Sunday 8 February 2015

ဧရာဝတီရဲ့သမီးပျို ချောစုစံ အိမ်ပြန်ပြီ





ဧရာဝတီပညာရေးစစ်ကြောင်း သပိတ်ရဲ့ အလံကိုင်၊ အထက ၁ ပုသိမ်ရဲ့ ဆယ်တန်းကျောင်းသူ ချောစုစံတစ်ယောက် သပိတ်စစ်ကြောင်း ၆ရက်မြောက်တဲ့နေ့မှာတော့ မအူပင်မြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးနဲ့ မိဘနှစ်ပါးရှေ့မှာ စာမေးပွဲနီးလာလို့ အိမ်ပြန်ဖို့ ဖေဖော်ဝါရီ ၈ရက်နေ့မှာ တရားဝင်ပြန်အပ်လိုက်ပါတယ်။

မိဘတွေက ဆယ်တန်းစာမေးပွဲဖြေစေချင်တာကြောင့် စာမေးပွဲပြီးမှ သပိတ်မှာပြန်ပါဝင်ဖို့နှစ်သိမ့်ခဲ့ပြီး မိဘနဲ့ဆရာတွေဆီ ကျောင်းသားသပိတ်က အပ်ခဲ့တာဖြစ်ပါတယ်။ ပုသိမ်ကနေ မအူပင်အထိ သပိတ်စစ်ကြောင်းမှာ ပါဝင်ဝန်းရံပေးတဲ့ ချောစုစံရဲ့ဖခင် ဦးအောင်ကျော်သူက သပိတ်က တောင်းဆိုတဲ့ အလယ်တန်းအခမဲ့ပညာရေးစနစ်ကို သဘောကျပြီး မြန်မာပြည်ပညာရေးစနစ်ကို မြင့်စေချင်တဲ့စိတ်နဲ့ သမီးဖြစ်သူ သပိတ်နောက်လိုက်ပါခဲ့တာကို သူနားလည်တဲ့အကြောင်း၊ ဒါ့ကြောင့် သမီးကိုစောင့်ရှောက်ဖို့ သပိတ်နဲ့အတူ လိုက်ပါခဲ့သူပါ။ ဆရာတွေကလည်း စာမေးပွဲနီးလာလို့ ကျောင်းကုန်းထိပဲ လိုက်စေခဲ့ရာက မအူပင်ထိ ပါလာတာပါလို့ ဆိုပါတယ်။
ကျောင်းသူတစ်ယောက်အဖြစ် ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးတောင်းဆိုချက်ကို ရပ်တည်တာ ကိုယ့်ကိုကိုယ် မှန်ကန်တယ်လို့ အခိုင်အမာယူဆတယ်လို့ ချောစုစံက ပြောပါတယ်။ ကျောင်းသားတွေဦးဆောင်တဲ့ သပိတ်ကိုထားပြီး လှည့်မပြန်ချင်ဘူးလို့ ဧရာဝတီစစ်ကြောင်းရဲ့ အသက်အငယ်ဆုံး ကျောင်းသူ ချောစုစံက ပြောပြပါတယ်။
(ဓာတ်ပုံ - ကောင်းခန့်/ကမာရွတ်မီဒီယာ)

No comments:

Post a Comment