Monday 27 April 2015

ပွိုင့် ၂၂၀၂ တိုက်ပွဲ တပ်မတော်ဘက်မှ ကျဆုံး၊ ဒဏ်ရာရမှုများရှိနေကြောင်း တရားဝင်ထုတ်ပြန်

အစိုးရတပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နှင့် လက်တစ်ကမ်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူနှင့် ပျောက်ဆုံးသူအချို့ရှိခဲ့ကြောင်း တပ်မ တော်ပိုင်မြ၀တီသတင်းဌာနက ၂၆ ရက် ညတွင် သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ရာတွင် ကိုးကန့်သောင်းကျန်းသူများနေ ရာယူထားသည့် ပွိုင့် ၂၂၀၂ တောင်ကုန်းကို နယ်မြေအခက်အခဲ၊ ရာသီဥတုဆိုးရွားမှုများကြားမှ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး အရာရှိစစ်သည်အချို့ ကျဆုံးကာ အချို့ပျောက်ဆုံးနေပြီး ဒဏ်ရာရရှိမှုလည်းရှိခဲ့ကြောင်း ပါရှိသည်။ 

သို့ သော် ကျဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရ တပ်မတော်သားအရေအတွက်ကိုမူ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ ရန်သူဘက်မှ မြေအနေအထားအသာစီးရရှိထားပြီး ခံစစ်အဆင့်ဆင့်ပြု တိုက်ခိုက်နေကာ တပ်မတော် အနေဖြင့် ထိုးဖောက်တိုက်ခိုက်ရာတွင် တစ်ဖက်နိုင်ငံသို့ ကျည်များမကျရောက်အောင် ထိန်းသိမ်းရ၍ စစ်နည်းဗျူဟာ ကျင့်သုံးမှုအပိုင်းတွင် အကန့်အသတ်၊ အခက်အခဲများရှိနေကြောင်းလည်းပါရှိသည်။

7Day DAILY

No comments:

Post a Comment