Sunday 8 February 2015

ပညာရေးမှအပ အခြားလှုပ်ရှားမှုများ ဆောင်ရွက်မည်မဟုတ်ဟု ကျောင်းသား ခေါင်းဆောင်များပြော



အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ကျောင်းသား များ လမ်းလျှောက်သပိတ်မှောက် ဆန္ဒပြနေခြင်းသည် ပညာရေး တိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး အ ခြားလှုပ်ရှားမှုများကို လုံးဝဆောင် ရွက်သွားမည်မဟုတ်ကြောင်း ဒီမို ကရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီက ပြောသည်။
ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တို့ ပူးပေါင်းကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခု ကဲ့သို့ သတင်းမီဒီယာများအား ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အကြောင်းပြ၍ ဆူပူ မှုဖြစ်စေရန် နောက်ကွယ်မှ ကြိုး ကိုင်နေသူများနှင့် အားပေးအား မြှောက်ပြုနေသော နိုင်ငံရေးအ ဖွဲ့အစည်းအချို့ ရှိနေကြောင်း အ စိုးရ၏ ထုတ်ပြန်ကြေညာမှုအပေါ် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ငြင်းဆို ကန့်ကွက်လိုက်သည်။
ရန်ကုန်မြို့သို့ ချီတက်လာ သော ကျောင်းသားသပိတ်စစ် ကြောင်းများတွင်
အလုပ်သမားများ၊ လယ်သမားများနှင့် သံဃာတော်များ၏ ပူးပေါင်းဝန်းရံမှုများကို ဖိတ်ခေါ်ကြိုဆိုသော်လည်း ပညာရေးတိုက်ပွဲ ဖော်ဆောင်ရန်သာ ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုဇေယျာလွင်က ပြောသည်။

‘‘ကျွန်တော်တို့ တစ်ခုပြော ချင်တာက ကြိုက်တဲ့သူ ကြိုက်သ လိုပေါင်းပါ။ လောလောဆယ် ဘုန်းကြီးတွေလည်း ပူးပေါင်းမှုရှိ နေပါတယ်။ သို့ပေမဲ့ ကျွန်တော်တို့ ပညာရေးခေါင်းစဉ်အောက်က သွားတဲ့အတွက်ကြောင့် တခြားမည်သည့် လှုပ်ရှားမှုပုံစံကို လုံးဝသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမိုကရေစီလှုပ်ရှားမှု ဦးဆောင်ကော်မတီ ၁၅ ဦးကို ကျောင်းသားထုက ပေးထားတဲ့ ပုံသဏ္ဌာန်သည် ပညာရေးတိုက်ပွဲကို ဖော်ဆောင်ဖို့ ဖြစ်တယ်။ အဲဒီအတွက် တစ်နိုင်ငံလုံးက လူထုတွေ ၀န်းရံပါ။ လက်ခံပါတယ်။ အလုပ်သမားတွေ ၀န်းရံပါ။ ကျွန်တော်တို့ လက်ခံပါတယ်။ သို့ပေမဲ့ ပညာရေးတိုက်ပွဲက ရှောင်ဖယ်လာရင်တော့ ကျွန်တော်တို့အားလုံး ပြန်တိုက်ပွဲဝင်မယ့် ကိစ္စပါ’’ ဟု ကိုဇေယျာလွင်က ပြောသည်။
ခေတ်အဆက်ဆက် အစိုးရ များသည် ကျောင်းသားများကိုနောက်ကွယ်မှ ကြိုးကိုင်မှုရှိသည် ဆိုသော အကြောင်းပြချက်ဖြင့် နှိမ်နင်းမှုများရှိခဲ့သောကြောင့် ယခု ကျောင်းသားသပိတ်အပေါ် အစိုး ရ၏ ကိုင်တွယ်ဖြေရှင်းမှုသည် တိုင်းပြည်၏ အနာဂတ်ဖြစ်လာ မည်ဖြစ်ကြောင်း သပိတ်ကျောင်း သားခေါင်းဆောင် ကိုနန္ဒစစ်အောင်က ဆိုသည်။
မကြာမီကျင်းပပြုလုပ်တော့ မည့် အခြေခံနှင့် အဆင့်မြင့် ပညာ စာမေးပွဲများနှင့်ပတ်သက်၍ သ ပိတ်မှောက်ဆန္ဒပြပွဲများတွင် ပါ ၀င်လမ်းလျှောက်နေသော ကျောင်းသားများအား တားဆီး မည်မဟုတ်သလို တိုက်တွန်းမှုလည်း ပြုလုပ်မည်မဟုတ်ဘဲ ၎င်းတို့ ဆန္ဒအတိုင်း ဆုံးဖြတ်စေမည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီက ဆိုသည်။
ပညာရေးလေးပွင့်ဆိုင် ဆွေး နွေးပွဲ ဖေဖော်ဝါ ရီ ၁၂ ရက်နောက်ပိုင်းတွင် ပြန်လည်တွေ့ဆုံနိုင်ရန် NNER နှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တို့ ဖေဖော်ဝါရီ ၉ ရက်တွင် ပညာရေးဝန်ကြီးဌာန နှင့် ကြိုတင်ညှိနှိုင်းမှု ပြုလုပ်ကြ မည်ဖြစ်သည်။
သတင်းမီဒီယာများအနေ ဖြင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အဖွင့်စကားပြောချိန် ၀င်ရောက် ခွင့်ပြုရန် အစိုးရဘက်က တောင်း ဆိုထားပြီး NNER နှင့် သပိတ် မှောက်ကျောင်းသားခေါင်းဆောင်များက မီဒီယာများနှင့် လေ့လာသူများကို ဆွေးနွေးပွဲတွင် အချိန်ပြည့်ဝင်ရောက်ခွင့်ပြုရန် ဆန္ဒရှိနေသည်။ ‘‘ပွင့်လင်းမြင်သာမှုရှိတဲ့ ဆွေးနွေးပွဲအနေနဲ့ မီဒီယာတွေရဲ့ ရှေ့မှောက်မှာ၊ လေ့လာသူတွေရဲ့ ရှေ့မှာ ဆွေးနွေးတာမျိုး ဖြစ်ချင် တယ်’’ ဟု NNER မှ ဒေါက်တာ သိန်းလွင်က ပြောသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

No comments:

Post a Comment