Sunday 8 February 2015

ကျောင်းသားစစ်စစ်များကို ယခုအချိန်ထိ အရေးယူရန် မရှိသော်လည်း ကြိုးကိုင်သူ၊ အားပေး အားမြှောက်လုပ်သော အဖွဲ့အစည်းများကို စောင့်ကြည့်ဖော်ထုတ်မည်ဟု ပြည်ထဲရေးဝန်ကြီးပြော



ဒေသအသီးသီးမှ ရန် ကုန်မြို့သို့ ဦးတည်ချီတက်လာ သော ကျောင်းသားသပိတ်စစ် ကြောင်းများတွင် ပါဝင်သည့် ကျောင်းသားစစ်စစ်များကို ယခု အချိန်အထိ တရားဥပဒေအရ အ ရေးယူရန်မရှိသော်လည်း နောက် ကွယ်မှကြိုးကိုင်လှုပ်ရှားသူများ၊ အားပေးအားမြှောက်ပြုသူများကို စောင့်ကြည့်ဖော်ထုတ်မည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ကိုကိုက ပြောကြား လိုက်သည်။
‘‘ဆန္ဒထုတ်ဖော်နေတဲ့အထဲ မှာ အသက်အရွယ်ကြီးသူတွေ၊ ကျောင်းသားမဟုတ်သူတွေ၊ အိမ် ထောင်သည်တွေတောင် ပါဝင် နေတာ တွေ့ရပါတယ်။ တိုင်း ပြည် မတည်မငြိမ်ဖြစ်ပေါ်အာင်နောက်ကွယ်က ကြိုးကိုင်လှုပ်ရှား သူတွေ၊ အားပေးအားမြှောက်ပြု နေကြတဲ့သူတွေကို ဆက်လက် စောင့်ကြည့်ဖော်ထုတ်မှာ ဖြစ်ပါ တယ်’’ ဟု ၎င်းက ပြောသည်။
ယခုလ ၇ ရက်တွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ် လွှင့်ခဲ့သည့် အင်တာဗျူးအစီအ စဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

ထို့ပြင် ကျောင်းသားသပိတ် စစ်ကြောင်းအနေဖြင့် မြင်းခြံဒီဂရီ ကောလိပ်သို့ ရောက်ရှိစဉ် နိုင်ငံ တော်အလံဖြုတ်ချမှုသည် မင်းမဲ့ စရိုက်ဆန်ဆန် လုပ်ရပ်မျိုးဖြစ်သ ဖြင့် ဥပဒေအရ မျက်ကွယ်ပြုမည် မဟုတ်ကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု တိယဗိုလ်ချုပ်ကြီး ကိုကိုက ပြော သည်။
‘‘နိုင်ငံတော်အလံဖြုတ်ချပြီး တော့ ဥပဒေမဲ့လုပ်ဆောင်တာ တွေ တွေ့ရလို့ မင်းမဲ့စရိုက်ဆန် ဆန် ဒီလိုလုပ်ရပ်မျိုးကိုတော့ ဥပဒေက မျက်ကွယ်ပြုလို့ မရဘူး’’ ဟု ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ် သက်၍လည်း မြင်းခြံရဲစခန်းမှ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့် အမှုဖွင့်ထားသည်။
သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများသည် မန္တလေး- ရန်ကုန် ခရီးရှည်သပိတ်မှောက် ခြေလျင်ချီတက်မှုကို မန္တလေးမြို့မှ ဇန်န၀ါရီ ၂၀ ရက်တွင် စတင်ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။
7Day Daily

No comments:

Post a Comment