Monday 18 May 2015

ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် သမ္မတထံသို့ ဗိသုကာအသင်းအကြံပြု

ဓာတ်ပုံ ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော ကမ္ဘာသိရွှေတိဂုံစေတီတော်ကို ဖူးတွေ့ရစဉ်။ မြို့ပြဖွံ့ဖြိုးလာမှုနှင့် အတူ အထပ်မြင့်အဆောက်အအုံများနှင့် ထုထည်ကြီးမားသည့် ဆောက်လုပ်ရေးစီမံကိန်းကြီးများကြောင့် ရွှေတိဂုံစေတီတော်ကို အဝေးမှဖူးတွေ့ရန် မြင်ကွင်းကွယ်နိုင်ခြင်း၊ ကြံ့ခိုင်မှုထိခိုက်နိုင်ခြင်းတို့ ဖြစ်လာမည် ကို ဗိသုကာပညာရှင်များနှင့် ပြည်သူများက စိုးရိမ်နေကြသည်။ 


ရွှေတိဂုံကယ်တင်ကြ ဖိုရမ်တွင် အမှာစကားပြောကြားနေသော ဗိသုကာပညာရှင်တစ်ဦး (ဓာတ်ပုံ − ကျော်ဇင်သန်း) 
ရွှေတိဂုံစေတီတော်နှင့် ပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် နိုင်ငံ တော်သမ္မတထံ သို့ မြန်မာနိုင်ငံ ဗိသုကာအသင်း က အကြံပြုချက် ပေးပို့လိုက် သည်။

မေလ ၁၇ ရက်က ရန်ကုန် မြို့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနရုံးခန်းတွင် ကျင်းပသည့် Save Shwedagon (ရွှေတိဂုံကို ကယ်တင်ကြ)ဖိုရမ်မှတစ်ဆင့် ပညာရှင်များ၏ အကြံပြုချက်ကို နိုင်ငံတော် သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ သို့ ပေးပို့လိုက်ခြင်း ဖြစ်သည်။

ရွှေတိဂုံဝန်းကျင်ရှိ အထပ်မြင့် စီမံကိန်းများအားလုံး ဆက်လက်အကောင်အထည်ဖော်ခွင့်မပြုမီ ပညာရပ် ဆိုင်ရာ လေ့ လာဆန်းစစ်ချက်များ

မဖြစ်မနေ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်းက မေလ ၁၇ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေတိဂုံစေတီတော်ကြီး၏ လက်ရှိခိုင်ခံ့မှုအခြေအနေ၊ သဂုင်္ တ္တရကုန်းမြေ၏ ယခုလက်ရှိမြေ လွှာမြေကြော များ ခိုင်ခံ့မှုအခြေအနေနှင့် စေတီတော်ကြီးအနီးတစ်ဝိုက် ရေစီးရေလာစနစ် မြေအောက်ရေ အသုံးချထား မှုပမာဏ၊ ရေဆိုး၊ မိလ္လာအမှိုက်စွန့်ပစ်မှု တို့ကို စနစ်တကျသုတေသနပြု လေ့လာရန်လိုအပ်ကြောင်း အဆို ပါသတင်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ရွှေတိဂုံစေတီတော်အပြင် မဟာဝိဇယစေတီ၊ ဆံတော်ကြို (အလံပြ)ဘုရားတို့ကိုလည်း လူ အများ ကြည်ညို ဖူးမြော်နိုင်သည့် မြင်ကွင်းထိခိုက်စေသော မြေအသုံးချမှု၊ အဆောက်အအုံတည် ဆောက်မှုတို့ကို အဓိက စည်းကမ်း သတ်မှတ်ပြီး ထိန်းသိမ်းရန်လိုအပ်ကြောင်း ဗိသုကာပညာရှင်များက Save Shwedagon ဖိုရမ် တွင် အ ကြံပြုဆွေးနွေးခဲ့သည်။

အဆိုပါဖိုရမ်သည် ရွှေတိဂုံစေတီတော်အား ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံ ဗိသုကာအသင်းကပထမဆုံး အကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဖိုရမ်တွင် မြို့ပြဗိသုကာဆိုင်ရာ ကျွမ်းကျင် ပညာရှင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်၊ ရေအရင်းအမြစ်ထိန်းသိမ်း ရေးပညာရှင် စုစုပေါင်း ၁၀ ဦးက အကြံပြုဆွေးနွေးခဲ့သည်။

ရွှေတိဂုံစေတီ၏ အနီးဝန်းကျင်တွင် အဝေးမှလှမ်း၍ စေတီကိုမြင်တွေ့နိုင်သည့်နေရာရှစ်ခုရှိပြီး ယင်း အနီး နားတစ်ဝိုက်တွင် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်လိုက်ပါကရွှေတိဂုံစေတီ၏ မြင်ကွင်း ကွယ်ပျောက်နိုင်ကြောင်း၊ စေတီတော်နှင့်အပြိုင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ် မိကြောင်း ရွှေတိဂုံစေတီအနီးအနားရှိ မြင်ကွင်းများကို ကိုယ်တိုင်လေ့လာသုတေသနပြုလုပ်ထားသူ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦးကပြောသည်။

