Tuesday 21 April 2015

မြန်မာ့သဘာဝဓာတ်ငွေ့ တရုတ်လျှော့ဝယ်ယူ


တရုတ်နိုင်ငံက သဘာဝ ဓာတ်ငွေ့ဝယ်ယူမှုလျှော့ချခြင်း ကြောင့် ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ ခန့် လျှော့ချထုတ်လုပ် နေရကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံက ဓာတ်ငွေ့ သုံးစွဲမှုလျှော့ချခြင်းနှင့် ပြည်တွင်း၌ ဓာတ်ငွေ့ပိုလျှံနေခြင်းကြောင့် ဒေ၀ူးကုမ္ပဏီမှ ရွှေဂက်စ်လုပ် ကွက်တွင် ယခင် ကုဗပေသန်း ၅၀၀ ထုတ်နေရာမှ ယခုသန်း ၄၀၀ သာ လျှော့ချထုတ်လုပ်နေ ကြောင်း အကျိုးတူပူးပေါင်းလုပ် ဆောင်နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန် ကြားရေးမှူးဦးသန်းထွန်းက ပြော သည်။
‘‘ပြည်တွင်းက အပြည့်အ၀ မ၀ယ်ဘူး။ တရုတ်ကလည်းလျှော့ ဆိုတော့ ကုမ္ပဏီက၀င်ငွေထိခိုက် တာပေါ့။ သူထိခိုက်တော့ အကျိုး တူလုပ်တဲ့ MOGE ရော တခြား ကုမ္ပဏီတွေကိုပါ ထိခိုက်တယ်။ ဒီလိုမျိုးဖြစ်တာ ဒီတစ်ခုတည်း ဖြစ်တာပါ။ ထိုင်းဘက်ကို ရောင်း နေတာက ပုံမှန်ပဲ’’ ဟု ၎င်းက ဆက်လက် ပြောသည်။

ရွှေဂက်စ်လုပ်ကွက်သည် သဘာဝဓာတ်ငွေ့ကို ယခင်က ပြည်တွင်းမှကုဗပေသန်း ၁၀၀ ၀ယ် ယူနေရာမှ ယခုသန်း ၃၀ခန့်သာ ၀ယ်ယူပြီး တရုတ်ကလည်း ကုဗပေ သန်း ၄၀၀ ၀ယ်ယူနေရာမှသန်း ယခု ၃၇၀ ခန့်သာ ၀ယ်ယူနိုင်တော့သဖြင့် ဒေ၀ူးကုမ္ပဏီက  ကုဗပေသန်း  ၁၀၀ ခန့်လျှော့ထုတ်နေရကြောင်း ၎င်းကပြောသည်။

ပြည်တွင်းတွင် လျှပ်စစ် ဓာတ်အားအတွက် နွေရာသီ၌သဘာဝဓာတ်ငွေ့ဖြင့် ပေးသော် လည်း မိုးရာသီတွင် ရေအားလျှပ် စစ်ဖြင့် ပေးသောကြောင့် ဓာတ် ငွေ့သုံးစွဲမှု လျော့ကျခြင်း ဖြစ် သည်ဟု MOGE မှ ညွှန်ကြားရေး မှူးကပြောသည်။ ထို့အပြင်ကုန်း တွင်းကိုယ်ပိုင်လုပ်ကွက်များမှာ လည်း ပြည်တွင်းသုံးစွဲရန် ဓာတ် ငွေ့အလုံအလောက်ထုတ်လုပ် နိုင်လာသဖြင့် ကမ်းလွန်လုပ်ကွက် များထံမှ ရယူခြင်းကိုလျှော့ချခြင်း ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

တရုတ်သို့ ဓာတ်ငွေ့ပိုက် လိုင်းသွယ်တန်းပေးသည့်အရှေ့ တောင်အာရှဂက်စ်ပိုက်လိုင်းကုမ္ပ ဏီမှ တရုတ်သို့ရောင်းချနေသော ဓာတ်ငွေ့ လျော့ကျသွားခြင်းအ ကြောင်းအရာကို သေချာမသိ သေးကြောင်းနှင့် ၀ယ်ယူသည့်ကု မ္ပဏီနှင့်သာ သက်ဆိုင်ကြောင်း ယင်းကုမ္ပဏီ၏ လက်ထောက် ဆက်ဆံရေးအရာရှိ Sadi Li က ပြောသည်။

တရုတ်တင်ပို့မှုများလျှော့ချ ခဲ့သော်လည်း ထိုင်းနိုင်ငံသို့ဇော တိကလုပ်ကွက်မှ တင်ပို့မှုများ သည် ပုံမှန်ဖြစ်ကြောင်းနှင့်ဓာတ် ငွေ့အရည်အသွေး ပိုမိုကောင်းမွန်သောကြောင့် ၀ယ်ယူမှုပိုမိုမြင့်တက်လာကြောင်း ဦးသန်းထွန်းကပြောသည်။

ထို့အပြင် မုတ္တမပင်လယ် ကွေ့ရှိ ရတနာလုပ်ကွက်မှ ပြည် တွင်းအတွက် ကုဗပေ ၂၂၅ သန်းရောင်းချပေးရန် စီစဉ်ထား သော်လည်း သန်း ၁၇၀နှင့် ၁၈၀ ကြားသာ ၀ယ်ယူနိုင်သောကြောင့် အခြားဝယ်ယူမည့် ကုမ္ပဏီများ အား ရောင်းချနေရကြောင်း ဦးသန်းထွန်းက ပြောသည်။ ပြည်တွင်းသို့ ဓာတ်ငွေ့ရောင်းချပါက တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ခြောက်ဒေါ်လာပေးရကြောင်း ၎င်းကပြောသည်။

ရဲတံခွန် လုပ်ကွက်သည် ဓာတ်ငွေ့တူးဖော်မှု ၁၄ နှစ်ကြာ လာသောကြောင့် ဓာတ်ငွေ့ထုတ် လုပ်မှု လျော့နည်းခဲ့ပြီး မူလကုဗ ပေသန်း ၄၅၀ တွင် ယခုသန်း ၃၅၀ ခန့်သာ ထုတ်လုပ်နိုင်တော့ ကြောင်း၊ သို့သော် အခြားဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်များက ပိုမိုထုတ်လာသောကြောင့်ဓာတ် ငွေ့မှ ရငွေလျော့ကျမည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
7 day

No comments:

Post a Comment