Sunday 12 April 2015

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းလုပ်ငန်းများဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ ဝင် များအား မိုင်းခွဲတိုက်ခိုက်၊ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နယ်၊ လုံခန်ကျေးရွာအနီး၊ (၁၀၅)မိုင်-ပန်ဆိုင်း(ကြူကုတ်)သွားကား လမ်းတွင် မူးယစ်တပ်ဖွဲ့ စု (၂၂) မူဆယ်၊ (၁၀၅)မိုင်လှုပ်ရှားအဖွဲ့ သည် ဧပြီလ ၁၁ ရက်နေ့ က မူးယစ် ဆေးဝါးတားဆီးနှိမ်နင်း ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ညနေပိုင်း ၄ နာရီခန့် တွင် လုပ်ငန်း နေရာ အနီး လမ်းဘေးမှ ဆွဲမိုင်းဟုယူဆရ သော မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ရဲအရာရှိ ၂ ဦးကျဆုံးကာ အခြားအဆင့် ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရ သည်။

မိုင်းပေါက်ကွဲမှုကြေင့် ရဲအုပ် စိုင်းကျော်မြင့်ထွန်းသည် ရင်ညွန့် ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ယာရင်အုံ ဖောက်ထွက် ဒဏ်ရာ ၂ ချက် ရရှိကာ ကျဆုံးခဲ့ပြီး ရဲအုပ် စိုးဝင်းနိုင်သည် ရင်ညွှန့် အောက် ဖောက်ထွက် ဒဏ်ရာ ၂ ချက်၊ ၀မ်း ဗိုက် ဖောက်ထွက်ဒဏ်ရာ ၂ ချက် ရရှိကာ ကျဆုံးခဲ့သည့်အပြင် ရဲတပ်ကြပ် ကြီး သန်းစိုးလင်း၊ ရဲတပ်ကြပ်ကြီး ကျော်မျိုး လွင်၊ ရဲတပ်ကြပ် ရှမ်းလုံ တို့ သည်လည်း ဒဏ်ရာ အသီးသီး ရရှိခဲ့သဖြင့် မူဆယ်ပြည်သူ့ ဆေးရုံကြီးသို့  တင်ပို့ ကုသ ပေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နေရာသည် မူးယစ်တပ်ဖွဲ့ ဝင်များ မကြာခဏ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာဖြစ်သည့်အတွက် အဆိုပါ နယ်မြေအတွင်း လှုပ်ရှားလျက်ရှိသည့် အကြမ်းဖက် သောင်းကျန်း သူအဖွဲ့ မှ မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်နိုင်သည်ဟု လုံခြုံရေးတပ်ဖွဲ့ အသိုင်းအ၀ိုင်းမှ ကြား သိရပြီး ဖြစ်စဉ်နေရာသို့  ခြေလျင် တပ်ရင်း (၄၁) မှ တပ်စိတ် ၁ စိတ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မူးယစ်တပ်ဖွဲ့ ဝင်များ သွားရောက်ရှင်းလင်းခဲ့ ကြောင်း သတင်းရရှိသည်။

Lashio News Diary

No comments:

Post a Comment