Monday 20 April 2015

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် အိမ်ခြေ ၁၀ လုံးခန့် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် တွင် ဧပြီ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး အိမ်ခြေ ၁၀ လုံးခန့် လောင်ကျွမ်းခဲ့ကာ ဒဏ်ရာရသူများ ရှိခဲ့ပြီး အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးနှင့် ဒဏ်ရာရရှိသူ လူငယ်အမျိုးသား တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
"လမ်းကကျဉ်းတော့ မီးသတ်ကား လုံလုံလောက်လောက် ၀င်လို့မရခဲ့ဘူး။ ပြီးတော့ လေကလည်း တိုက်နေတယ်။ ရပ်ကွက်ထဲမှာက ထရံကာအိမ်တွေများတော့ လောင်စာလိုဖြစ်နေပြီး မီးကပိုကြီးသွားတယ်။ ဘေးပတ်ဝန်းကျင်ကလူတွေ၊ သံဃာတော်တွေ ၀ိုင်းဝန်းပြီး ငြှိမ်းသတ်ခဲ့ကြပါတယ်" ဟု မီးလောင်မှု ဖြစ်ပွားသည့်နေရာတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ မွန်းလွဲ ၃ နာရီခန့်တွင် မီးငြှိမ်းသွားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment