀ ကျော်အား သစ်တောအတွင်း ထားခဲ့သော်လည်း ရုပ်ရည်ချောမောသော မြန်မာအမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွား

 မြန်မာလုပ်သား ၇၀ ကျော်အား လူကုန်ကူး၍ တော တွင်းတစ်နေရာတွင် ပစ်ထားပြီး အမျိုးသမီးလေးဦး အဓမ္မပြုကျင့် ခံရမှု၌ ပါဝင်ပတ်သက်ခဲ့သည် ဟု သံသယရှိသော ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ချွန်ဖွန်ရွာ သူကြီးကို ထိုင်းရဲတပ်ဖွဲ့က မေလ ၁၆ ရက် တွင် ဖမ်းဆီးလိုက်ကြောင်း သ တင်းရရှိသည်။
မြန်မာလုပ်သား ၇၄ ဦးကို လူကုန်ကူးမှုတွင် ထိုင်းနိုင်ငံသား လေးဦး ပါဝင်ပတ်သက်သည်ဟု ထိုင်း ရဲတပ်ဖွဲ့က ယူဆထားပြီး အသက်(၅၀)နှစ်အရွယ် ချွန်ဖွန် ရွာသူကြီးကို စတင်ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။ ထို့ အပြင် သံသယ ရှိသူလေးဦးအနက် နှစ်ဦးကို ခြေ ရာခံမိထားပြီး ကျန်တစ်ဦးမှာ ထွက်ပြေးနေသည်ဟု ထိုင်းရဲတပ် ဖွဲ့က ပြောကြောင်း  ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)အမှုဆောင် ဒါရိုက်တာ ဦး ကျော်သောင်းက ပြောသည်။

‘‘မြန်မာနိုင်ငံသားတွေကို ပြီး ခဲ့တဲ့ရက်က လူကုန်ကူးတာမှာ ထိုင်းလေးဦးက လုပ်တယ်လို့ ယူ ဆထားတယ်။ အမျိုးသမီးလေးဦး ကို အဓမ္မကျင့်ထားတယ်။ မြန်မာ တွေကို လူကုန်ကူပြီး ချွန်ဖွန်ရွာ နားက တောထဲမှာ ပစ်ထားတာ။ ဒီလူကုန်ကူးမှုမှာ ချွန်ဖွန်ရွာသူကြီး လည်း ပါဝင်တယ်ဆိုပြီး မနေ့က ဖမ်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကျွန်တော်တို့ကို အကြောင်း ပြန်ထားတယ်’’ဟု  ဦးကျော် သောင်းက ပြောသည်။

ရနောင်းမှ မြန်မာလူကုန်ကူး သူများသည် ထိုင်းမှ လူကုန်ကူး သူများနှင့် ချိတ်ဆက်ကာ အမျိုး သမီး ၁၁ ဦးအပါအဝင် မြန်မာ လုပ်သား ၂၈ ဦးကို ထိုင်းနိုင်ငံ ဘက်သို့ မေလဆန်းက ပို့ဆောင် ခဲ့သည်။

ထိုင်းလူကုန်ကူးသူများက မြန်မာအမျိုးသမီးများ အနက် လေးဦးအား အဓမ္မပြုကျင့်၍ မြန်မာလုပ်သား ၂၈ ဦးအား  ချွန်ဖွန်နယ်မြေ တောတွင်းတစ်နေရာတွင် ထားခဲ့ခြင်းဖြစ်သည်။ သို့သော် လုပ်သားများသည် အစားအသောက် များ မရရှိ၍ နီးစပ်ရာရွာများသို့ အကူအညီတောင်းခံရာမှ ထိုင်း ရဲတပ်ဖွဲ့က သိရှိသွားပြီး မေလ  ၈ ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ် သည်။

မြန်မာလုပ်သား ၂၈ ဦးကို ဖမ်းဆီးမိသည့် ချွန်ဖွန်နယ်မြေရှိ တောတွင်းနေရာများကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ထပ်မံရှာ ဖွေရာ လူကုန်ကူးခံရပြီး ကျန်ရှိနေသည့် မြန်မာလုပ်သား ၄၆ဦးကိုမေလ ၉ ရက်တွင် ထပ်မံ တွေ့ရှိခဲ့သည်။  စုစုပေါင်းလူကုန်ကူးခံရ သည့် မြန်မာလုပ်သား ၇၄ ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအနက်  အသက်(၁၃) နှစ်အရွယ် ရခိုင်ကလေးငယ်ငါးဦး နှင့် အမျိုးသမီး ၁၅ ဦး ပါဝင်ကြောင်း ဦးကျော်သောင်းက ပြောသည်။ ရုပ်ရည်ချောမောလှပ သည့် အသက်(၃၃)နှစ်အရွယ်  မြန်မာအမျိုးသမီးတစ်ဦးကိုလည်း လူကုန်ကူးသူများက ခေါ်ဆောင် သွားကြောင်း ၎င်းက ပြောသည်။

‘‘လူကုန်ကူးတဲ့သူတွေက အ မျိုးသမီးတွေထဲက လှတဲ့အမျိုး သမီးတစ်ယောက်ကိုလည်း ခေါ် သွားတယ်လို့ လူကုန်ကူးခံ ရတဲ့သူ တွေက ပြောပါတယ်။ အခုကလေးငါးယောက်ရယ်၊ နေမ ကောင်းဖြစ်နေတဲ့ တစ်ယောက် ရယ်၊ အဓမ္မပြုကျင့်ခံရတဲ့ အမျိုး သမီးနှစ်ယောက်ရယ် စုစုပေါင်း ရှစ်ဦးကို ဆေးကုသဖို့အတွက် ပြန်ပို့နိုင်အောင် ရဲတပ်ဖွဲ့ကိုလည်း မေတ္တာရပ်ခံထားပါတယ်’’ဟု ဦး ကျော်သောင်းက ပြောသည်။

လူကုန်ကူးခံရသော မြန်မာလုပ်သား ၇၄ ဦးအနက်၂၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားမဝင်နယ် စပ်ဖြတ် ကျော် မှုဖြင့် အရေးယူ ထားပြီး ချွန်ဖွန်ထောင်သို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

ထိုင်းသို့ တရားမဝင် လာရောက်သူများကို ပုံမှန်အားဖြင့် ထိုင်းအာဏာပိုင်များက ထောင်ခြောက်လ ချမှတ်ပြီးမှ မြန်မာနိုင်ငံ သို့ ပြန်ပို့ပေးလေ့ရှိကြောင်း ထိုင်း ရောက် မြန်မာလုပ်သားအချို့က ပြောသည်။

7Day DAILY 

No comments:

Post a Comment