Sunday 8 February 2015

ပစ္စတိုသေနတ်တွေ ကိုင်လာတဲ့ အမျိုးသားသုံးယောက်ဆီက တရားမဝင် ယာဉ်တွေပါ ဖမ်းမိ


သထုံမြို့ သိမ်ဆိပ်-ဝီယော် ကားလမ်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၂ နာရီခွဲက ကရင်ဘက်ကနေ မောင်းလာတဲ့ မော်တော်ယာဉ် သုံးစီးကို တားဆီးစစ်ဆေးတဲ့အခါ ပစ္စတိုသေနတ် တစ်လက်၊ ကျည်ခုနစ်တောင့်နဲ့ အတူ မောင်းနှင်လာတဲ့ ယာဉ်တွေဟာ လိုင်စင်မဲ့ယာဉ်တွေ ဖြစ်နေတာကြောင့် ဖမ်းဆီး အရေးယူထားတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဆီကနေ သိရပါတယ်။
အမျိုးသားသုံးဦး မောင်းလာတဲ့ အဲဒီ ကားသုံးစီးမှာ တရားဝင်ယာဉ် ပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ဘဲ လှိုင်းဘွဲ့မြို့မှာ နေတဲ့ အသက် ၃၃ နှစ်အရွယ် ဦးစောဖိုးလပြည့်ရဲ့ လွယ်အိတ်ထဲက Nita စာတန်းပါ သေနတ်အိတ်ထဲမှ TA & MS MIAM FL စာတန်းပါ 9MM ပစ္စတိုသေနတ်တစ်လက်၊ AP 13 9MM Luger စာတန်းပါ ကျည်ခုနစ်တောင့်ကိုပါ သိမ်းဆည်းရခဲ့တယ်လို့ သထုံမြို့မ ရဲစခန်းက အရာရှိတစ်ဦးက ပြောပါတယ်။

“ကနဦးစစ်ဆေးချက်အရ သူတို့ သုံးယောက်က လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ မပတ်သက်ဘူး ဆိုတာ သိထားရတယ်။ လိုင်စင်မဲ့ကားတွေ အရောင်းအဝယ် လုပ်ကိုင် နေသူတွေလို့ သိရလို့ သူတို့ တရားမဝင် ဝယ်ရောင်းလုပ်ခဲ့တဲ့ မော်တော်ယာဉ်တွေကို စုံစမ်းဖော်ထုတ်သွားဖို စစ်ဆေးနေတယ်” လို့ သထုံမြို့နယ် သစ်ဆိပ်နယ်မြေ ရဲစခန်းက အရာရှိက ရှင်းပြတယ်။
အဲဒီ လိုင်စင်မဲ့ ယာဉ်တွေနဲ့ ပစ္စတိုသေနတ် အပါအဝင် ကျည်ဆံတွေ ဖမ်းရမှုမှာ ဦးစောဖိုးလပြည့်၊ ဦးစောမြင့်စိန်းနဲ့ ဦးသိန်းနိုင်ဦးတို့ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)၊ လက်နက် အက်ဥပဒေပုဒ်မ ၁၉(စ) တို့နဲ့ သစ်ဆိပ်နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ဆီကနေ သိရပါတယ်။
The voice

No comments:

Post a Comment