Monday 18 May 2015

ည ၁၁ နာရီကျော်လွန်၍ အရက်၊ ဘီယာရောင်းသည့် ဆိုင်များကို အရှိန်မြှင့် စစ်ဆေးအရေးယူနေ

ည ၁၁ နာရီကျော်လျှင် အရက်၊ ဘီယာ ရောင်းချခွင့်မပေး ထားသည့် စတိုးဆိုင်များတွင် ရောင်းချခြင်းများ ပြုလုပ်နေ၍ သက်ဆိုင်ရာက အရှိန်မြှင့်ဖမ်းဆီး အရေးယူမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ရန်ကုန်တွင် အရက်သေစာ သောက်သုံးမှု လျော့ကျရေးအ တွက်ကနဦး အနေဖြင့် အများပြည်သူပိုင် နေရာများ၌ သောက် စားခြင်းအား ကန့်သတ်ခြင်းကို ပထမအစီအစဉ်ဖြင့် စတင်လုပ် ဆောင်ခဲ့ပြီး ယခုဒုတိယအစီအ စဉ်တွင် ရောင်းချသည့် ဆိုင်များ ကို အရှိန်မြှင့် ဖမ်းဆီးခြင်းဖြစ် သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
လက်ရှိ အရေးယူထားသည့် ဆိုင်အရေအတွက်ကိုမူ ထည့် သွင်းပြောကြားသွားခြင်းမရှိပေ။
‘‘ဒီရက်ပိုင်း အရမ်းဖမ်း တယ်။ ကျွန်တော်တို့က ယမကာ လိုင်စင်ရှိလို့ ရောင်းတယ်။ လိုင် စင်မရှိဘဲ ရောင်းနေတဲ့ဆိုင်ကိုကျ တော့ မျက်ကွယ်ပြုထားတယ်’’ဟု ည ၁၁ နာရီကျော်အထိအရက်၊ ဘီယာရောင်းချသဖြင့် အရေးယူခံ ထားရသည့် စတိုးဆိုင်ပိုင်ရှင်တစ် ဦးက ဆိုသည်။

မြို့နယ်အပေါ်မူတည်၍ အ ရက်၊ဘီယာရောင်းချခွင့်ကို ည ၆ နာရီ၊ ည ၈ နာရီ၊ ည ၁၁ နာရီဟု ယစ်မျိုးလိုင်စင်တွင် တစ်ပါတည်း သတ်မှတ်ပေးထားပြီး မေလ ၁၅ ရက်နောက်ပိုင်း၌ မြို့နယ်တိုင်းလို လိုတွင် အရှိန်မြှင့်ဖမ်းဆီးလာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦး မျိုးမင်းအောင်က ပြောသည်။
‘‘ကျွန်တော်တို့ အသင်းက ဆိုင်တွေကိုပိုဖမ်းနေတဲ့သဘော ဖြစ်နေတယ်’’ဟု ဦးမျိုးမင်းအောင် ကပြောသည်။
လက်ရှိဖမ်းဆီးနေသည့်ဆိုင် များတွင် ညလုံးပေါက် ၂၄ နာရီ ဖွင့်လှစ်ရောင်းချသည့် conven- ience စတိုးဆိုင်များဖြစ်သော ABC City Express G&G ဆိုင်တို့ တွင် ၀င်ရောက်ဖမ်းဆီးနေသည် ကို တွေ့ရကြောင်း ဦးမျိုးမင်း အောင်က ပြောသည်။
ယင်းကဲ့သို့ ဖမ်းဆီးနေမှုကို စတိုးဆိုင်များကိုယ်စား မြန်မာနိုင် ငံ လက်လီရောင်းချသူများအသင်း မှ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် သွားရောက် ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။
‘‘ညဘက် ၀ယ်သောက်ပြီး လမ်းဘေးမှာ သောက်စားလို့ အ မှုအခင်းတွေ ဖြစ်နေတာလည်း ခဏခဏပဲ။ စည်းကမ်းရှိရှိ အေး အေးဆေးဆေး ၀ယ်သောက်တဲ့ သူတွေအတွက်တော့ အဆင်မ ပြေဘူးပေါ့’’ ဟု စမ်းချောင်းမြို့ နယ်မှ ဒုရဲအုပ် တစ်ဦးက မှတ် ချက်ပေးသည်။
လက်ရှိ ၂၄ နာရီရောင်းချ သည့် စတိုးဆိုင်များတွင် ည ၁၁ နာရီကျော်ပါက အရက်၊ဘီယာမ ရောင်းဟု စာများကပ်ထားခြင်း၊ သိုလှောင်ထားသည့် ရေခဲသေ တ္တာများကို သော့ခတ်ထားခြင်း၊ အရက်ပုလင်းများကို မမြင်ရ အောင် အကာအကွယ်များပြု လုပ်ထားသော်လည်း ၀ယ်ယူလို သူက မကြာခဏမေးမြန်းခြင်း တောင်းဆိုမှုများရှိသဖြင့် ရောင်း ချသူများဘက်၌ အခက်အခဲရှိနေ ကြောင်း စတိုးဆိုင်ပိုင်ရှင်များက ဆိုသည်။
7 Day Daily

No comments:

Post a Comment