Sunday 2 March 2014

အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေး တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုအစည်းအဝေးတွင် ဆွေးနွေး

Photo: အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေး တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုအစည်းအဝေးတွင် ဆွေးနွေး
Sunday, March 2, 2014

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲကို မတ် ၁ ရက် က နေပြည်တော်ရှိ Royal Kumudra Hotel တွင် ကျင်းပလျက်ရှိရာ ဘင်းမ်စတက်နိုင်ငံများအကြား အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ထူထောင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲနှင့် ၁၆ ကြိမ်မြောက် အဆင့်မြင့်အရာရှိများအစည်းအဝေးကို မတ် ၁ ရက်နှင့် ၂ရက်တွင် နေပြည်တော်ရှိ Royal Kumudra Hotel ၌ ကျင်းပသွားမည်ဖြစ်ပြီး ၁၄ ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲနှင့် တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအကြို ဆွေးနွေးပွဲတွင် ဘင်းမ်စတက်နိုင်ငံများအကြား Permanent Secretariat ထူထောင်ရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကာ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲတို့ကို မတ် ၃ရက်နှင့် ၄ရက်တွင် နေပြည်တော်ရှိ Myanmar International Convention Center- MICC တို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မတ်၁ ရက် ပထမနေ့တွင်မူ တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများအတွက် Royal Kumudra Hotel ၌ အကြိုဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါဆွေးနွေးပွဲတို့တွင် ဘင်းမ်စတက်နိုင်ငံများအကြား Permanent Secretariat ထူထောင်ရေးနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ ရေးထိုးရေး၊ ရာသီဥတုနှင့် ဘင်းမ်စတက်နိုင်ငံများ၏ ရာသီဥတုနှင့်ပတ်သက်သည့် စင်တာတစ်ခု ပေါ်ပေါက်လာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဘင်းမ်စတက်နိုင်ငံများ အချင်းချင်း ယဉ်ကျေးမှု အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး (Cultural Industries Commission (BICI)) နှင့် အဆိုပါကော်မရှင်အား စောင့်ကြည့်သည့် BCIO အဖွဲ့ ဖွဲ့စည်းရေးတို့ကို ဆွေးနွေးကြမည့်ဖြစ်ပြီး BIMSTEC Working Group-BWG ကို အဆင့်မြှင့်တင်သည့် အစီအစဉ်များနှင့် ဘင်းမ်စတက်နိုင်ငံများအကြား ပထမဆုံးဦးဆုံးအကြိမ် အထွေထွေအတွင်းရေးမှူးအား ခန့်အပ်နိုင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့ဆွေးနွေးပွဲတွင်မူ ပထမနေ့တွင် ဆွေးနွေးခဲ့သည့် Agenda များအား အတည်ပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် တတိယနေ့တွင် သက်ဆိုင်ရာနိုင်ငံများအလိုက် ကြေညာချက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုကျင်းပနေသည့် တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲတွင် ကုန်သွယ်ရေးကိစ္စများသည် အဓိကဦးစားပေး ဆွေးနွးမည့်အကြောင်းအရာများ ဖြစ်လာမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာတို့အကြား ဆက်သွယ်မည့် BCIM Economic Corridor နှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။

Eleven Media Group22

နေပြည်တော်တွင် မတ် ၁ရက်က ပြုလုပ်သည့် ဘင်းမ် စတက် ထိပ်သီးအကြို အစည်းအဝေးကို တွေ့ရစဉ်
နေပြည်တော်တွင် မတ် ၁ရက်က ပြုလုပ်သည့် ဘင်းမ် စတက် ထိပ်သီးအကြို အစည်းအဝေးကို တွေ့ရစဉ်

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲကို မတ် ၁ ရက် က နေပြည်တော်ရှိ Royal Kumudra Hotel တွင် ကျင်းပလျက်ရှိရာ ဘင်းမ်စတက်နိုင်ငံများအကြား အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ထူထောင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲနှင့် ၁၆ ကြိမ်မြောက် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို မတ် ၁ ရက်နှင့် ၂ရက်တွင် နေပြည်တော်ရှိ Royal Kumudra Hotel ၌ ကျင်းပသွား မည်ဖြစ်ပြီး ၁၄ ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲနှင့် တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအကြို ဆွေးနွေးပွဲတွင် ဘင်းမ်စတက်နိုင်ငံများအကြား Permanent Secretariat ထူထောင်ရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကာ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲတို့ကို မတ် ၃ရက်နှင့် ၄ရက်တွင် နေပြည်တော်ရှိ Myanmar International Convention Center- MICC တို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မတ်၁ ရက် ပထမနေ့တွင်မူ တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေး ပွဲများအတွက် Royal Kumudra Hotel ၌ အကြိုဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါဆွေးနွေးပွဲတို့တွင် ဘင်းမ်စတက်နိုင်ငံများအကြား Permanent Secretariat ထူထောင်ရေးနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ ရေးထိုးရေး၊ ရာသီဥတုနှင့် ဘင်းမ်စတက်နိုင်ငံများ၏ ရာသီဥတုနှင့်ပတ်သက်သည့် စင်တာတစ်ခု ပေါ်ပေါက်လာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဘင်းမ်စတက်နိုင်ငံများ အချင်းချင်း ယဉ်ကျေးမှု အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး (Cultural Industries Commission (BICI)) နှင့် အဆိုပါကော်မရှင်အား စောင့်ကြည့်သည့် BCIO အဖွဲ့ ဖွဲ့စည်းရေးတို့ကို ဆွေးနွေးကြမည့်ဖြစ်ပြီး BIMSTEC Working Group-BWG ကို အဆင့်မြှင့်တင်သည့် အစီအစဉ်များနှင့် ဘင်းမ်စတက်နိုင်ငံများအကြား ပထမဆုံးဦးဆုံးအကြိမ် အထွေထွေအတွင်းရေးမှူးအား ခန့်အပ်နိုင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့ဆွေးနွေးပွဲတွင်မူ ပထမနေ့တွင် ဆွေးနွေးခဲ့သည့် Agenda များအား အတည်ပြု ဆွေးနွေးသွား မည်ဖြစ်ကြောင်းနှင့် တတိယနေ့တွင် သက်ဆိုင်ရာနိုင်ငံများအလိုက် ကြေညာချက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုကျင်းပနေသည့် တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲတွင် ကုန်သွယ်ရေးကိစ္စများသည် အဓိကဦးစားပေး ဆွေးနွးမည့်အကြောင်းအရာများ ဖြစ်လာမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာတို့အကြား ဆက်သွယ်မည့် BCIM Economic Corridor နှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment