Sunday 8 February 2015

(၇)မှတ်အသာစီးရထားတယ်ဆိုတာ ဘာမှမဟုတ်သေးဘူး (မော်ရင်ဟို)



ယမန်နေ့က ချဲလ်ဆီးအသင်းသည် အက်စတန်ဗီလာ အသင်းကို အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းက ဟာလ်းစီးတီး အသင်းကို သရေ ကျသွားခဲ့တာ ကြောင့် အမှတ်ကွာဟမှု (၇)မှတ်ထိရှိသွား ခဲ့သည်။ ထိုမျှ အထိ ကွာဟ သွားသော် လည်း စပယ်ရှယ်ဝမ်း,က ထို(၇)မှတ်သည် ဘာမျှ မဟုတ်ကြောင်းနှင့် အချိန် မရွေးအပြောင်း အလဲ ဖြစ်သွားနိုင်ကြောင်း ဆိုလိုက်သည်။
“အခြားလိဒ်တွေမှာဆိုရင် ဒီကွာဟမှုဟာ ပြောင်မြောက်မှု တစ်ခုဖြစ်နေ လိမ့်မယ်၊ ဒီမှာတော့ (၇)မှတ်ဟာ ဘာမှ မဟုတ်ဘူး”

“ပွဲတိုင်းက ခတ်ခဲမှုတွေရှိတယ်။ ဘာမဆိုဖြစ်သွားနိုင်တယ်။ (၇)မှတ်ဆိုတဲ့ အဓိပ္ပယ်က (၇)မှတ်ဆိုတဲ့ စကားလုံးသာဖြစ်လိမ့်မယ်။ သေချာတာကတော့ (၁၄)ပွဲခင်ဗျား ကစားရဦးမယ်။ အဲ့ဒီအတွက် ကျန်ရှိနေတဲ့ (၄၂)မှတ် အကြောင်းပဲ စကားထဲ ထည့်ပြောရလိမ့်မယ်။ ကျွန်တော်တို့ (၇)မှတ်အသာ နဲ့ ဦးဆောင်နေတယ် အိုခေ၊ ဒါပေမယ့်အဲ့ဒါဟာ ဘာမှ မဟုတ်သေးဘူး”
“ခင်ဗျားအနေနဲ့ ဇယားထိပ်မှာသာ ဦးဆောင်နိုင်အောင်လုပ်ပါ၊ အခြား အသင်းတွေ အမှတ်ဆုံးရှုံးတာ မရှုံးတာကို ကြည့်စရာ မလိုပါဘူး၊ သူတို့ အမှတ် ရှုံးရင်တော့ ပိုကောင်းတာပေါ့ဗျာ ဒါပေမယ့် ကို့ကိုယ်တိုင် အားစိုက်နေရမယ်လို့ ပြောချင်တာပါ။ နောက်ပွဲနိုင်ရင် (၇)မှတ်နဲ့ ဦးဆောင် နိုင်ဦးမယ် ပွဲကျန် (၁၃)ပွဲပဲ ကျန်တော့တယ် ဒါပါပဲ” ဟု ပွဲအပြီးတွင် ပြောဆိုသွားသည်။
မောရစ်

No comments:

Post a Comment