‘‘ရွှေတိဂုံဆိုတာ အဝေးကလှမ်းကြည့်ပြီး အများပြည်သူဖူး မြော်နိုင်တဲ့နေရာဖြစ်ရမယ်။ တစ်ဦး တစ်ယောက် က ကိုယ့်အိမ်ခန်းထဲကနေ ဖူးမြော်လို့ရမယ့်အခြေအနေမျိုးတော့ မဖြစ်သင့်ဘူး’’ဟုဒေါ် လှိုင်မော်ဦး ကဆို သည်။

ထို့ပြင် ရွှေတိဂုံစေတီအနီးအနား တစ်ဝိုက်ရှိ စီမံကိန်းများမစတင်မီတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲ မှုများက စေတီတော်ကြီး၏ ခံနိုင်ရည်၊ကုန်းတော်၏ခံနိုင်ရည်တို့ကို ဦးစွာဆန်းစစ်လေ့လာသင့်ကြောင်း မြေအောက်ရေဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာနီ နီသိန်းကဆိုသည်။

‘‘နိုင်ငံတကာက ပညာရှင် တွေနဲ့မဖြစ်ဖြစ်အောင်လုပ်ပြမယ် လို့ပြောရင် စီမံကိန်းအကောင် အထည်ဖော်သူ အနေနဲ့ အာမခံ နိုင်တယ်။ လောဘတွေကိုတော့  လျော့ပေးပါ။ အမြတ်တော့ နည်း သွားမှာပေါ့’’ဟု ၎င်းကဆိုသည်။

ကမ္ဘာ့မြို့ကြီး အများစုတွင် လည်း ရွှေတိဂုံကဲ့သို့ အထင်ကရ နေရာများ၌ အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ် ခြင်းကို ထိန်းချုပ်ထားခြင်း၊ စိမ်း လန်းသည့် ဧရိယာများ၊ အများ ပြည်သူနှင့်သက်ဆိုင်သည့် နေရာ များအဖြစ်သာ ဖန်တီးပေးထား ခြင်းများရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ် မို့မို့လွင်ကဆိုသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ သည် ရန်ကုန်ရှိရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်နေ သည့် အဖွဲ့အစည်းတစ်ခု ဖြစ် သည်။

‘‘ဒါတွေ အားလုံးကို ကာ ကွယ်ဖို့ ဥပဒေတွေတော့ အမြန် ဆုံးလိုနေပြီ’’ဟု၎င်းကဆိုသည်။

လက်ရှိတွင် ရွှေတိဂုံစေတီ တော်အနီးဝန်းကျင်ရှိ တပ်မတော် ပိုင်မြေနေရာလေးခုတွင်ပုဂ္ဂလိက ကုမ္ပဏီ အချို့က အထပ်မြင့်စီမံ ကိန်းများဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး လတ်တလောတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ က တည်ဆောက်ခြင်းကို ယာယီရပ်ဆိုင်းထားသည်။

အဆိုပါစီမံကိန်းများမှာ စစ်တပ်ပိုင်မြေများကို ပုဂ္ဂလိကကလွှဲ ပြောင်းရယူထားထားသည့် စီမံကိန်းများ ဖြစ်ပြီး ရွှေတောင်၊ သုခ ရတနာ၊ မာဂါလန်းမတ်၊Adven- ture Myanmar and Tour ကုမ္ပ ဏီတို့ဖြစ်သည်။

ယင်းကုမ္ပဏီလေးခုအနက် မာဂါလန်းမတ်နှင့် သုခရတနာကု မ္ပဏီတို့က အဆင့်မြင့် အဆောက် အအုံများ တည်ဆောက်မည်ဟု ထုတ်ပြန်ပြောကြားထားပြီး ကျန် ကုမ္ပဏီနှစ်ခုဖြစ်သည့် ရွှေတောင် နှင့် Adventure Myanmar and Tour တို့က မည်သည့်စီမံကိန်းများ လုပ်ဆောင်မည်ကို ထုတ်ပြန်ပြော ကြားထားခြင်း မရှိပေ။

အဆိုပါ စီမံကိန်း အားလုံးသည် ရွှေတိဂုံစေတီတော် အနီးတွင်တည်ရှိနေပြီး စေတီတော်၏ အနီးတစ်ဝိုက် တွင် တည်ဆောက် မည်ဆိုခြင်းအပေါ် မြို့ပြပညာ ရှင်များနှင့် အရပ်ဘက် လူ့အဖွဲ့ အစည်းအချို့က ဝေဖန် အကြံပြုသောကြောင့် တိုင်းဒေသကြီးအစိုး ရအဖွဲ့က စီမံကိန်းကိုပြန်လည်စစ်ဆေးရန် ပြီးခဲ့သည့် ဖေဖော်ဝါ ရီကစတင်ပြီး ခေတ္တရပ်ဆိုင်းထား ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းများအပေါ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ပြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ပေးပို့ထားသည်။ စည်ပင်သာယာရေးကော် မတီကလည်း Master Plan ရေးဆွဲလျက်ရှိပြီး မကြာမီအဆိုပါစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့် ရ၊မရ အဆုံးအဖြတ် ပေးမည် ဟု ပြည်တွင်း မီဒီယာများအား ပြောကြားထားသည်။

7Day DAILY 

No comments:

Post a Comment