Sunday 12 April 2015

ကုန်တင်လှေ မီးလောင်မှုအား တပ်မတော်(ရေ)မှ ကူညီ ကယ်ဆယ်ပေး


ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၅ဝ ခန့်အကွာ၌ ဧပြီ ၁ဝ ရက် ညနေပိုင်းတွင် မီးသွေးအိတ်များ တင်ဆောင်ထားသည့် ကုန်တင်လှေတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းက သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးသည်။

ထိုသို့ ကူညီဆောင်ရွက် ပေးရာတွင် မီးလောင်လှေမှ လှေလုပ်သား ၁၉ ဦးလုံးအား ကယ်ဆယ် နိုင်ခဲ့ပြီး အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment