Monday 27 April 2015

ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားတည်ခဲ့သော ၀င်းစိန်တောရ ဆရာတော်ကြီး ပျံလွန်တော်မူ

ဝင်းစိန်တောရဆရာတော်ကြီး(FB.com/MudonWinSeinSayadaw) ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရား ဆင်းတုတော်ကြီး
မွန်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးကို ဦးစီးတည်ထားတော်မူခဲ့သည့် ၀င်းစိန်တောရ ဆရာတော် ကြီးသည် ဧပြီ ၂၆ရက် မွန်းလွဲ ၁နာရီခွဲခန့်က ဘ၀နတ်ထံ ပျံ လွန်တော်မူခဲ့သည်။


‘‘ဆရာတော်ကြီးက သက် တော်ကြီးလာတော့ လူကြီးရောဂါ ပေါ့။ သိပ်မကြာသေးခင်ကပဲ နှ လုံးသွေးကြော ကျဉ်းလို့ ထိုင်းမှာ ဆေးသွားကုရတယ်’’ဟု ဆရာတော်ကြီး၏ ဒကာတစ်ဦးကပြောသည်။ ၀င်းစိန်တောရမွန် ဆရာတော်  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ သဒ္ဒန္တကေသရသည် ဧပြီ ၂၅ ရက် နေ့လယ် ၃ နာရီခန့်တွင် နှလုံးအ မောဖောက်ကာ ရန်ကုန်သို့ပင့် ဆောင်ကုသခဲ့သော်လည်း ဧပြီ ၂၆ ရက်တွင် ပျံလွန်တော်မူခြင်း ဖြစ်ကြောင်း ဆရာတော်၏ဒကာ မုဒုံမြို့မှ ဦးနီကပြောသည်။

ဘ၀နတ်ထံပျံလွန်တော်မူ ချိန်တွင် ဆရာတော်ကြီးမှာ သက် တော် (၉၅)နှစ်၊ ၀ါတော် (၄၅)၀ါရှိပြီဖြစ်ပြီး ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

မုဒုံမြို့တွင်တည်ရှိသော ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးကို ဦးစီးတည်ထား တော်မူခဲ့သည့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကေသရ ၀င်းစိန်တောရ ဆရာတော်ကြီးအား ပြည်တွင်းမှ ဒါယကာများ အပြင် ထိုင်းနိုင်ငံမှ ပြည်သူအများ အပြားလည်း ကိုးကွယ်ကြသည်။

ဆရာတော်ကြီး၏ အန္တိမ ဈာပနပူဇာသဘင် မည်သည့်နေ့ ရက်တွင် ကျင်းပမည်ကို ပြော ကြားနိုင်ခြင်း ရှိသေးဘဲ မုဒုံမြို့သို့ ရုပ်ကလာပ်တော် ရောက်ရှိပြီးမှ သာလျှင်သိရှိနိုင်မည်ဖြစ်ကြောင်း ဆရာတော်ကြီး၏ ဒကာဦးသန်း စိန်ကပြောသည်။ 

‘‘ဟို (ရန်ကုန်)ကနေ ညနေ ၄ နာရီလောက်မှာ စထွက်လာတယ်။ ဒီကို ဦးကျော်သူနာရေး အသင်းက ကားနဲ့ပဲ ပြန်သယ်ယူ လာနေပါတယ်။ ဒီမှာ ဗျိုင်းနှစ် ကောင်မုခ်ဝမှာ ည ၉နာရီလောက်ကို စောင့်ကြိုဖို့ ပြောထားပါတယ်’’ ဟု ဦးနီကပြောသည်။

ဆရာတော်ကို ကိုးကွယ် သော ရပ်ဝေးရပ်နီးမှဒါယကာများ ဆရာတော်၏ ရုပ်ကလာပ်ကို ဖူး မြော်ရန် ကျောင်းဝင်းအတွင်းလာရောက် စောင့်မျှော် နေကြသည်။ ‘‘ကျွန်မတို့က သတင်းကြား လို့ လာစောင့်နေ ကြတာ။ မပြန်ဘူး ဆရာတော်ရောက်လာတဲ့အထိကို စောင့်မယ်’’ဟု မုဒုံမြို့မှ မမော်ကပြောသည်။

ဆရာတော်သည် အတောင် ၆၀၀ ပြည့်နှင့် အတောင် ၄၀၀ ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်း တော်မူ ဘုရားကြီး နှစ်ဆူအားတည် ဆောက်လျက်ရှိပြီး အတောင် ၄၀၀ ပြည့်ဘုရားကြီးမှာ ပြီးစီးခဲ့ပြီ ဖြစ်သော် လည်း အတောင် ၆၀၀ ပြည့် လျောင်းတော်မူဘုရားမှာ ၁၃၇၂ ကဆုန်လပြည့်နေ့တွင် ဌာပနာသွင်း အုတ်မြစ်ချကာ ဆောက်လုပ်နေဆဲ ဖြစ်သည်။ ဆရာတော်၏ သက်တော် (၉၄) နှစ်ပြည့် မွေးနေ့မင်္ဂလာကို ၂၀၁၅ ဇန်န၀ါရီ ၁၄ ရက်တွင် ကျင်းပပြု လုပ်ခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော် ခဲ့ကြသည်။ 

အတောင် ၄၀၀ ပြည့် ဇိန သုခရန်အောင်ချမ်းသာ ကမ္ဘာ့အ ကြီးဆုံး လျောင်းတော်မူဘုရားကြီး ကို ၁၉၉၂ ဇန်န၀ါရီ ၂၉ ရက်တွင် စတင်ဆောက်လုပ်ခဲ့သည်။ ကျွမ်းကျင်သော အင်ဂျင်နီယာမပါသော်လည်း ထိခိုက် ဒဏ်ရာ ရရှိမှုမရှိဘဲ တည်ဆောက်နိုင်ခဲ့သည်ဟု ဆရာတော်၏ မော်ကွန်းတိုက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ပျံလွန်တော် မူသွားသဖြင့် ရုပ်ကလာပ်တော် အား ဧပြီ ၂၆ ရက် ညနေ ၄ နာရီခွဲ ခန့်၌ မုဒုံမြို့သို့ ပြန်လည်သယ် ဆောင်သွားပြီဖြစ်သည်။ 

7Day DAILY

No comments:

Post a Comment